ဗီရာကို အလဲထိုးအႏိုင္ယူခဲ့ ပီး လိုက္ဟဲဗီးဝိတ္ ခ်န္ပီယံေရႊခါးပတ္ကို ရရွိသြားတဲ့ ေအာင္လအန္ဆိုင္

Zawgyi

ဗီရာ နဲ႕ ေအာင္လ အန္ဆန္း တို႔ ႏွစ္ေယာက္စလုံးဟာ 2014 ခုႏွစ္မွာ One Championship နဲ႕ စတင္လက္တြဲခဲ့သူေတြ ျဖစ္ၿပီး ၊ ေအာင္လ အန္ဆန္းက လက္ရွိ အခ်ိန္ထိ စုစုေပါင္း 11 ပြဲအထိ ထိုးသတ္ထားကာ ၊ 10 ပြဲ နိုင္ ၊ 1 ပြဲ ရႈံး ရလာဒ္ ထြက္ေပၚထားခဲ့ပါတယ္။ ဗီရာကေတာ့ 4 ပြဲသာ ထိုးသတ္ရေသးၿပီး ၊ 4 ပြဲ စလုံးကို အနိုင္ရရွိထားခဲ့တာပါ။

ပြဲမတိုင္မီ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ ဗီရာဟာ ဒီပြဲဟာ 4 ခ်ီအထိေတာင္ မေရာက္ပဲ အေျဖေပၚလိမ့္မယ္လို႔ ေဟာကိန္း ထုတ္သြားခဲ့ၿပီး ၊ သူ႕ရဲ႕ လွ်င္ျမန္တဲ့ လက္သီးထိုးခ်က္ တြဲလုံးေတြ နဲ႕ ျပင္းထန္လြန္းတဲ့ ကန္ခ်က္ေတြက ေအာင္လဆီက လိုက္ဟဲဗီးဝိတ္ ခ်န္ပီယံ ေ႐ႊခါးပတ္ကို လုယူဖို႔ အဓိက က်လိမ့္မယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။

ဗီရာဟာ အေမရိကား နဲ႕ ဥေရာပ ပရိသတ္ေတြ သိထားတဲ့ ဖိုက္တာ တစ္ေယာက္ ျဖစ္တာေၾကာင့္ ၊ ဒီပြဲ ကေန တဆင့္ ေအာင္လ အန္ဆန္း ကလဲ သူ႕ရဲ႕ နာမည္ကို တစ္ကမာၻလုံးက သိရွိသြားဖို႔ ေမွ်ာ္လင့္လွ်က္ ရွိေနပါတယ္။

One Century ပြဲစဥ္ဟာ ကမာၻ႔ MMA ေလာက ရဲ႕ အႀကီးက်ယ္ဆုံး နဲ႕ အခမ္းနားဆုံး ပြဲျဖစ္ၿပီး ၊ UFC လို အဖြဲ႕အစည္းမ်ိဳးကေတာင္ က်င္းပ နိုင္ျခင္း မရွိတဲ့ ပုံစံမ်ိဳးေတြ ၊ အစီအစဥ္ေတြနဲ႕ က်င္းပသြားမွာ ျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲ တစ္ခုတည္းမွာပဲ ကမာၻ႔ခ်န္ပီယံ ဆိုတဲ့ ဂုဏ္ပုဒ္ကို ပိုင္ဆိုင္ဖူးတဲ့ ဖိုက္တာေပါင္း 28 ေယာက္ အထိ ပါဝင္ ယွဥ္ၿပိဳင္ ထိုးသတ္ၾကမွာပါ။

ဒါ့အျပင္ ကမာၻ႔ခ်န္ပီယံ လုပြဲကလဲ 7 ပြဲ အထိ ပါဝင္လွ်က္ ရွိေနပါတယ္။ဒါဟာ အရမ္းကို ထူးျခားလြန္းတဲ့ အခ်က္ၿပီး ၊ လက္ရွိ MMA ရဲ႕ အျမင့္ဆုံး ၿပိဳင္ပြဲလို႔ ေျပာလို႔ရတဲ့ UFC ေတာင္ ၿပိဳင္ပြဲ တစ္ခုမွ ကမာၻ႔ခ်န္ပီယံလုပြဲကို တစ္ပြဲသာ ထည့္သြင္း က်င္းပေလ့ရွိတာ ျဖစ္ပါတယ္။

