(၁၀)တန္း က်ရႈံးသည့္ ေက်ာင္းသားမ်ားကို တစ္ဘာသာက်ပ္သုံးသိန္းႏႈန္း ေပးသြင္းလွ်င္ ေအာင္မည္ဟု စာ႐ြက္စာတမ္းအတုမ်ား ျပဳလုပ္ၿပီးလိမ္လည္မႈ

Zawgyi

တကၠသိုလ္ဝင္တန္း စာေမးပြဲက်ရႈံးသည့္ ေက်ာင္းသားမ်ားကို တစ္ဘာသာ က်ပ္သုံးသိန္းႏႈန္းေပးသြင္းလွ်င္ စာေမးပြဲေအာင္ရန္ လုပ္ေပးမည္ဟုေျပာဆိုကာ စာ႐ြက္စာတမ္းအတုမ်ား ျပဳလုပ္ၿပီး

ေငြေၾကးလိမ္လည္သည့္ အမ်ိဳးသမီးတစ္ဦးကို ေနျပည္ေတာ္ ဘုရားကုန္းၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္သည္။ စာ႐ြက္စာတမ္းအတုမ်ား ျပဳလုပ္ကာ

ေက်ာင္းသားမိဘမ်ားထံမွ ေငြေၾကးလိမ္လည္သည့္ အသက္ ၄၄ ႏွစ္အ႐ြယ္ ေဒၚသၪၨာလြင္ဆိုသူကို အေရးယူေပးရန္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ဦးအံ့ေမာင္မွ တိုင္တန္းသျဖင့္

ဘုရားကုန္းၿမိဳ႕မရဲစခန္းတြင္ (ပ) ၆၂ /၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/ ၄၆၈ (လိမ္လည္မႈ/စာ႐ြက္စာတမ္းအတု ျပဳလုပ္မႈ) ျဖင့္ ေအာက္တိုဘာ ၁၀ ရက္က အမူဖြင့္ထားသည္ဟု ဆိုသည္။

ေဒၚသၪၨာလြင္သည္ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္မႈမရွိေသာ ေက်ာင္းသားေက်ာင္းသူမ်ားအား တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ

အမွတ္စာရင္းစာ႐ြက္ ထုတ္ျပန္ခ်က္ႏွင့္ အဆင့္ျမင့္ပညာ ဦးစီးဌာနတို႔မွ တကၠသိုလ္ဝင္ခြင့္၊ မွတ္ပုံတင္ခြင့္ေလွ်ာက္လႊာ၊ သင္တန္းေ႐ြးခ်ယ္ခြင့္ ကဒ္ျပားတို႔ကို အတုျပဳလုပ္၍ ေငြေၾကးလိမ္လည္ရယူေနေၾကာင္း

တိုင္တန္းစာႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ စစ္ေဆးခဲ့ရာ အဆိုပါ စာ႐ြက္စာတမ္းမ်ားမွာ အတုမ်ားျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိရ၍ အမႈဖြင့္ျခင္းျဖစ္သည္ဟု ျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုသို႔ လိမ္လည္ေနမူကို စိစစ္အေရးယူေပးရန္ ေက်ာင္းသားမိဘအခ်ိဳ႕ႏွင့္ ပူးေပါင္းကာ ေအာက္တိုဘာ ၈ ရက္တြင္ ပညာေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာန၊ ႐ုံးအမွတ္ ၅၂ သို႔ တိုင္းတန္းခဲ့သည္ဟု

တိုင္စာပို႔ခဲ့သူ ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕နယ္ က်ည္ေတာင္ကန္ ၁ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္မင္းဦးက ေျပာပါသည္။ “ဒါမ်ိဳးလုပ္ေနတာ ႏွစ္ႏွစ္ေလာက္ရွိၿပီလို႔ ၾကားတယ္။ ဘယ္သူမွမေျပာၾကလို႔

ကြၽန္ေတာ္တို႔က မျဖစ္ေတာ့ဘူးဆိုၿပီး တိုင္လိုက္တာ” ဟု ဦးေက်ာ္မင္းဦးက ေျပာသည္။ ၎အမ်ိဳးသမီးသည္ ေက်ာက္ဆည္တကၠသိုလ္ ပထဝီဝင္ဌာန၊ ကထိကဆရာမအျဖစ္ လိမ္လည္မိတ္ဆက္ကာ တကၠသိုလ္ဝင္တန္း

