ဒေါင်းနဲ့ ရှုတင်က အမှတ်တရပုံလေးတစ်ပုံ ထုတ်ပြလိုက်တဲ့ ဖွေးဖွေး

Zawgyi








ခရက်ဒစ်

Unicode

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ အနုပညာအပေါ်ထားရှိတဲ့ စိတ်ကြောင့် ချစ်ကြတဲ့ပရိသတ်တွေနဲ့ အောင်မြင်မှုတွေ ပိုပိုပြီး များလာသူလေးဖြစ်တဲ့

ဖွေးစိန်လေးကတော့ အပြစ်ကင်းစင်တဲ့ အလှတရားကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖွေးဖွေးက နှုတ်ခမ်းနီမလေးတွေရဲ့

အသည်းကျော် ဒေါင်းနဲ့ Love Equation ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အတူရိုက်ကူးနေတဲ့ သူမရဲ့ပုံလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

အနုပညာအလုပ်တွေ လုပ်နေရရင်ကို ပျော်နေတဲ့ ဒေါင်းနဲ့ဖွေးကတော့ ရှုတင်မှာ အရမ်းပျော်နေကြတာပါနော်။ ချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်စရာကောင်းတဲ့

ဒေါင်းနဲ့ ဖွေးတို့ အနုပညာမောင်နှမတွေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဒါရိုက်တာ အောင်မြတ်ရိုက်ကူးမယ့်

Love Equation ဇာတ်ကားထဲမှာတော့ ဒေါင်း၊ ခါရာ ၊ သက်မွန်မြင့်နဲ့ ဖွေးဖွေးတို့က အဓိကသရုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေလည်း ဒိတ်ဒိတ်ကြဲ မင်းသား၊ မင်းသမီးတွေနဲ့ ရိုက်ကူးထားတဲ့ Love Equation ရုပ်ရှင် ရုံတင်ရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။

ခရက်ဒစ်