ေအာင္လကေတာ့ ဗီရာကို အလဲထိုးအနိုင္ယူခဲ့ ပီး လိုက္ဟဲဗီးဝိတ္ ခ်န္ပီယံေ႐ႊခါးပတ္ကို ရရွိသြားခဲ့နိုင္ၿပီျဖစ္ပါတယ္

Unicode

ဗီရာ နဲ့ အောင်လ အန်ဆန်း တို့ နှစ်ယောက်စလုံးဟာ 2014 ခုနှစ်မှာ One Championship နဲ့ စတင်လက်တွဲခဲ့သူတွေ ဖြစ်ပြီး ၊ အောင်လ အန်ဆန်းက လက်ရှိ အချိန်ထိ စုစုပေါင်း 11 ပွဲအထိ ထိုးသတ်ထားကာ ၊ 10 ပွဲ နိုင် ၊ 1 ပွဲ ရှုံး ရလာဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ဗီရာကတော့ 4 ပွဲသာ ထိုးသတ်ရသေးပြီး ၊ 4 ပွဲ စလုံးကို အနိုင်ရရှိထားခဲ့တာပါ။

ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဗီရာဟာ ဒီပွဲဟာ 4 ချီအထိတောင် မရောက်ပဲ အဖြေပေါ်လိမ့်မယ်လို့ ဟောကိန်း ထုတ်သွားခဲ့ပြီး ၊ သူ့ရဲ့ လျှင်မြန်တဲ့ လက်သီးထိုးချက် တွဲလုံးတွေ နဲ့ ပြင်းထန်လွန်းတဲ့ ကန်ချက်တွေက အောင်လဆီက လိုက်ဟဲဗီးဝိတ် ချန်ပီယံ ရွှေခါးပတ်ကို လုယူဖို့ အဓိက ကျလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ဗီရာဟာ အမေရိကား နဲ့ ဥရောပ ပရိသတ်တွေ သိထားတဲ့ ဖိုက်တာ တစ်ယောက် ဖြစ်တာကြောင့် ၊ ဒီပွဲ ကနေ တဆင့် အောင်လ အန်ဆန်း ကလဲ သူ့ရဲ့ နာမည်ကို တစ်ကမ္ဘာလုံးက သိရှိသွားဖို့ မျှော်လင့်လျှက် ရှိနေပါတယ်။

One Century ပွဲစဉ်ဟာ ကမ္ဘာ့ MMA လောက ရဲ့ အကြီးကျယ်ဆုံး နဲ့ အခမ်းနားဆုံး ပွဲဖြစ်ပြီး ၊ UFC လို အဖွဲ့အစည်းမျိုးကတောင် ကျင်းပ နိုင်ခြင်း မရှိတဲ့ ပုံစံမျိုးတွေ ၊ အစီအစဉ်တွေနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲ တစ်ခုတည်းမှာပဲ ကမ္ဘာ့ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ဖူးတဲ့ ဖိုက်တာပေါင်း 28 ယောက် အထိ ပါဝင် ယှဉ်ပြိုင် ထိုးသတ်ကြမှာပါ။

ဒါ့အပြင် ကမ္ဘာ့ချန်ပီယံ လုပွဲကလဲ 7 ပွဲ အထိ ပါဝင်လျှက် ရှိနေပါတယ်။ဒါဟာ အရမ်းကို ထူးခြားလွန်းတဲ့ အချက်ပြီး ၊ လက်ရှိ MMA ရဲ့ အမြင့်ဆုံး ပြိုင်ပွဲလို့ ပြောလို့ရတဲ့ UFC တောင် ပြိုင်ပွဲ တစ်ခုမှ ကမ္ဘာ့ချန်ပီယံလုပွဲကို တစ်ပွဲသာ ထည့်သွင်း ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။

အောင်လကတော့ ဗီရာကို အလဲထိုးအနိုင်ယူခဲ့ ပီး လိုက်ဟဲဗီးဝိတ် ချန်ပီယံရွှေခါးပတ်ကို ရရှိသွားခဲ့နိုင်ပြီဖြစ်ပါတယ်