စာေမးပြဲက်ရႈံးသည့္ ေက်ာင္းသားမ်ားကို အမွတ္စာရင္း ျပန္လည္ၾကည့္ရႈ႕ႏိုင္ေၾကာင္းႏွင့္ စာေမးပြဲေအာင္ေစရန္ လုပ္ေဆာင္ေပးႏိုင္ေၾကာင္း ေက်ာင္းသားမိဘမ်ား ယုံၾကည္ေအာင္ေျပာဆိုၿပီး အမွတ္စာရင္းၾကည့္ရန္

က်ပ္ ၂၅၀၀၀ ႏွင့္ စာေမးပြဲေအာင္ေစရန္အတြက္ တစ္ဘာသာ က်ပ္သုံးသိန္းႏႈန္း ေတာင္းယူျခင္းျဖစ္သည္ဟု ဦးေက်ာ္မင္းဦးက ရွင္းျပသည္။ ေဒၚသၪၨာလြင္သည္ ေနျပည္ေတာ္ ပုဗၺသီရိႏွင့္ ဇမၺဴသီရိၿမိဳ႕နယ္အတြင္းမွ

ေက်ာင္းသား ၉ ဦးအပါအဝင္ ရမည္းသင္းႏွင့္ အျခားၿမိဳ႕နယ္မ်ားရွိ ေက်ာင္းသားမိဘ မ်ားထံလည္း ေငြေၾကးမ်ား လိမ္လည္ခဲ့သည္ဟု ၾကားသိရေၾကာင္း ၎ကဆိုသည္။ “စာရင္းအတိအက် ရတာကေတာ့ ေက်ာင္းသား ၉ ဦးေပါ့။

အဲ့တာက ပုဗၺသီရိနဲ႔ ဇဗၺဴသီရိက ေက်ာင္းသားေတြ။ တျခား ရမည္းသင္းတို႔ ဘက္မွာလည္း လိမ္တယ္လို႔ၾကားတယ္။ သတင္းၾကားရတာေတာ့ ေက်ာင္းသား ၄၀ ေလာက္ဆီက လိမ္တယ္လို႔ၾကားတယ္” ဟု ဦးေက်ာ္မင္းဦးက ေျပာသည္။

အဆိုပါ အမ်ိဳးသမီးသည္ ေနျပည္ေတာ္ ဇဗၺဴသီရိၿမိဳ႕နယ္အတြင္း ေနထိုင္ကာ ေက်ာင္းသားမိဘမ်ားကို ယုံၾကည္ေအာင္ေျပာဆိုၿပီး ေငြေၾကးလိမ္လည္ျခင္းျဖစ္ကာ အမွတ္စာရင္းအတုမ်ားႏွင့္ ႐ုံးတံဆိပ္

အတုမ်ား အသုံးျပဳခဲ့သည္ဟု ၎ကေျပာသည္။ ထို႔အျပင္ ေက်ာင္းသားမိဘအခ်ိဳ႕ကို ေခၚေဆာင္ကာ ႐ုံးမ်ား၊ ေက်ာင္းမ်ားသို႔သြားေရာက္ၿပီး အမွတ္စာရင္း ထုတ္ေပးျခင္းမ်ား လုပ္ေဆာင္ခဲ့သည္ဟု ၎ကရွင္းျပသည္။

“အမ်ားစုက ေငြျပန္မရဘူး။ တစ္ေယာက္၊ ႏွစ္ေယာက္ေတာ့ ျပန္ရတယ္။ ေက်ာင္းသားမိဘေတြကလည္း ယုံၿပီးေတာ့ အဲ့လို လုပ္ေပးနတယ္ဆိုတာကို သူမ်ားေတြသိမွာေတာင္ ေၾကာက္ေနၾကတာ” ဟု ဦးေက်ာ္မင္းဦးက ဆိုသည္။

ထိုသို႔ ႐ုံးတံဆိပ္အတုမ်ား အသုံးျပဳကာ စာ႐ြက္စာတမ္းအတုမ်ား ျပဳလုပ္ေနသည့္အေပၚ စက္တင္ဘာ ၂ ရက္တြင္ ပုဗၺသီရိၿမိဳ႕နယ္ တရားသူႀကီးမွ ယင္းအမ်ိဳးသမီးကို ေခၚယူ၍ ကတိခံဝန္ခိုင္းၿပီး အာမခံေပးခဲ့ကာ ထပ္မံ၍

