“ ေအာင္လ နဲ႕ ထိုးဖို႔ အတြက္ စုစုေပါင္းမွ ၅ ရက္ပဲ နားၿပီး ျပင္ဆင္လာခဲ့တာပါ” ဆိုတဲ့ဗီရာ

Zawgyi

ေအာင္လအန္ဆန္းနဲ႕ ထိုးသတ္မယ့္ ဖိုက္တာႀကီးဗီရာ ကေတာ့ သူ႕အေနနဲ႕ အခု ဂ်ပန္မွာထိုးသတ္မယ့္ပြဲအတြက္ ျပင္ဆင္ခဲ့တာဟာ စိန္ေခၚၿပီးကတည္းက တစ္ခ်ိန္လုံး ျဖစ္တယ္လို႔ ဆိုလိုက္ၿပီး၊ နားရက္ 5 ရက္သာ ရွိခဲ့တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

အဲဒီ ၅ ရက္ဟာလဲ သူ႕ရဲ႕ကိုယ္ေရးကိုယ္တာကိစၥေၾကာင့္ ခရီးထြက္ရတဲ့အခ်ိန္ေတြ နဲ႕ အခု ဂ်ပန္ကိုလာတဲ့ အခ်ိန္မွာမို႔ ပ်က္ကြယ္သြားခဲ့ရတာလို႔ ဆက္လက္မွတ္ခ်က္ေပးလိုက္ပါတယ္။

ဆက္လက္ၿပီး ဒီပြဲနဲ႕ပတ္သက္လို႔ ဖီလစ္ပိုင္ဟဲဗီးဝိတ္ ဖိုက္တာႀကီးက“ အခု ဂ်ပန္ကိုလာေရာက္ယွဥ္ၿပိဳင္ရတာနဲ႕ ပတ္သက္လို႔ေရာ၊ အႏွစ္ႏွစ္အလလကအိပ္မက္မက္ခဲ့ရတဲ့ ခ်န္ပီယံႏွစ္ထပ္ကြမ္း ဆုရွင္ျဖစ္ဖို႔အတြက္ အေကာင္အထည္ ေဖာ္ခြင့္ရေတာ့မွာေရာနဲ႕ပတ္သက္ၿပီး အရမ္းအရမ္းကို စိတ္လႈပ္ရွားေနမိပါတယ္။

ဟဲဗီးဝိတ္ ခ်န္ပီယံဆုကိုလဲ က်ေနာ္ ဖိုက္တာဘဝကေန အနားမယူခင္အခ်ိန္အထိ ဆက္ၿပီးထိန္းသြားခ်င္ပါေသးတယ္။

လိုက္ဟဲဗီးဝိတ္ခ်န္ပီယံဆုအတြက္ ထိုးသတ္ရမယ့္သူကေတာ့ က်ေနာ္အရမ္းကိုအားက်ရတဲ့ ဖိုက္တာတစ္ေယာက္ ၊အၿမဲတမ္း သူ႕ကိုေစာင့္ၾကည့္ အားေပးေနခဲ့မိတဲ့ ဖိုက္တာတစ္ေယာက္ျဖစ္လို႔၊ ဒီပြဲဟာက်ေနာ့္ဘဝရဲ႕ အႀကီးအက်ယ္ဆုံးနဲ႕ အခမ္းဆုံးပြဲတစ္ပြဲျဖစ္လာမွာ ေသခ်ာပါတယ္။

ဒီဆုကိုရခ်င္လြန္းလို႔ က်ေနာ့္ရဲ႕ အိပ္မက္ေတြကိုဦးထိပ္တင္ထားၿပီး အစြမ္းကုန္ျပင္ဆင္ထားခဲ့တာပါ။ ေျပာရရင္ 5 ရက္ပဲ ပ်က္ကြက္မိခဲ့ပါတယ္။ ဒီမွာတက္ေရာက္လာတဲ့ နည္းျပေတြ၊ ဖိုက္တာေတြကေတာ့ အဲဒီလို 5 ရက္ပဲပ်က္ကြက္မိခဲ့တယ္ ဆိုတဲ့အဓိပၸါယ္ဟာ အရမ္းကိုခံယူခ်က္ျပင္းေနတယ္ဆိုတာ ခံစားမိၾကမွာပါ။

