ေဒါက္တာေအာင္ေက်ာ္ဝင္းကို အမ်ိဳးသမီးဟု ေျပာဆိုေနသူမ်ားအား တရားစြဲမည္ဟု ဇနီးျဖစ္သူေျပာ

Zawgyi

ေ႐ႊတိဂုံဘုရား အထက္ပစၥယံေပၚသို႔ တက္ခဲ့သည့္ ေဒါက္တာေအာင္ေက်ာ္ဝင္းကို အမ်ိဳးသမီးဟု စြပ္စြဲေျပာဆိုေနသူမ်ားႏွင့္ ေ႐ႊတိဂုံ ေဂါပကအဖြဲ႕ကို တရားစြဲဆိုသြားမည္ျဖစ္ေၾကာင္း ေဒါက္ေအာင္ေက်ာ္ဝင္း၏ ဇနီးျဖစ္သူ ေဒါက္တာသက္သက္ခိုင္ကေျပာသည္။

“အခုကိစၥနဲ႕ပတ္သက္ၿပီး Facebook မွာတင္တဲ့သူကို တရားစြဲမယ္။ ေ႐ႊတိဂုံ ေဂါပကကိုသတင္းစာကေန ေတာင္းပန္ခိုင္းမယ္။ ေရွ႕ေနနဲ႕ ေျပာေနၿပီ”ဟု ၎က The Voice သတင္းစာသို႔ ေအာက္တိုဘာ ၁၂ ရက္ ညေနပိုင္းတြင္ေျပာသည္။

ေဒါက္တာေအာင္ေက်ာ္ဝင္းမွာ အမ်ိဳးသမီးမဟုတ္ဘဲ အမ်ိဳးသားတစ္ဦးျဖစ္ကာ သန္းေခါင္စာရင္း၊ မွတ္ပုံတင္၊ ပတ္စ္ပို႔စ္၊ ဘြဲ႕လက္မွတ္၊ ေဆးမွတ္တမ္းမ်ား တိုက္ဆိုင္စစ္ေဆး၍ ရေၾကာင္းလည္း ေဒါက္တာသက္သက္ခိုင္က ဆက္လက္ေျပာဆိုသည္။

ထို႔ျပင္ ေဒါက္တာေအာင္ေက်ာ္ဝင္းကို ၂၀၁၈ ခုႏွစ္တြင္ နိုင္ငံေတာ္မွ သုဓမၼမဏိေဇာတဓရ ဘြဲ႕ေပးအပ္ခဲ့ၿပီး အဆိုပါဘြဲ႕မွာ အမ်ိဳးသားမ်ားကိုသာေပးအပ္ေသာ ဘြဲ႕တံဆိပ္တစ္ခုလည္းျဖစ္သည္။

ေဒါက္တာေအာင္ေက်ာ္ဝင္းမွာ ေ႐ႊတိဂုံေစတီအေပၚသို႔ တက္ေရာက္၍ ေ႐ႊသကၤန္းႏွစ္ခါကပ္ဖူးၿပီး ယခု ပတၱျမား မ်က္ရွင္ဘုရားကို တက္ေရာက္ဖူးျမႇော္သည္ကို အမ်ိဳးသမီးတက္သည္ဆိုၿပီး ေျပာျခင္းသည္ ၎တို႔၏ ဂုဏ္သိကၡာက်ဆင္းေအာင္ လုပ္ျခင္းျဖစ္သည့္အတြက္ ယခုကဲ့သို႔ တရားစြဲဆိုရန္ စီစဥ္ရျခင္းျဖစ္ေၾကာင္း ေဒၚသက္သက္ခိုင္က ဆိုသည္။

ေအာက္တိုဘာ ၃ ရက္ေန႕က အထက္ပစၥယံရွိ ပတၱျမားမ်က္ရွင္ဘုရားေပၚသို႔ ေ႐ႊနန္းေတာ္ေ႐ႊ ဆိုင္ပိုင္ရွင္ေဒါက္တာေအာင္ေက်ာ္ဝင္းႏွင့္ ဧည့္သည္ႏွစ္ဦး တက္ေရာက္ဖူးျမႇော္ခဲ့သည့္ ကိစၥႏွင့္ ပတ္သက္၍ ေဒါက္တာေအာင္ေက်ာ္ဝင္းကို အမ်ိဳးသမီးဟုဆိုကာ အထက္ပစၥယံသို႔ တက္ခြင့္ျပဳခဲ့သည့္ ေ႐ႊတိဂုံေစတီ ေဂါပက႐ုံးအဖြဲ႕မႉးကို တာဝန္မွရပ္ဆိုင္းခဲ့ျခင္းေၾကာင့္ ယခုျပႆနာေပၚေပါက္လာျခင္းျဖစ္သည္။

