ကျောက်ဆည်ဆင်ပွဲမှာ ဖျော်ဖြေနေရင်း ဦးနှောက်သွေးကြောပြတ်မလိုထိဖြစ်ခဲ့ရတယ်ဆိုတဲ့ ဇေရဲထက်

Zawgyi





ခရက်ဒစ်

Unicode

ကျောက်ဆည်သားတစ်ပိုင်းလိုဖြစ်နေတဲ့ ဇေရဲထက်တစ်ယောက် ကျောက်ဆည်ရဲ့ဆင်ကပွဲမှာ ပါဝင်ဖျော်ဖြေခွင့်ရတာကို ပျော်မိ ပေမယ့် လုံးဝမကတတ်တဲ့ သူ့အဖို့တော့ တကယ့်ကို အခက်တွေ့ခဲ့ရတဲ့အတွေ့အကြုံတစ်ခုပါပဲ။

အဆင်ပြေဖို့အတွက် သေချာလေ့ကျင့် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး ပရိသတ်တွေကိုဖျော်ဖြေတဲ့အချိန်မှာလည်း အဆင်ပြေပြေနဲ့ ဖျော်ဖြေနိုင်ခဲ့ပြီး လာရောက် အားပေးတဲ့ ပရိသတ်တွေကလည်း အများအပြားပါပဲ။

လူအုပ်လိုက်ကြီးအားပေးကြမ်းချက်ကတော့ တကယ့်ကိုအံ့မခန်းပါပဲ။ နယ်ပရိသတ်ပိုများတဲ့ မင်းသားဖြစ်တာမို့ ပရိသတ်အားပေးမှု ကလည်း တကယ့်ကိုအံ့မခန်းပါပဲ။ နှစ်တိုင်းမှာနာမည်ကြီးတဲ့ ကျောက်ဆည်ရဲ့ဆင်ကပွဲမှာ အလှဆင်ထားတဲ့ဆင်ရုပ်ကြီးတွေ ဟာ မြင်သူတိုင်းကို အံ့သြစေခဲ့တာမို့ အမြဲတမ်းနာမည်ကြီးခဲ့တဲ့ ပွဲတစ်ပွဲပါပဲ။

ပူလွန်းတဲ့ရာသီဥတုကြောင့် ကပြဖျော်ဖြေနေတဲ့ ဇေရဲထက်တစ်ယောက် ခေါင်းတွေမူးလာပြီး ဦးနှောက်သွေးကြောပြတ်မလို ထိတောင်ဖြစ်ခဲ့ရတဲ့အကြောင်းကို ” အရမ်းမူးပြီး ဦးနှောက်သွေးကြောပြတ်မတတ်ခံစားနေရတယ်းးးပူလိုက်တားး ဒါပေမယ့် ချစ်တဲ့သူအားပေးတဲ့သူတွေကြိတ်ကြိတ်တိုးအောင် အားပေးတော့ စိတ်ချမ်းသာရတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ်။
.

ခရက်ဒစ်