အတင္းလာကန္ေတာ့သြားတဲ့ fan ေတြေၾကာင့္ လိႈက္လိႈက္လွဲလွဲပီတိျဖစ္ရတယ္ဆိုတဲ့ ဝတ္မႈံေရႊရည္

Zawgyi

နိုင္ငံေက်ာ္မင္းသမီးေခ်ာေလး ဝတ္မႈံေ႐ႊရည္က အႏုပညာေလာကထဲမွာ ဆယ္စုႏွစ္တစ္ခုတိုင္ ေအာင္ျမင္မႈေတြမ်ားစြာ ဆြတ္ခူးရရွိထားတာ ျဖစ္ပါတယ္။ ဝတ္မႈံေ႐ႊရည္က ငယ္စဥ္ကတည္းက အခုခ်ိန္ထိတိုင္ ေအာင္ျမင္မႈ အရွိန္အဟုန္ တိုးလာၿပီး အားေပးသူ ပရိသတ္လည္း တစ္ေန႕တစ္ျခား တိုးပြားလာတာ ျဖစ္ပါတယ္။

ဝတ္မႈံေ႐ႊရည္ကို အင္မတန္ခ်စ္ၾကတဲ့ ပရိသတ္ေတြက ဒီကေန႕ သီတင္းကြၽတ္လျပည့္ေန႕မွာ ဝတ္မႈံေ႐ႊရည္ရွိရာ သက္ႀကီးအႏုပညာရွင္ပြဲဆီကို လာေရာက္ကန္ေတာ့ခဲ့ၾကတယ္လို႔ သိရပါတယ္။

ဝတ္မႈံေ႐ႊရည္က “ဒီေန႕ သက္ႀကီးပူေဇာ္ပြဲမွာ ကစ္ရဲ႕ fans ေတြက အတင္းလာကန္ေတာ့သြားေလရဲ႕..ရင္ထဲမွာ လွိုက္လွိုက္လဲွလဲွ ၾကည္ႏူးပီးဆုေတြ တစ္ပုံ ႀကီးေပးလိုက္တယ္ ” ဆိုၿပီး မွ်ေဝထားပါတယ္။

ခ်စ္စရာေကာင္းၿပီး လိမၼာလြန္းတဲ့ ပရိသတ္ေတြေၾကာင့္ ဝတ္မႈံေ႐ႊရည္ခမ်ာ ေတာ္ေတာ္ေလး အံ့အားသင့္ ေပ်ာ္႐ႊင္ၾကည္ႏူးခဲ့ရတာပဲ ျဖစ္ပါတယ္။

ဝတ္မႈံေ႐ႊရည္ကေတာ့ သူမကို ခ်စ္ၿပီး ဂ႐ုစိုက္လြန္းတဲ့ ပရိသတ္ေတြေၾကာင့္ သီတင္းကြၽတ္ေန႕ေလးကို ေပ်ာ္႐ႊင္စြာ ျဖတ္သန္းခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း သီတင္းကြၽတ္လျပည့္ေန႕ေလးကို ေပ်ာ္႐ႊင္စြာ ျဖတ္သန္းနိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Unicode

နိုင်ငံကျော်မင်းသမီးချောလေး ဝတ်မှုံရွှေရည်က အနုပညာလောကထဲမှာ ဆယ်စုနှစ်တစ်ခုတိုင် အောင်မြင်မှုတွေများစွာ ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က ငယ်စဉ်ကတည်းက အခုချိန်ထိတိုင် အောင်မြင်မှု အရှိန်အဟုန် တိုးလာပြီး အားပေးသူ ပရိသတ်လည်း တစ်နေ့တစ်ခြား တိုးပွားလာတာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကို အင်မတန်ချစ်ကြတဲ့ ပရိသတ်တွေက ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့မှာ ဝတ်မှုံရွှေရည်ရှိရာ သက်ကြီးအနုပညာရှင်ပွဲဆီကို လာရောက်ကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။

ဝတ်မှုံရွှေရည်က “ဒီနေ့ သက်ကြီးပူဇော်ပွဲမှာ ကစ်ရဲ့ fans တွေက အတင်းလာကန်တော့သွားလေရဲ့..ရင်ထဲမှာ လှိုက်လှိုက်လဲှလဲှ ကြည်နူးပီးဆုတွေ တစ်ပုံ ကြီးပေးလိုက်တယ် ” ဆိုပြီး မျှဝေထားပါတယ်။

ချစ်စရာကောင်းပြီး လိမ္မာလွန်းတဲ့ ပရိသတ်တွေကြောင့် ဝတ်မှုံရွှေရည်ခမျာ တော်တော်လေး အံ့အားသင့် ပျော်ရွှင်ကြည်နူးခဲ့ရတာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ သူမကို ချစ်ပြီး ဂရုစိုက်လွန်းတဲ့ ပရိသတ်တွေကြောင့် သီတင်းကျွတ်နေ့လေးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သီတင်းကျွတ်လပြည့်နေ့လေးကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။