ယင္းကိစၥေၾကာင့္ တာဝန္မွ ရပ္နားခံရသည့္ ေ႐ႊတိဂုံေစတီေဂါပက ႐ုံးအဖြဲ႕မႉး ဦးထြန္းေအာင္ေငြကလည္း ေ႐ႊတိဂုံေစတီေဂါပကအဖြဲ႕အေနျဖင့္ Mytel ဆက္သြယ္ေရးစက္ကို တပ္ခြင့္ျပဳထားျခင္းႏွင့္ ေဂါပကအဖြဲ႕ဝင္မွ ဆဲဆိုျခင္းအပါအဝင္ အျခားေသာ အေၾကာင္းအရာမ်ားကို နိုင္ငံေတာ္သမၼတႏွင့္ အဂတိတိုက္ဖ်က္ေရးေကာ္မရွင္တို႔ထံ တိုင္ၾကားထားၿပီး အေရးယူျခင္းမရွိပါက တရားဥပေဒအတိုင္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာဆိုထားသည္။ ေလးစားစြာျဖင့္ ခရက္ဒစ္

Unicode

ရွှေတိဂုံဘုရား အထက်ပစ္စယံပေါ်သို့ တက်ခဲ့သည့် ဒေါက်တာအောင်ကျော်ဝင်းကို အမျိုးသမီးဟု စွပ်စွဲပြောဆိုနေသူများနှင့် ရွှေတိဂုံ ဂေါပကအဖွဲ့ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဒေါက်အောင်ကျော်ဝင်း၏ ဇနီးဖြစ်သူ ဒေါက်တာသက်သက်ခိုင်ကပြောသည်။

“အခုကိစ္စနဲ့ပတ်သက်ပြီး Facebook မှာတင်တဲ့သူကို တရားစွဲမယ်။ ရွှေတိဂုံ ဂေါပကကိုသတင်းစာကနေ တောင်းပန်ခိုင်းမယ်။ ရှေ့နေနဲ့ ပြောနေပြီ”ဟု ၎င်းက The Voice သတင်းစာသို့ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းတွင်ပြောသည်။

ဒေါက်တာအောင်ကျော်ဝင်းမှာ အမျိုးသမီးမဟုတ်ဘဲ အမျိုးသားတစ်ဦးဖြစ်ကာ သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ ပတ်စ်ပို့စ်၊ ဘွဲ့လက်မှတ်၊ ဆေးမှတ်တမ်းများ တိုက်ဆိုင်စစ်ဆေး၍ ရကြောင်းလည်း ဒေါက်တာသက်သက်ခိုင်က ဆက်လက်ပြောဆိုသည်။

ထို့ပြင် ဒေါက်တာအောင်ကျော်ဝင်းကို ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်မှ သုဓမ္မမဏိဇောတဓရ ဘွဲ့ပေးအပ်ခဲ့ပြီး အဆိုပါဘွဲ့မှာ အမျိုးသားများကိုသာပေးအပ်သော ဘွဲ့တံဆိပ်တစ်ခုလည်းဖြစ်သည်။

ဒေါက်တာအောင်ကျော်ဝင်းမှာ ရွှေတိဂုံစေတီအပေါ်သို့ တက်ရောက်၍ ရွှေသင်္ကန်းနှစ်ခါကပ်ဖူးပြီး ယခု ပတ္တမြား မျက်ရှင်ဘုရားကို တက်ရောက်ဖူးမြှော်သည်ကို အမျိုးသမီးတက်သည်ဆိုပြီး ပြောခြင်းသည် ၎င်းတို့၏ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ တရားစွဲဆိုရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဒေါ်သက်သက်ခိုင်က ဆိုသည်။

အောက်တိုဘာ ၃ ရက်နေ့က အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ဘုရားပေါ်သို့ ရွှေနန်းတော်ရွှေ ဆိုင်ပိုင်ရှင်ဒေါက်တာအောင်ကျော်ဝင်းနှင့် ဧည့်သည်နှစ်ဦး တက်ရောက်ဖူးမြှော်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဒေါက်တာအောင်ကျော်ဝင်းကို အမျိုးသမီးဟုဆိုကာ အထက်ပစ္စယံသို့ တက်ခွင့်ပြုခဲ့သည့် ရွှေတိဂုံစေတီ ဂေါပကရုံးအဖွဲ့မှူးကို တာဝန်မှရပ်ဆိုင်းခဲ့ခြင်းကြောင့် ယခုပြဿနာပေါ်ပေါက်လာခြင်းဖြစ်သည်။

ယင်းကိစ္စကြောင့် တာဝန်မှ ရပ်နားခံရသည့် ရွှေတိဂုံစေတီဂေါပက ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေကလည်း ရွှေတိဂုံစေတီဂေါပကအဖွဲ့အနေဖြင့် Mytel ဆက်သွယ်ရေးစက်ကို တပ်ခွင့်ပြုထားခြင်းနှင့် ဂေါပကအဖွဲ့ဝင်မှ ဆဲဆိုခြင်းအပါအဝင် အခြားသော အကြောင်းအရာများကို နိုင်ငံတော်သမ္မတနှင့် အဂတိတိုက်ဖျက်ရေးကော်မရှင်တို့ထံ တိုင်ကြားထားပြီး အရေးယူခြင်းမရှိပါက တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။ လေးစားစွာဖြင့် ခရက်ဒစ်