ဒါဟာဒီပြဲအေပၚက်ေနာ္ဘယ္ေလာက္အထိ အေလးထားတယ္ဆိုတာ သိေစခ်င္လို႔ေျပာျပတာျဖစ္သလို၊ ဒီၿပိဳင္ဘက္ကိုလဲ ဘယ္ေလာက္အထိ တန္ဖိုးထားမိတယ္ ဆိုတာရင္ဖြင့္ျပတာပါ။ အဲဒီ 5ရက္ထဲက အမ်ားစုဟာ ခရီးသြားလို႔ ပ်က္ကြက္ခဲ့တာ ျဖစ္သလို၊ အခုဂ်ပန္ကိုလာေရာက္လို႔ ပ်က္ကြက္သြားတာလဲပါပါတယ္။

ဂ်ပန္က ပရိသတ္ေတြေရွ႕မွာ ထိုးသတ္ခြင့္ရတဲ့အတြက္လဲ ဂုဏ္ယူပါတယ္။ အခု က်ေနာ့္ရဲ႕ အိမ္မက္ေတြနဲ႕ လက္တစ္ကမ္းအလိုမွာရွိေနၿပီ ျဖစ္သလို၊ က်ေနာ့္ ရဲ႕ ကံၾကမၼာကိုလဲ အဆုံးအျဖတ္ ေပးေတာ့မွာပါ” လို႔ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။

One Championshipရဲ႕တည္ေထာင္သူႀကီး ခ်တ္ထရီ ကေတာ့ သူ႕အေနနဲ႕ One Century ပြဲစဥ္ေတြထဲက ေအာင္လနဲ႕ဗီရာတို႔ရဲ႕ပြဲက ရင္ခုန္စရာအေကာင္းဆုံးပြဲတစ္ပြဲ ျဖစ္လာလိမ့္မယ္လို႔ မွတ္ခ်က္ေပးသြားခဲ့သလို၊ ကမာၻတစ္ဝန္းကလဲ ေစာင့္ၾကည္လိမ့္မယ္လို႔ ၫႊန္းဆိုသြားခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ဒီပြဲဟာ ေငြေၾကးအရလည္းေကာင္း၊ ေက်ာ္ၾကားမႈအရလည္းေကာင္း ျဖစ္တည္လာတာမဟုတ္ဘူးလို႔ဆိုလိုက္ၿပီး၊ ဂႏၲဝင္တြင္မယ့္ အခိုက္အတန႔္တစ္ခုအတြက္ ျဖစ္တည္လာတာလို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

သတင္းစာရွင္းလင္းပြဲကို တက္ေရာက္လာခဲ့တဲ့ ကေလးငယ္ တစ္ေယာက္ကေတာ့ ဗီရာအေနနဲ႕ ဒီပြဲၿပီးရင္ ေအာင္လအန္ဆန္းနဲ႕ မိတ္ေဆြေတြအျဖစ္ဆက္ရွိမွာလားလို႔ ေမးလိုက္ခ်ိန္မွာေတာ့ တက္ေရာက္လာတဲ့သူေတြ အားလုံးပြဲက်သြားခဲ့ၿပီး ဖီလစ္ပိုင္ဖိုက္တာႀကီးကလဲ

သူနဲ႕ေအာင္လဟာ အရင္ကတည္းက မိတ္ေဆြေတြျဖစ္ေၾကာင္း၊ ဒီပြဲၿပီးသြားခဲ့လို႔ရွိရင္လဲ အခင္အမင္မပ်က္ပဲ မိတ္ေဆြေတြအျဖစ္ ဆက္ရွိသြားမွာျဖစ္တယ္လို႔ ကတိေပးသြားခဲ့ပါတယ္။