စာ႐ြက္စာတမ္းအတုမ်ား မျပဳလုပ္ရန္ႏွင့္ ဆက္လက္လုပ္ေဆာင္ပါက အာမခံရေတာ့မည္ မဟုတ္ေၾကာင္း သတိေပးေျပာၾကားခဲ့ေသာ္လည္း ဆက္လက္ လုပ္ေဆာင္ေနသည့္အတြက္ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာနသို႔ တိုင္ၾကားရျခင္း

ျဖစ္သည္ဟု ဦးေက်ာ္မင္းဦးက ေျပာသည္။ လက္ရွိတြင္မူ အဆိုပါအမ်ိဳးသမီးမွာ ထြက္ေျပးတိမ္ေရွာင္ေနသျဖင့္ ဖမ္းဆီးရမိျခင္း မရွိေသးေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Unicode

တက္ကသိုလ်ဝင်တန်း စာမေးပွဲကျရှုံးသည့် ကျောင်းသားများကို တစ်ဘာသာ ကျပ်သုံးသိန်းနှုန်းပေးသွင်းလျှင် စာမေးပွဲအောင်ရန် လုပ်ပေးမည်ဟုပြောဆိုကာ စာရွက်စာတမ်းအတုများ ပြုလုပ်ပြီး

ငွေကြေးလိမ်လည်သည့် အမျိုးသမီးတစ်ဦးကို နေပြည်တော် ဘုရားကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ စာရွက်စာတမ်းအတုများ ပြုလုပ်ကာ

ကျောင်းသားမိဘများထံမှ ငွေကြေးလိမ်လည်သည့် အသက် ၄၄ နှစ်အရွယ် ဒေါ်သဉ္ဇာလွင်ဆိုသူကို အရေးယူပေးရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအံ့မောင်မှ တိုင်တန်းသဖြင့်

ဘုရားကုန်းမြို့မရဲစခန်းတွင် (ပ) ၆၂ /၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/ ၄၆၈ (လိမ်လည်မှု/စာရွက်စာတမ်းအတု ပြုလုပ်မှု) ဖြင့် အောက်တိုဘာ ၁၀ ရက်က အမူဖွင့်ထားသည်ဟု ဆိုသည်။

ဒေါ်သဉ္ဇာလွင်သည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုမရှိသော ကျောင်းသားကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ

အမှတ်စာရင်းစာရွက် ထုတ်ပြန်ချက်နှင့် အဆင့်မြင့်ပညာ ဦးစီးဌာနတို့မှ တက္ကသိုလ်ဝင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်လွှာ၊ သင်တန်းရွေးချယ်ခွင့် ကဒ်ပြားတို့ကို အတုပြုလုပ်၍ ငွေကြေးလိမ်လည်ရယူနေကြောင်း

တိုင်တန်းစာနှင့်ပတ်သက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ စစ်ဆေးခဲ့ရာ အဆိုပါ စာရွက်စာတမ်းများမှာ အတုများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရ၍ အမှုဖွင့်ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ လိမ်လည်နေမူကို စိစစ်အရေးယူပေးရန် ကျောင်းသားမိဘအချို့နှင့် ပူးပေါင်းကာ အောက်တိုဘာ ၈ ရက်တွင် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ရုံးအမှတ် ၅၂ သို့ တိုင်းတန်းခဲ့သည်ဟု

တိုင်စာပို့ခဲ့သူ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဦးက ပြောပါသည်။ “ဒါမျိုးလုပ်နေတာ နှစ်နှစ်လောက်ရှိပြီလို့ ကြားတယ်။ ဘယ်သူမှမပြောကြလို့

ကျွန်တော်တို့က မဖြစ်တော့ဘူးဆိုပြီး တိုင်လိုက်တာ” ဟု ဦးကျော်မင်းဦးက ပြောသည်။ ၎င်းအမျိုးသမီးသည် ကျောက်ဆည်တက္ကသိုလ် ပထဝီဝင်ဌာန၊ ကထိကဆရာမအဖြစ် လိမ်လည်မိတ်ဆက်ကာ တက္ကသိုလ်ဝင်တန်း

