“ျမန္မာ ျပည္မွာ ေရာင္းေနတဲ႔ ငွက္သိုက္အတုေတြ ခ်က္ခ်င္းျပန္သိမ္းပါ” ဆိုျပီး ေဖ့ဘြတ္မွာ တင္သူကို Brand’s Myanmar က အေရးယူေတာ့မည္

Zawgyi

ဘရင္းခ်စ္သူမ်ားအားလုံး မဂၤလာပါရွင့္..

ယခုျဖစ္ပြားေနေသာ ဘရင္းျမန္မာ၏ ငွက္သိုက္ပုံႏွင့္တကြ ထိုင္းမွတင္သြင္းေသာ ငွက္သိုက္မ်ားသည္ ငွက္သိုက္ အတုျဖစ္ေၾကာင္း ပုံပါ စာမ်ားအား အမ်ားျပည္သူမ်ား Share ၿပီးစိတ္ပူေနသည့္အတြက္ ဘရင္းျမန္မာမွ ေျဖရွင္းခ်က္ထုတ္ျပန္ပါသည္။

ေဈးကြက္ထဲတြင္ ျဖန႔္ျဖဴးေနေသာ ငွက္သိုက္မ်ားတြင္ အတုမ်ားရွိနိုင္ေသာ္လည္း ဘရင္း၏ ထုတ္ကုန္ ပစၥည္းမ်ားသည္ စကၤာပူ ၊ မေလးရွား ၊ ဗီယက္နမ္ ၊ ထိုင္းနိုင္ငံႏွင့္ ျမန္မာနိုင္ငံအပါအဝင္ ကမာၻတဝွမ္းမွ အစားအေသာက္ႏွင့္ ေဆးဝါးေထာက္ခံခ်က္(FDA) ႏွင့္ အရည္အေသြးစစ္မွန္ေၾကာင္း အသိအမွတ္ျပဳလက္မွတ္ေပါင္းမ်ားစြာ ရရွိထားေသာ ငွက္သိုက္အစစ္ျဖစ္ၿပီး စားသုံးသူမ်ားအား ေဘးဥပဒ္ ျဖစ္ေစေသာဓာတုေဆးဝါးမ်ား လုံးဝ မပါဝင္ေၾကာင္း ဦးစြာပထမ အသိေပးလိုပါသည္။

ငွက္သိုက္အတုပါဝင္သည္ဟု ေရးသားထားေသာသတင္းတြင္ပါရွိေသာ ပုံတြင္ ငွက္သိုက္၏ ပုလင္းအဖုံးမွာေ႐ႊေရာင္ျဖစ္ၿပီး ဘရင္းငွက္သိုက္ပုလင္း၏အဖုံးမွာ အနီေရာင္ ျဖစ္ပါသည္။

ဘရင္းမွေ႐ႊေရာင္အဖုံးႏွင့္ ငွက္သိုက္အားေဈးကြက္ထဲတြင္မည္သည့္အခါမွ် မျဖန႔္ျဖဴးခဲ့ေၾကာင္းႏွင့္ ယခု Post ပိုင္ရွင္မွ ဘရင္းငွက္သိုက္ ပုလင္း၏ပုံ အစစ္ႏွင့္တကြ စားသုံးသူ ထင္ေယာင္ထင္မွားျဖစ္ေစရန္ ရည္႐ြယ္ေရးသားထားသည္ကိုေတြ႕ရွိရပါသည္။

ဘရင္း၏ ထုတ္ကုန္ပစၥည္းမ်ားသည္ နိုင္ငံတကာ အသိအမွတ္ျပဳ ဥေရာပအဖြဲ႕အစည္းမွ ေပးအပ္ေသာ အစားအေသာက္ဆိုင္ရာ ထုတ္လုပ္မႈတြင္ Monde Selection Gold Award ကို သုံးႀကိမ္တိတိခ်ီးျမႇင့္ခံရသည့္ ငွက္သိုက္ရည္ ျဖစ္သည္။

ငွက္သိုက္စစ္၊ မစစ္ စစ္ေဆးေသာ FTIR နည္းပညာျဖင့္ ဓာတ္ခြဲခန္းတြင္ အရည္အေသြးစစ္ေဆးမႈ ၁၅၇ဆင့္ျဖင့္ စစ္ေဆးထားၿပီး ေဈးကြက္တြင္ စားသုံးသူမ်ား၏ အားေပးမႈျဖင့္ ႏွစ္ေပါင္းမ်ားစြာ ဂုဏ္သိကၡာရွိရွိ ရပ္တည္ျဖန႔္ျဖဴးေနေသာ ထုတ္ကုန္ပစၥည္းလည္းျဖစ္ပါသည္။

ဘရင္းထုတ္ကုန္ ပစၥည္းမ်ားအားလည္း FDAတြင္ သြားေရာက္စစ္ေဆးနိုင္ေၾကာင္းႏွင့္ မမွန္ကန္ပါက စားသုံးသူကာကြယ္ေရး ဥပေဒႏွင့္တိုင္ၾကားနိုင္ေၾကာင္းလည္း အသိေပးေၾကျငာလိုပါသည္။

ယခုကဲ့သို႔ ဘရင္း၏သုံးစြဲသူမိဘမ်ားအား ယုံမွားသံသယျဖစ္ေစရန္ ဘရင္း၏ထုတ္ကုန္ပုံႏွင့္ Social Media မွ သတင္းလႊင့္ျဖန႔္ျဖဴးျခင္း အတြက္လည္း ဘရင္းမွဆက္သြယ္စုံစမ္းၿပီး ထိေရာက္စြာအေရးယူမည္ျဖစ္ေၾကာင္း အသိေပးေျပာၾကားလိုပါသည္။

ဘရင္း၏ထုတ္ကုန္ ပစၥည္းမ်ားအား ယုံၾကည္စြာအားေပးၿပီး ဘရင္းဘက္မွ ရပ္တည္ေပးေသာ စားသုံးသူမ်ားကိုလည္း ဘရင္းမွလွိုက္လွိုက္လွဲလွဲ ေက်းဇူးတင္ရွိေၾကာင္းႏွင့္ ဝါကြၽတ္ပြဲေတာ္မွာ အားလုံးေပ်ာ္႐ႊင္ၾကပါေစလို႔ ဘရင္းမွဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။

Unicode

ဘရင်းချစ်သူများအားလုံး မင်္ဂလာပါရှင့်..

