ပန္းကန္ေဆးသည့္ေနရာက လူသတ္သမား “စတီးေခြ” အေၾကာင္း

Zawgyi

လြန္ခဲ့တဲ့ေျခာက္ႏွစ္ေလာက္က ကြၽန္ေတာ့္မိတ္ေဆြတစ္ေယာက္နဲ႔ ဆုံျဖစ္ပါတယ္။ အိပ္ယာထဲက မထႏိုင္သလို အစားအေသာက္ပါ မစားႏိုင္တဲ့အတြက္ လူတစ္ကိုယ္လုံးက အ႐ိုးေပၚ အေရတင္ေနပါၿပီ။

သူခံစားေနရတဲ့ေဝဒနာကို ေမးၾကည့္ေတာ့ ခ်က္နားကစူးေအာင့္ၿပီး နာေနသလို ဝမ္းလဲခ်ဳပ္ေနပါတယ္။ ေဆးခန္းျပေတာ့လဲ ပိုးသတ္ေဆးနဲ႔ အကိုက္အခဲေပ်ာက္ေဆးေတြပဲ ေပးသတဲ့။

ျဖစ္ႏိုင္ေျခကို ကြၽန္ေတာ္စဥ္းစားၾကည့္ပါတယ္။ အစာအိမ္မွာအနာရွိသလား။ အူေခါက္သလား အူကင္ဆာလားေပါ့။ စိတ္ထဲမွာ မသကၤာလာတာနဲ႔ ေမေမ့တပည့္ ခြဲစိတ္ဆရာဝန္ႀကီးဆီကို အႀကံဉာဏ္ ေတာင္းခံခဲ့ပါတယ္။

ဆရာဝန္ႀကီးက လူနာကို ခ်က္ခ်င္း ေဆး႐ုံႀကီးကို ေခၚလာဖို႔နဲ႔ သူကိုယ္တိုင္လာၾကည့္မယ္လို႔ ေျပာပါတယ္။ ဓါတ္မွန္႐ိုက္ေတာ့လဲ ဘာမွမေပၚပါဘူး ဆရာဝန္ေတြေခါင္းစားရတဲ့ ျပသနာပါ။

Operation လုပ္ဖို႔ကလဲ ေရာဂါအတိအက် မသိရတဲ့အတြက္ လုပ္ဖို႔မလြယ္ပါ။ အတိုခ်ဳံ႕ေျပာရရင္ေတာ့ လူနာဟာ ေျခာက္လအၾကာမွာ ဆုံးပါးသြားပါတယ္။ ဗိုက္ႀကီးတစ္ခုလုံး ပုပ္ေနပါၿပီ။

အူမႀကီးကို အေသအခ်ာ စစ္ေဆးေတာ့မွ အူနံရံမွာစိုက္ဝင္ေနတဲ့ Steel စေလးကို ေတြ႕ရပါတယ္။ အဲဒီ Steel စေလးက ပန္းကန္ေတြေဆးရာမွာ အသုံးျပဳတဲ့ Steel Wool အစေလးပါ။

အခန႔္မသင့္ရင္ အသက္တစ္ေခ်ာင္း ဆုံးရႈံးတတ္တာေၾကာင့္ Steel Wool ကို မသုံးေစခ်င္ပါဘူးခင္ဗ်ာ။

Unicode

လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ကျွန်တော့်မိတ်ဆွေတစ်ယောက်နဲ့ ဆုံဖြစ်ပါတယ်။ အိပ်ယာထဲက မထနိုင်သလို အစားအသောက်ပါ မစားနိုင်တဲ့အတွက် လူတစ်ကိုယ်လုံးက အရိုးပေါ် အရေတင်နေပါပြီ။

သူခံစားနေရတဲ့ဝေဒနာကို မေးကြည့်တော့ ချက်နားကစူးအောင့်ပြီး နာနေသလို ဝမ်းလဲချုပ်နေပါတယ်။ ဆေးခန်းပြတော့လဲ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေပဲ ပေးသတဲ့။

ဖြစ်နိုင်ခြေကို ကျွန်တော်စဉ်းစားကြည့်ပါတယ်။ အစာအိမ်မှာအနာရှိသလား။ အူခေါက်သလား အူကင်ဆာလားပေါ့။ စိတ်ထဲမှာ မသင်္ကာလာတာနဲ့ မေမေ့တပည့် ခွဲစိတ်ဆရာဝန်ကြီးဆီကို အကြံဉာဏ် တောင်းခံခဲ့ပါတယ်။

ဆရာဝန်ကြီးက လူနာကို ချက်ချင်း ဆေးရုံကြီးကို ခေါ်လာဖို့နဲ့ သူကိုယ်တိုင်လာကြည့်မယ်လို့ ပြောပါတယ်။ ဓါတ်မှန်ရိုက်တော့လဲ ဘာမှမပေါ်ပါဘူး ဆရာဝန်တွေခေါင်းစားရတဲ့ ပြသနာပါ။

Operation လုပ်ဖို့ကလဲ ရောဂါအတိအကျ မသိရတဲ့အတွက် လုပ်ဖို့မလွယ်ပါ။ အတိုချုံ့ပြောရရင်တော့ လူနာဟာ ခြောက်လအကြာမှာ ဆုံးပါးသွားပါတယ်။ ဗိုက်ကြီးတစ်ခုလုံး ပုပ်နေပါပြီ။

အူမကြီးကို အသေအချာ စစ်ဆေးတော့မှ အူနံရံမှာစိုက်ဝင်နေတဲ့ Steel စလေးကို တွေ့ရပါတယ်။ အဲဒီ Steel စလေးက ပန်းကန်တွေဆေးရာမှာ အသုံးပြုတဲ့ Steel Wool အစလေးပါ။

အခန့်မသင့်ရင် အသက်တစ်ချောင်း ဆုံးရှုံးတတ်တာကြောင့် Steel Wool ကို မသုံးစေချင်ပါဘူးခင်ဗျာ။