ျမန္မာႏိုင္ငံသား ႏိုင္ငံကူးစာအုပ္အတုဂိုဏ္းအား ေဖၚထုတ္ဖမ္းဆီး

Zawgyi

ေအာက္တိုဘာလ ၁၁ ရက္ ေန ့က ဘန္ေကာက္ျမိဳ ့ လူ၀င္မွုၾကီးၾကပ္ေရး ဗ်ဴရို က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ထိုင္းျမန္မာနယ္စပ္

မဲေဆာက္ျမိဳ ့ကေန ကုန္ပို ့ေဆာင္ေ၇းစနစ္နဲ ့ ျမန္မာနိုင္ငံကူး စာအုပ္အတု ေတြ ျဖန္ ့ေနတဲ့ ဂိုဏ္းကို ေဖၚထုတ္ဖမ္းဆီးနိုင္ခဲ့ေၾကာင္း လ၀က ဦးစီးအရာရွိ စြန္ဖုန္း ခ်င္ဒူ၀မ္ Sompong Chingdaoက

ထုတ္ေဖၚေျပာဆိုသြားပါတယ္။ ထိုင္းေတာင္းပိုင္း စုန္ခလာခရိုင္မွာ နိုင္ငံကူးစာအုပ္အတု ကိုင္ေဆာင္ထားသူ ကိုေက်ာ္(၃၁)နွစ္ ဆိုသူက စတင္ဖမ္းမိခဲ့ရာက စာအုပ္အတုလုပ္ေနသူေတြကို

ဆက္လက္ေဖၚထုတ္ဖမ္းဆီးနိုင္ခဲ့ျဖစ္ေၾကာင္း သိရပါတယ္။ ျမန္မာနိုင္ငံကူး စာအုပ္ အတု( ၁၄) အုပ္နဲ ့ အတူ တရားခံ မနီလာ (၃၂)ႏွစ္ နဲ ့ကိုဇင္ (၃၃)နွစ္တို ့နဲ ့ အတူ တရားမ၀င္

ျမန္မာနိုင္ငံသား ၁၀ ဦးကို ဘန္ေကာက္ျမိဳ ့Bang Khun Thian ဘန္ ့ခြန္ထရင္ တိုက္ခန္းမွာ ဖမ္းဆီးခဲ့ျပီး တရားခံေတြရဲ ့ ၀န္ခံခ်က္အရ ျမန္မာနိုင္ငံသားေတြကို လူေမွာင္သမားေတြနဲ ့

ဘန္ေကာက္ကိုေခၚလာျပီး နိုင္ငံကူးးစာအုပ္အတုေတြ လုပ္ေပးေနတာျဖစ္ပါတယ္။ တရားခံ မနီလာ ဟာ ျမန္မာနိုင္ငံကူးစာအုပ္ေတြမွာ တဆိပ္တုံးအတုေတြ ဇီဇာ အတုေတြ ထုျပီး

Pass port တအုပ္ကို ထိုင္းဘတ္ေငြ ၁၈၀၀၀ နဲ ့ အခေၾကးေငြယူျပီး စာအုပ္ အတုလုပ္ငန္း လုပ္ေနတာျဖစ္ပါတယ္။ ခုလိုတဆိပ္တံုးမထုရေသးတဲ့ နိုင္ငံကူးစာအုပ္ေတြကို ျမန္မာနိုင္ငံတြင္းကေန

ယူလာျပီး ထိုင္းျမန္မာနယ္စပ္ ျမ၀တီက တဆင့္ မဲေဆာက္ျမိဳ ့ ကို ယူထုတ္လာကာ မဲေဆာက္ကေန ကုန္စည္ပို ့ေဆာင္ေရး စနစ္နဲ ့ ဘန္ေကာက္ကို ဆက္လက္ပို ့လာခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

Unicode

အောက်တိုဘာလ ၁၁ ရက် နေ့က ဘန်ကောက်မြို့ လူဝင်မှုကြီးကြပ်ရေး ဗျူရို က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းမြန်မာနယ်စပ်

မဲဆောက်မြို့ကနေ ကုန်ပို့ဆောင်ရေးစနစ်နဲ့ မြန်မာနိုင်ငံကူး စာအုပ်အတု တွေ ဖြန့်နေတဲ့ ဂိုဏ်းကို ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လဝက ဦးစီးအရာရှိ စွန်ဖုန်း ချင်ဒူဝမ် Sompong Chingdaoက

ထုတ်ဖေါ်ပြောဆိုသွားပါတယ်။ ထိုင်းတောင်းပိုင်း စုန်ခလာခရိုင်မှာ နိုင်ငံကူးစာအုပ်အတု ကိုင်ဆောင်ထားသူ ကိုကျော်(၃၁)နှစ် ဆိုသူက စတင်ဖမ်းမိခဲ့ရာက စာအုပ်အတုလုပ်နေသူတွေကို

ဆက်လက်ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့ဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံကူး စာအုပ် အတု( ၁၄) အုပ်နဲ့ အတူ တရားခံ မနီလာ (၃၂)နှစ် နဲ့ကိုဇင် (၃၃)နှစ်တို့နဲ့ အတူ တရားမဝင်

မြန်မာနိုင်ငံသား ၁၀ ဦးကို ဘန်ကောက်မြို့Bang Khun Thian ဘန့်ခွန်ထရင် တိုက်ခန်းမှာ ဖမ်းဆီးခဲ့ပြီး တရားခံတွေရဲ့ ဝန်ခံချက်အရ မြန်မာနိုင်ငံသားတွေကို လူမှောင်သမားတွေနဲ့

ဘန်ကောက်ကိုခေါ်လာပြီး နိုင်ငံကူးးစာအုပ်အတုတွေ လုပ်ပေးနေတာဖြစ်ပါတယ်။ တရားခံ မနီလာ ဟာ မြန်မာနိုင်ငံကူးစာအုပ်တွေမှာ တဆိပ်တုံးအတုတွေ ဇီဇာ အတုတွေ ထုပြီး

Pass port တအုပ်ကို ထိုင်းဘတ်ငွေ ၁၈၀၀၀ နဲ့ အခကြေးငွေယူပြီး စာအုပ် အတုလုပ်ငန်း လုပ်နေတာဖြစ်ပါတယ်။ ခုလိုတဆိပ်တုံးမထုရသေးတဲ့ နိုင်ငံကူးစာအုပ်တွေကို မြန်မာနိုင်ငံတွင်းကနေ

ယူလာပြီး ထိုင်းမြန်မာနယ်စပ် မြဝတီက တဆင့် မဲဆောက်မြို့ ကို ယူထုတ်လာကာ မဲဆောက်ကနေ ကုန်စည်ပို့ဆောင်ရေး စနစ်နဲ့ ဘန်ကောက်ကို ဆက်လက်ပို့လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။