သူချစ်ခင်လေးစားရတဲ့သူတွေကို ငွေကြေးလှူဒါန်းခဲ့တဲ့ မင်းသားချောမြင့်မြတ်

Zawgyi














Unicode

ပရိသတ်တွေရဲ့ အချစ်တွေကို အနုပညာလောကမှာ အခိုင်အမာ ရရှိထားတဲ့အပြင် ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ ပြည်သူ့အချစ်တော် မင်းသားချောကတော့ မြင့်မြတ်ပဲ ဖြစ်ပါတယ်နော်။

အကယ်ဒမီ ထူးချွန်ဆုတွေ ရရှိထားပြီး ပရိသတ်တွေရဲ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ အားပေးမှုတွေနဲ့ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ချစ်ဇနီးချောတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ သားချောလေးကို ပိုင်ဆိုင်ထားသူပါ။

မြင့်မြတ်က လက်ရှိ အနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ ထိပ်တန်းမင်းသား တစ်ဦးဖြစ်ပါတယ် ။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရပါတယ် ။

သူဟာ ၂၀၁၇ခုနှစ်က အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို “အမှောင်မှာ ရွာချတဲ့မိုးတိမ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ် ။

အဲဒီနောက် အမှတ်တရ အလှူဓာတ်ပုံလေးကိုလည်း မှတ်တမ်းတင်ခဲ့ ပါသေးတယ် ။ သူ့ကို အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေကတော့ ဒီအလှူလေးအတွက် အများကြီး ဝမ်းသာပီတိဖြစ်နေကြတာကို တွေ့ရပါတယ် ။

သာဓုခေါ်စရာကောင်းလွန်းတဲ့ သက်ကြီးလူရွှင်တော်တွေကို တိုးတိုးတိတ်တိတ် လှူဒါန်းခဲ့တဲ့ သူ့ရဲ့အလှူလေးကို ဟာသသရုပ်ဆောင် ကိုချက်ကြီးက ပရိသတ်တွေကို အသိပေးမျှဝေတာပဲ ဖြစ်ပါတယ်။

သက်ကြီးလူရွှင်တော်များကို အလှူငွေ(10)သိန်းကျပ် ကူညီထောက်ပံ့မူ့အတွက် ကိုမြင့်မြတ်အား လူရွှင်တော်အသင်းကိုယ်စား ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ပါတယ်ခင်ဗျာ..” ဆိုပြီး သရုပ်ဆောင် ကိုချက်ကြီးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားမျှဝေထားတာ ဖြစ်ပါတယ်။

မြင့်မြတ်ကတော့ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ သက်ကြီး လူရွှင်တော်တွေအတွက် ထောက်ပံ့ငွေ ၁၀သိန်းကျပ် လှူဒါန်းခဲ့တာ တွေ့ရပါတယ် ။ သရုပ်ဆောင်မြင့်မြတ်ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ပါ ။

အခုလည်း သက်ကြီးလူရွှင်တော်တွေအတွက် အလှူငွေထောက်ပံ့ပေးခဲ့တာကြောင့် လူရွှင်တော် ချက်ကြီးက ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ် ။

သက်ကြီးလူရွှင်တော်များကို အလှူငွေ(10)သိန်းကျပ် ကူညီထောက်ပံ့မူ့အတွက် ကိုမြင့်မြတ်အား လူရွှင်တော်အသင်းကိုယ်စား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့ပါတယ်ခင်ဗျာ’’ ဆိုပြီးတော့ ည ရ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ် ။

သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးတတ်သူ တစ်ယောက်ပါ ။ ငွေအားလည်း လှူဖြစ်သလို တစ်ခါတလေမှာ ကိုယ်တိုင်လုပ်အားလည်း ပါဝင်လေ့ရှိသူ တစ်ယောက်ဖြစ်ပါတယ် ။

မင့်မြတ်ကတော့ ဒီနှစ်မှာ အသက်(၃၃)နှစ်ပြည့်လို့သွားခဲ့ပါပြီ ။ သူနဲ့ မွေးနေ့တူတဲ့ သားသားလေး မြတ်သူကတော့ အသက်(၁)နှစ်ပြည့်သွားခဲ့ပါပြီ ။

(လေးစားမှုဖြင့် ခရက်ဒစ်)