ေက်ာင္းတစ္ခုလုံး မီးေလာင္ျပာက်ခဲ့ ေသာ္လည္း လုံးဝထိခိုက္မွူ မရွိသည့္ အံဖြယ္မီးကြင္းဘုရား

Zawgyi

ေလာကမွာ ျဖစ္ပ်က္တဲ့ ျဖစ္စဥ္တိုင္းမွာ ထူးဆန္းမွုေတြ ရွိေနတတ္ပါတယ္။ အခုဆိုရင္လည္း ရွမ္းျပည္ေျမာက္ပိုင္း၊ ေက်ာက္မဲခရိုင္

သီေပါၿမိဳ့နယ္က မိုင္းလင္းေက်းရြာမွာ ရွိတဲ့ မိုင္းလင္းဘုန္းႀကီးေက်ာင္း အခန႔္မသင့္လို့ မီးေလာင္မွုျဖစ္ပြားခဲ့ပါတယ္။ ေက်ာင္းတိုက္တစ္ခုလုံး မီးေလာင္ျပက်ခဲ့ရေပမယ့္လည္း

ဘုရားတစ္ဆူကေတာ့ မီးမခဘူးလို့ သိရပါတယ္။ အဆိုပါ သတင္းကိုေတာ့ သီေပါ ကိုေအာင္က ယခုကဲ့သို့ မၽွေဝထားပါတယ္။ ေက်ာင္း တစ္ခုလုံး မီးေလာင္ျပာက်သြား ေသာ္လည္း

မီးမခ ဘဲ က်န္ရွိခဲ့သည့္ ဘုရား ဆင္းတု ႐ုပ္ပြား ေတာ္ အား ၈.၁၀.၂၀၁၉ ရက္ေန႔က ဖူးေတြ႕ရစဥ္ ၂.၁၀.၂၀၁၉ ရက္ေန႔က ေလာင္ကၽြမ္းခဲ့သည့္ ေပါ့ဆမီးေၾကာင့္

ရွမ္းျပည္ေျမာက္ပိုင္း၊ေက်ာက္မဲခရိုင္၊ သီေပါၿမိဳ့နယ္ မိုင္းလင္းေက်းရြာအုပ္စုရွိ မိုင္းလင္းဘုန္းေတာ္ႀကီး ေက်ာင္းတိုက္မွာ ျပာပုံအတိ ေျမခခဲ့ရၿပီး ေက်ာင္းတိုက္ေန ကိုရင္ငယ္တစ္ပါး မီးသင့္၍ ပ်ံလြန္ေတာ္မူခဲ့ပါသည္။

ေက်ာင္းတိုက္တစ္ခုလုံးျပာက်သြား ခဲ့ေသာ္လည္း ေက်ာင္သကၡၤန္ထိပ္ တြင္ ကိန္းဝပ္ စံပယ္ေတာ္မူသည့္ ျမတ္စြာဘုရားရွင္ ႐ုပ္ပြားေတာ္မွာ မီးချခင္း မရွိပဲ ပကတိအတိုင္းသာ က်န္ရွိေနခဲ့ပါသည္။

ယခုအခါ မီးေလာင္သြားေသာ ဘုန္းေတာ္ႀကီးေက်ာင္း အသစ္ျပန္လည္တည္ေဆာက္နိုင္ရန္အတြက္ ရပ္နီးရပ္ေဝးမွ႕ လာေရာက္လွူဒါန္းမွု့မ်ားရွိသလို မီးကြင္း ဘုရားရွင္

႐ုပ္ပြားေတာ္အား လာေရာက္ဖူးေမၽွာ္သုမ်ားျဖင့္အထူးစည္ကားလၽွက္ရွိေနေသာ “မီးမခဘုရား:”အားသြားေရာက္ဖူးေမၽွာ္လိုပါ သီေပါၿမိဳ့ မႏၲေလး -လားရိုး ျပည္ေထာင္စု လမ္းမႀကီး

ကုန္းသာေက်းရြာအလည္မွ မွ႕၎အတြင္းသို့ေက်ာက္ၾကမ္းအတိုင္းသြားေရာက္ဖူးေမၽွာ္နိင္ ပါသည္။ အဆိုပါ မီးမခ ဘုရားဆင္းတု ႐ုပ္ပြားေတာ္မွာ မီးေလာင္ေနစဥ္ ကလည္း မ်က္ႏွာေတာ္မွာ

မီးမေလာင္သည့္ ေနာက္ေက်ာဘက္သို့လွည့္ၾကည့္ေနသကဲ့သို့ဖူးျမင္ရေၾကာင္း ရြာခံမ်ား၏ ေျပာျပခ်က္မ်ားအရသိ့ရပါသည္။ သီေပါ ကိုေအာင္

အဆိုပါ ေက်ာင္းရဲ့ ေက်ာင္းထိုင္ ဆရာေတာ္ ဦးပညာေဇာတ ျဖစ္ၿပီး ယင္းေက်ာင္းမွာ သီတင္းသုံးေနတဲ့ အသက္ (၉) ႏွစ္ အရြယ္ကိုယ္ရင္ငယ္ေလးဟာ ညအခ်ိန္မွာ ဖေယာင္းတိုင္မီးနဲ႔ စာၾကည့္ရင္း အိပ္ေပ်ာ္ခဲ့လို့

ည ၁၀ နာရီခန႔္မွာ မီးေလာင္မွုျဖစ္ပြားခဲ့တာလို့ သိရပါတယ္။ ယင္းကဲ့သို့ မီးေလာင္မွုေၾကာင့္ ကိုယ္ရင္ငယ္ေလးလည္း ပ်ံလြန္ေတာ္မွုခဲ့ရပါတယ္။

