လည္ေခ်ာင္းကင္ဆာျဖစ္ေနတဲ့ အေမမ်ားအဖြဲ႔မွ ေဒၚခင္ေမသက္ကို လစဥ္ေထာက္ပံ့ကူညီေပးမယ့္ ဝတ္မႈံေရႊရည္……..

ပရိသတ္ေတြခ်စ္ၾကတဲ့ မင္းသမီးေခ်ာေလး ဝတ္မႈံေရႊရည္က ဆယ္ေက်ာ္သက္အရြယ္ကတည္းက အႏုပညာေလာကထဲကို ဝင္ေရာက္လာၿပီး အခုဆိုရင္ အကယ္ဒမီဆုႀကီးႏွစ္ဆုကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးရရိွတဲ့ထိ ေအာင္ျမင္ေနသူတစ္ဦးပါပဲ။

သူမရဲ႕ ထူးျခားေျပာင္ေျမာက္လွတဲ့ အႏုပညာစြမ္းရည္ေၾကာင့္ အႏုပညာေလာကမွာ လ်ွမ္းလ်ွမ္းေတာက္ ေက်ာ္ၾကားၿပီး ျပည္ပႏိုင္ငံေတြထိပါ ေအာင္ျမင္သူေလးတစ္ဦး ျဖစ္ပါတယ္။

လူေလးလွသလို စိတ္ထားေလးလည္း ေကာင္းမြန္ျပည့္စံုတဲ့ မင္းသမီးေခ်ာေလး ဝတ္မႈံေရႊရည္က ဒီကေန႔နံနက္မွာေတာ့ ႐ုပ္႐ွင္အစည္းအရံုး သက္ႀကီးပူေဇာ္ပြဲ အခမ္းအနားကို တက္ရာက္ ဂါရဝျပဳခဲ့ပါတယ္။

ထိုပြဲေလးမွာ ဝတ္မႈံေရႊရည္က အေမမ်ားအဖြဲ႔မွ ေဒၚခင္ေမသက္နဲ႔ ဆံုေတြ႔ခဲ့ၿပီး စိတ္မေကာင္းႀကီးစြာ ျဖစ္ခဲ့ရပါတယ္။ ေဒၚခက္ေမသက္က လည္ေခ်ာင္းကင္ဆာ ေရာဂါေဝဒနာကို ခံစားေနရတာျဖစ္ၿပီး စကားမေျပာႏိုင္ ျဖစ္ခဲ့ရပါတယ္။

ထိုအေၾကာင္းကို သိသိခ်င္းပဲ ဝတ္မႈံေရႊရည္က အေမေဒၚခင္ေမသက္ရဲ႕ ကင္ဆာေရာဂါကို ကုသဖို႔ လစဥ္ေထာက္ပံ့ေၾကးေငြမ်ား လွဴဒါန္းဖို႔ ဆံုးျဖတ္ခ်က္ခ်ခဲ့တယ္လို႔ သိရပါတယ္။

လူေလးလွသလို စိတ္ထားေလးလည္းေကာင္းတဲ့ မင္းသမီးေခ်ာေလး ဝတ္မႈံေရႊရည္ကေတာ့ သူမ႐ွာထားတဲ့ အႏုပညာေၾကးေလးေတြနဲ႔ လိုအပ္သူေတြကို သူမတတ္ႏိုင္သေလာက္ေလး ကူညီေထာက္ပံ့ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေမတၱာ႐ွင္မေလး ဝတ္မႈံေရႊရည္ရဲ႕ အလွဴအတြက္ သာဓုေခၚေပးၾကပါဦးေနာ္။

Unicode

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာပြီး အခုဆိုရင် အကယ်ဒမီဆုကြီးနှစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိတဲ့ထိ အောင်မြင်နေသူတစ်ဦးပါပဲ။

သူမရဲ့ ထူးခြားပြောင်မြောက်လှတဲ့ အနုပညာစွမ်းရည်ကြောင့် အနုပညာလောကမှာ လျှမ်းလျှမ်းတောက် ကျော်ကြားပြီး ပြည်ပနိုင်ငံတွေထိပါ အောင်မြင်သူလေးတစ်ဦး ဖြစ်ပါတယ်။

လူလေးလှသလို စိတ်ထားလေးလည်း ကောင်းမွန်ပြည့်စုံတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ဒီကနေ့နံနက်မှာတော့ ရုပ်ရှင်အစည်းအရုံး သက်ကြီးပူဇော်ပွဲ အခမ်းအနားကို တက်ရာက် ဂါရဝပြုခဲ့ပါတယ်။

ထိုပွဲလေးမှာ ဝတ်မှုံရွှေရည်က အမေများအဖွဲ့မှ ဒေါ်ခင်မေသက်နဲ့ ဆုံတွေ့ခဲ့ပြီး စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ရပါတယ်။ ဒေါ်ခက်မေသက်က လည်ချောင်းကင်ဆာ ရောဂါဝေဒနာကို ခံစားနေရတာဖြစ်ပြီး စကားမပြောနိုင် ဖြစ်ခဲ့ရပါတယ်။

ထိုအကြောင်းကို သိသိချင်းပဲ ဝတ်မှုံရွှေရည်က အမေဒေါ်ခင်မေသက်ရဲ့ ကင်ဆာရောဂါကို ကုသဖို့ လစဉ်ထောက်ပံ့ကြေးငွေများ လှူဒါန်းဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ သိရပါတယ်။

လူလေးလှသလို စိတ်ထားလေးလည်းကောင်းတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ သူမရှာထားတဲ့ အနုပညာကြေးလေးတွေနဲ့ လိုအပ်သူတွေကို သူမတတ်နိုင်သလောက်လေး ကူညီထောက်ပံ့ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေတ္တာရှင်မလေး ဝတ်မှုံရွှေရည်ရဲ့ အလှူအတွက် သာဓုခေါ်ပေးကြပါဦးနော်။