ဗီရာရဲ႕ ဖိုက္တာနာမည္က Brandon “The Turth”Vera ပါ။ သူဟာစကားေျပာရာမွာ ယဥ္ေက်းေက်း အၿမဲတမ္း ေျပာဆိုေလ့ရွိသူျဖစ္ၿပီး၊ ဖိုက္တာတစ္ေယာက္ျဖစ္သည့္တိုင္ေအာင္ ပြဲဆူေစမယ့္စကားလုံးမ်ိဳးေတြ မေျပာတာေၾကာင့္ The Truth ဆိုတဲ့ဂုဏ္ပုဒ္ကို ခံယူထားခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္လဲ ေအာင္လအန္ဆန္းကို ႀကိဳးဝိုင္းထဲမွာ၀င္ေရာက္ စိန္ေခၚခဲ့စဥ္က အဂၤလိပ္လို ယဥ္ယဥ္ေက်းေက်းနဲ႕ ေျပာဆိုသြားခဲ့တာ သတိထားမိၾကမွာပါ။

Unicode

အောင်လအန်ဆန်းနဲ့ ထိုးသတ်မယ့် ဖိုက်တာကြီးဗီရာ ကတော့ သူ့အနေနဲ့ အခု ဂျပန်မှာထိုးသတ်မယ့်ပွဲအတွက် ပြင်ဆင်ခဲ့တာဟာ စိန်ခေါ်ပြီးကတည်းက တစ်ချိန်လုံး ဖြစ်တယ်လို့ ဆိုလိုက်ပြီး၊ နားရက် 5 ရက်သာ ရှိခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အဲဒီ ၅ ရက်ဟာလဲ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ခရီးထွက်ရတဲ့အချိန်တွေ နဲ့ အခု ဂျပန်ကိုလာတဲ့ အချိန်မှာမို့ ပျက်ကွယ်သွားခဲ့ရတာလို့ ဆက်လက်မှတ်ချက်ပေးလိုက်ပါတယ်။

ဆက်လက်ပြီး ဒီပွဲနဲ့ပတ်သက်လို့ ဖီလစ်ပိုင်ဟဲဗီးဝိတ် ဖိုက်တာကြီးက“ အခု ဂျပန်ကိုလာရောက်ယှဉ်ပြိုင်ရတာနဲ့ ပတ်သက်လို့ရော၊ အနှစ်နှစ်အလလကအိပ်မက်မက်ခဲ့ရတဲ့ ချန်ပီယံနှစ်ထပ်ကွမ်း ဆုရှင်ဖြစ်ဖို့အတွက် အကောင်အထည် ဖော်ခွင့်ရတော့မှာရောနဲ့ပတ်သက်ပြီး အရမ်းအရမ်းကို စိတ်လှုပ်ရှားနေမိပါတယ်။

ဟဲဗီးဝိတ် ချန်ပီယံဆုကိုလဲ ကျနော် ဖိုက်တာဘဝကနေ အနားမယူခင်အချိန်အထိ ဆက်ပြီးထိန်းသွားချင်ပါသေးတယ်။

လိုက်ဟဲဗီးဝိတ်ချန်ပီယံဆုအတွက် ထိုးသတ်ရမယ့်သူကတော့ ကျနော်အရမ်းကိုအားကျရတဲ့ ဖိုက်တာတစ်ယောက် ၊အမြဲတမ်း သူ့ကိုစောင့်ကြည့် အားပေးနေခဲ့မိတဲ့ ဖိုက်တာတစ်ယောက်ဖြစ်လို့၊ ဒီပွဲဟာကျနော့်ဘဝရဲ့ အကြီးအကျယ်ဆုံးနဲ့ အခမ်းဆုံးပွဲတစ်ပွဲဖြစ်လာမှာ သေချာပါတယ်။

ဒီဆုကိုရချင်လွန်းလို့ ကျနော့်ရဲ့ အိပ်မက်တွေကိုဦးထိပ်တင်ထားပြီး အစွမ်းကုန်ပြင်ဆင်ထားခဲ့တာပါ။ ပြောရရင် 5 ရက်ပဲ ပျက်ကွက်မိခဲ့ပါတယ်။ ဒီမှာတက်ရောက်လာတဲ့ နည်းပြတွေ၊ ဖိုက်တာတွေကတော့ အဲဒီလို 5 ရက်ပဲပျက်ကွက်မိခဲ့တယ် ဆိုတဲ့အဓိပ္ပါယ်ဟာ အရမ်းကိုခံယူချက်ပြင်းနေတယ်ဆိုတာ ခံစားမိကြမှာပါ။