စာမေးပွဲကျရှုံးသည့် ကျောင်းသားများကို အမှတ်စာရင်း ပြန်လည်ကြည့်ရှု့နိုင်ကြောင်းနှင့် စာမေးပွဲအောင်စေရန် လုပ်ဆောင်ပေးနိုင်ကြောင်း ကျောင်းသားမိဘများ ယုံကြည်အောင်ပြောဆိုပြီး အမှတ်စာရင်းကြည့်ရန်

ကျပ် ၂၅၀၀၀ နှင့် စာမေးပွဲအောင်စေရန်အတွက် တစ်ဘာသာ ကျပ်သုံးသိန်းနှုန်း တောင်းယူခြင်းဖြစ်သည်ဟု ဦးကျော်မင်းဦးက ရှင်းပြသည်။ ဒေါ်သဉ္ဇာလွင်သည် နေပြည်တော် ပုဗ္ဗသီရိနှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းမှ

ကျောင်းသား ၉ ဦးအပါအဝင် ရမည်းသင်းနှင့် အခြားမြို့နယ်များရှိ ကျောင်းသားမိဘ များထံလည်း ငွေကြေးများ လိမ်လည်ခဲ့သည်ဟု ကြားသိရကြောင်း ၎င်းကဆိုသည်။ “စာရင်းအတိအကျ ရတာကတော့ ကျောင်းသား ၉ ဦးပေါ့။

အဲ့တာက ပုဗ္ဗသီရိနဲ့ ဇဗ္ဗူသီရိက ကျောင်းသားတွေ။ တခြား ရမည်းသင်းတို့ ဘက်မှာလည်း လိမ်တယ်လို့ကြားတယ်။ သတင်းကြားရတာတော့ ကျောင်းသား ၄၀ လောက်ဆီက လိမ်တယ်လို့ကြားတယ်” ဟု ဦးကျော်မင်းဦးက ပြောသည်။

အဆိုပါ အမျိုးသမီးသည် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်အတွင်း နေထိုင်ကာ ကျောင်းသားမိဘများကို ယုံကြည်အောင်ပြောဆိုပြီး ငွေကြေးလိမ်လည်ခြင်းဖြစ်ကာ အမှတ်စာရင်းအတုများနှင့် ရုံးတံဆိပ်

အတုများ အသုံးပြုခဲ့သည်ဟု ၎င်းကပြောသည်။ ထို့အပြင် ကျောင်းသားမိဘအချို့ကို ခေါ်ဆောင်ကာ ရုံးများ၊ ကျောင်းများသို့သွားရောက်ပြီး အမှတ်စာရင်း ထုတ်ပေးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ၎င်းကရှင်းပြသည်။

“အများစုက ငွေပြန်မရဘူး။ တစ်ယောက်၊ နှစ်ယောက်တော့ ပြန်ရတယ်။ ကျောင်းသားမိဘတွေကလည်း ယုံပြီးတော့ အဲ့လို လုပ်ပေးနတယ်ဆိုတာကို သူများတွေသိမှာတောင် ကြောက်နေကြတာ” ဟု ဦးကျော်မင်းဦးက ဆိုသည်။

ထိုသို့ ရုံးတံဆိပ်အတုများ အသုံးပြုကာ စာရွက်စာတမ်းအတုများ ပြုလုပ်နေသည့်အပေါ် စက်တင်ဘာ ၂ ရက်တွင် ပုဗ္ဗသီရိမြို့နယ် တရားသူကြီးမှ ယင်းအမျိုးသမီးကို ခေါ်ယူ၍ ကတိခံဝန်ခိုင်းပြီး အာမခံပေးခဲ့ကာ ထပ်မံ၍

စာရွက်စာတမ်းအတုများ မပြုလုပ်ရန်နှင့် ဆက်လက်လုပ်ဆောင်ပါက အာမခံရတော့မည် မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သော်လည်း ဆက်လက် လုပ်ဆောင်နေသည့်အတွက် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ တိုင်ကြားရခြင်း

ဖြစ်သည်ဟု ဦးကျော်မင်းဦးက ပြောသည်။ လက်ရှိတွင်မူ အဆိုပါအမျိုးသမီးမှာ ထွက်ပြေးတိမ်ရှောင်နေသဖြင့် ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။