ယခုဖြစ်ပွားနေသော ဘရင်းမြန်မာ၏ ငှက်သိုက်ပုံနှင့်တကွ ထိုင်းမှတင်သွင်းသော ငှက်သိုက်များသည် ငှက်သိုက် အတုဖြစ်ကြောင်း ပုံပါ စာများအား အများပြည်သူများ Share ပြီးစိတ်ပူနေသည့်အတွက် ဘရင်းမြန်မာမှ ဖြေရှင်းချက်ထုတ်ပြန်ပါသည်။

ဈေးကွက်ထဲတွင် ဖြန့်ဖြူးနေသော ငှက်သိုက်များတွင် အတုများရှိနိုင်သော်လည်း ဘရင်း၏ ထုတ်ကုန် ပစ္စည်းများသည် စင်္ကာပူ ၊ မလေးရှား ၊ ဗီယက်နမ် ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှ အစားအသောက်နှင့် ဆေးဝါးထောက်ခံချက်(FDA) နှင့် အရည်အသွေးစစ်မှန်ကြောင်း အသိအမှတ်ပြုလက်မှတ်ပေါင်းများစွာ ရရှိထားသော ငှက်သိုက်အစစ်ဖြစ်ပြီး စားသုံးသူများအား ဘေးဥပဒ် ဖြစ်စေသောဓာတုဆေးဝါးများ လုံးဝ မပါဝင်ကြောင်း ဦးစွာပထမ အသိပေးလိုပါသည်။

ငှက်သိုက်အတုပါဝင်သည်ဟု ရေးသားထားသောသတင်းတွင်ပါရှိသော ပုံတွင် ငှက်သိုက်၏ ပုလင်းအဖုံးမှာရွှေရောင်ဖြစ်ပြီး ဘရင်းငှက်သိုက်ပုလင်း၏အဖုံးမှာ အနီရောင် ဖြစ်ပါသည်။

ဘရင်းမှရွှေရောင်အဖုံးနှင့် ငှက်သိုက်အားဈေးကွက်ထဲတွင်မည်သည့်အခါမျှ မဖြန့်ဖြူးခဲ့ကြောင်းနှင့် ယခု Post ပိုင်ရှင်မှ ဘရင်းငှက်သိုက် ပုလင်း၏ပုံ အစစ်နှင့်တကွ စားသုံးသူ ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ရေးသားထားသည်ကိုတွေ့ရှိရပါသည်။

ဘရင်း၏ ထုတ်ကုန်ပစ္စည်းများသည် နိုင်ငံတကာ အသိအမှတ်ပြု ဥရောပအဖွဲ့အစည်းမှ ပေးအပ်သော အစားအသောက်ဆိုင်ရာ ထုတ်လုပ်မှုတွင် Monde Selection Gold Award ကို သုံးကြိမ်တိတိချီးမြှင့်ခံရသည့် ငှက်သိုက်ရည် ဖြစ်သည်။

ငှက်သိုက်စစ်၊ မစစ် စစ်ဆေးသော FTIR နည်းပညာဖြင့် ဓာတ်ခွဲခန်းတွင် အရည်အသွေးစစ်ဆေးမှု ၁၅၇ဆင့်ဖြင့် စစ်ဆေးထားပြီး ဈေးကွက်တွင် စားသုံးသူများ၏ အားပေးမှုဖြင့် နှစ်ပေါင်းများစွာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ဖြန့်ဖြူးနေသော ထုတ်ကုန်ပစ္စည်းလည်းဖြစ်ပါသည်။

ဘရင်းထုတ်ကုန် ပစ္စည်းများအားလည်း FDAတွင် သွားရောက်စစ်ဆေးနိုင်ကြောင်းနှင့် မမှန်ကန်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်တိုင်ကြားနိုင်ကြောင်းလည်း အသိပေးကြေငြာလိုပါသည်။

ယခုကဲ့သို့ ဘရင်း၏သုံးစွဲသူမိဘများအား ယုံမှားသံသယဖြစ်စေရန် ဘရင်း၏ထုတ်ကုန်ပုံနှင့် Social Media မှ သတင်းလွှင့်ဖြန့်ဖြူးခြင်း အတွက်လည်း ဘရင်းမှဆက်သွယ်စုံစမ်းပြီး ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း အသိပေးပြောကြားလိုပါသည်။

ဘရင်း၏ထုတ်ကုန် ပစ္စည်းများအား ယုံကြည်စွာအားပေးပြီး ဘရင်းဘက်မှ ရပ်တည်ပေးသော စားသုံးသူများကိုလည်း ဘရင်းမှလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်းနှင့် ဝါကျွတ်ပွဲတော်မှာ အားလုံးပျော်ရွှင်ကြပါစေလို့ ဘရင်းမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်။