ဒါဟာဒီပွဲအပေါ်ကျနော်ဘယ်လောက်အထိ အလေးထားတယ်ဆိုတာ သိစေချင်လို့ပြောပြတာဖြစ်သလို၊ ဒီပြိုင်ဘက်ကိုလဲ ဘယ်လောက်အထိ တန်ဖိုးထားမိတယ် ဆိုတာရင်ဖွင့်ပြတာပါ။ အဲဒီ 5ရက်ထဲက အများစုဟာ ခရီးသွားလို့ ပျက်ကွက်ခဲ့တာ ဖြစ်သလို၊ အခုဂျပန်ကိုလာရောက်လို့ ပျက်ကွက်သွားတာလဲပါပါတယ်။

ဂျပန်က ပရိသတ်တွေရှေ့မှာ ထိုးသတ်ခွင့်ရတဲ့အတွက်လဲ ဂုဏ်ယူပါတယ်။ အခု ကျနော့်ရဲ့ အိမ်မက်တွေနဲ့ လက်တစ်ကမ်းအလိုမှာရှိနေပြီ ဖြစ်သလို၊ ကျနော့် ရဲ့ ကံကြမ္မာကိုလဲ အဆုံးအဖြတ် ပေးတော့မှာပါ” လို့ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

One Championshipရဲ့တည်ထောင်သူကြီး ချတ်ထရီ ကတော့ သူ့အနေနဲ့ One Century ပွဲစဉ်တွေထဲက အောင်လနဲ့ဗီရာတို့ရဲ့ပွဲက ရင်ခုန်စရာအကောင်းဆုံးပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့သလို၊ ကမ္ဘာတစ်ဝန်းကလဲ စောင့်ကြည်လိမ့်မယ်လို့ ညွှန်းဆိုသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီပွဲဟာ ငွေကြေးအရလည်းကောင်း၊ ကျော်ကြားမှုအရလည်းကောင်း ဖြစ်တည်လာတာမဟုတ်ဘူးလို့ဆိုလိုက်ပြီး၊ ဂန္တဝင်တွင်မယ့် အခိုက်အတန့်တစ်ခုအတွက် ဖြစ်တည်လာတာလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာခဲ့တဲ့ ကလေးငယ် တစ်ယောက်ကတော့ ဗီရာအနေနဲ့ ဒီပွဲပြီးရင် အောင်လအန်ဆန်းနဲ့ မိတ်ဆွေတွေအဖြစ်ဆက်ရှိမှာလားလို့ မေးလိုက်ချိန်မှာတော့ တက်ရောက်လာတဲ့သူတွေ အားလုံးပွဲကျသွားခဲ့ပြီး ဖီလစ်ပိုင်ဖိုက်တာကြီးကလဲ

သူနဲ့အောင်လဟာ အရင်ကတည်းက မိတ်ဆွေတွေဖြစ်ကြောင်း၊ ဒီပွဲပြီးသွားခဲ့လို့ရှိရင်လဲ အခင်အမင်မပျက်ပဲ မိတ်ဆွေတွေအဖြစ် ဆက်ရှိသွားမှာဖြစ်တယ်လို့ ကတိပေးသွားခဲ့ပါတယ်။

ဗီရာရဲ့ ဖိုက်တာနာမည်က Brandon “The Turth”Vera ပါ။ သူဟာစကားပြောရာမှာ ယဉ်ကျေးကျေး အမြဲတမ်း ပြောဆိုလေ့ရှိသူဖြစ်ပြီး၊ ဖိုက်တာတစ်ယောက်ဖြစ်သည့်တိုင်အောင် ပွဲဆူစေမယ့်စကားလုံးမျိုးတွေ မပြောတာကြောင့် The Truth ဆိုတဲ့ဂုဏ်ပုဒ်ကို ခံယူထားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လဲ အောင်လအန်ဆန်းကို ကြိုးဝိုင်းထဲမှာ၀င်ရောက် စိန်ခေါ်ခဲ့စဉ်က အင်္ဂလိပ်လို ယဉ်ယဉ်ကျေးကျေးနဲ့ ပြောဆိုသွားခဲ့တာ သတိထားမိကြမှာပါ။