ကိုယ္ရင္ငယ္ေလးရဲ့ ဘြဲ႕အမည္က ရွင္ကုသလ လို့ သိရပါတယ္။ အဆိုပါ မီးေလာင္မွုနဲ႔ ပတ္သတ္ၿပီး သီေပါၿမိဳ့မရဲစခန္းမွာ ( ပ ) ၁၁၅/၂၀၁၉ ၊ ပုဒ္မ ၂၈၅/၃၀၄ မီးေပါ့ဆမွုျဖင့္ အမွုဖြင့္ထားတယ္လို့လည္း သိရပါတယ္။

Unicode

လောကမှာ ဖြစ်ပျက်တဲ့ ဖြစ်စဉ်တိုင်းမှာ ထူးဆန်းမှုတွေ ရှိနေတတ်ပါတယ်။ အခုဆိုရင်လည်း ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်

သီပေါမြို့နယ်က မိုင်းလင်းကျေးရွာမှာ ရှိတဲ့ မိုင်းလင်းဘုန်းကြီးကျောင်း အခန့်မသင့်လို့ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ကျောင်းတိုက်တစ်ခုလုံး မီးလောင်ပြကျခဲ့ရပေမယ့်လည်း

ဘုရားတစ်ဆူကတော့ မီးမခဘူးလို့ သိရပါတယ်။ အဆိုပါ သတင်းကိုတော့ သီပေါ ကိုအောင်က ယခုကဲ့သို့ မျှဝေထားပါတယ်။ ကျောင်း တစ်ခုလုံး မီးလောင်ပြာကျသွား သော်လည်း

မီးမခ ဘဲ ကျန်ရှိခဲ့သည့် ဘုရား ဆင်းတု ရုပ်ပွား တော် အား ၈.၁၀.၂၀၁၉ ရက်နေ့က ဖူးတွေ့ရစဉ် ၂.၁၀.၂၀၁၉ ရက်နေ့က လောင်ကျွမ်းခဲ့သည့် ပေါ့ဆမီးကြောင့်

ရှမ်းပြည်မြောက်ပိုင်း၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မိုင်းလင်းကျေးရွာအုပ်စုရှိ မိုင်းလင်းဘုန်းတော်ကြီး ကျောင်းတိုက်မှာ ပြာပုံအတိ မြေခခဲ့ရပြီး ကျောင်းတိုက်နေ ကိုရင်ငယ်တစ်ပါး မီးသင့်၍ ပျံလွန်တော်မူခဲ့ပါသည်။

ကျောင်းတိုက်တစ်ခုလုံးပြာကျသွား ခဲ့သော်လည်း ကျောင်သက္င်္ခန်ထိပ် တွင် ကိန်းဝပ် စံပယ်တော်မူသည့် မြတ်စွာဘုရားရှင် ရုပ်ပွားတော်မှာ မီးခခြင်း မရှိပဲ ပကတိအတိုင်းသာ ကျန်ရှိနေခဲ့ပါသည်။

ယခုအခါ မီးလောင်သွားသော ဘုန်းတော်ကြီးကျောင်း အသစ်ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ရပ်နီးရပ်ဝေးမှ့ လာရောက်လှူဒါန်းမှု့များရှိသလို မီးကွင်း ဘုရားရှင်

ရုပ်ပွားတော်အား လာရောက်ဖူးမျှော်သုများဖြင့်အထူးစည်ကားလျှက်ရှိနေသော “မီးမခဘုရား:”အားသွားရောက်ဖူးမျှော်လိုပါ သီပေါမြို့ မန္တလေး -လားရိုး ပြည်ထောင်စု လမ်းမကြီး

ကုန်းသာကျေးရွာအလည်မှ မှ့၎င်းအတွင်းသို့ကျောက်ကြမ်းအတိုင်းသွားရောက်ဖူးမျှော်နိင် ပါသည်။ အဆိုပါ မီးမခ ဘုရားဆင်းတု ရုပ်ပွားတော်မှာ မီးလောင်နေစဉ် ကလည်း မျက်နှာတော်မှာ

မီးမလောင်သည့် နောက်ကျောဘက်သို့လှည့်ကြည့်နေသကဲ့သို့ဖူးမြင်ရကြောင်း ရွာခံများ၏ ပြောပြချက်များအရသိ့ရပါသည်။ သီပေါ ကိုအောင်

အဆိုပါ ကျောင်းရဲ့ ကျောင်းထိုင် ဆရာတော် ဦးပညာဇောတ ဖြစ်ပြီး ယင်းကျောင်းမှာ သီတင်းသုံးနေတဲ့ အသက် (၉) နှစ် အရွယ်ကိုယ်ရင်ငယ်လေးဟာ ညအချိန်မှာ ဖယောင်းတိုင်မီးနဲ့ စာကြည့်ရင်း အိပ်ပျော်ခဲ့လို့

ည ၁၀ နာရီခန့်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ယင်းကဲ့သို့ မီးလောင်မှုကြောင့် ကိုယ်ရင်ငယ်လေးလည်း ပျံလွန်တော်မှုခဲ့ရပါတယ်။

ကိုယ်ရင်ငယ်လေးရဲ့ ဘွဲ့အမည်က ရှင်ကုသလ လို့ သိရပါတယ်။ အဆိုပါ မီးလောင်မှုနဲ့ ပတ်သတ်ပြီး သီပေါမြို့မရဲစခန်းမှာ ( ပ ) ၁၁၅/၂၀၁၉ ၊ ပုဒ်မ ၂၈၅/၃၀၄ မီးပေါ့ဆမှုဖြင့် အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။