နို႔တိုက္စရာ ကုန္သြားတာေၾကာင့္ သမီးႏွစ္ဦးကို ဖခင္က အရက္တိုက္တာ သတိေမ့ၿပီး ေဆး႐ုံတင္လိုက္ရ

Zawgyi

ညီအစ္မ ႏွစ္ဦးဟာ အရက္အဆိပ္ သင့္သြားတာေၾကာင့္ ေဆး႐ုံကို အေရးေပၚ တင္ခဲ့ရၿပီး ကုသမႈ ခံယူခဲ့ၾက ရပါတယ္။ ေဒသခံ တစ္ဦးက (၄) ႏွစ္အ႐ြယ္ မာရီနာ (Maryna) နဲ႕ သူ႕ရဲ႕ ညီမ (၂) ႏွစ္အ႐ြယ္ လူဒါ (Luda) တို႔ကို ယူကရိန္းနိုင္ငံ ခ်ာလင္ဂါ (Chaplynka) ႐ြာက လမ္းေပၚမွာ သတိေမ့လ်က္ ေတြ႕ရွိခဲ့ပါတယ္။

ကေလး (၂) ဦးဟာ အရက္အဆိပ္ သင့္တာေၾကာင့္ ေသမလိုေတာင္ ျဖစ္သြားခဲ့ၾကပါတယ္။Dailymail သတင္းက သူတို႔ရဲ႕ ဖခင္ျဖစ္သူ မီကိုလာ (Mykola) ဟာ သူ႕သမီးအရင္း (၂) ဦးကို နို႔တိုက္စရာ မရွိတာေၾကာင့္ အရက္ကို ေန႕လည္စာအျဖစ္ တိုက္ခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ကေလးေတြရဲ႕ မိခင္ျဖစ္သူ အိုဂါ (Olga) ဟာ အလုပ္နဲ႕ တစ္ျခားနိုင္ငံကို ေရာက္ရွိေနပါတယ္။ ဒါေၾကာင့္မို႔၊ ဖခင္ျဖစ္သူ မီကိုလာက သူ တစ္ေယာက္တည္း ကေလး (၂) ဦးကို ထိန္းသိမ္းေစာင့္ေရွာက္ေနတာ ျဖစ္ပါတယ္။

ေအာက္တိုဘာလ (၃) ရက္ေန႕က၊ ကေလး (၂) ဦးဟာ သူ႕တို႔ရဲ႕ ဖခင္ကို ေန႕လည္စာ ေကြၽးဖို႔ ေျပာခဲ့ၾကၿပီး ဖခင္ျဖစ္သူက နို႔ဘူးထဲမွာ နို႔အစား အရက္ကို ထည့္ၿပီး တိုက္ခဲ့ပါတယ္။ ခဏၾကာေတာ့ ကေလး (၂) ဦးကို သူတို႔ရဲ႕ အိမ္ေဘးနားက လမ္းေပၚမွာ သတိေမ့လ်က္ ေတြ႕ရွိခဲ့ပါတယ္။

ကေလး (၂) ဦးကို ေတြ႕ရွိခဲ့တာဟာ သူတို႔ရဲ႕ အိမ္နီးခ်င္းျဖစ္သူ အမ်ိဳးသမီး တယ္တီယာနာ (Tetiana) ပဲ ျဖစ္ပါတယ္။တယ္တီယာနာဟာ ကေလး (၂) ဦးကို ေတြ႕တဲ့ အခ်ိန္မွာ အရက္အနံ႕က အလြန္ဆိုးၿပီး ကေလးေတြလည္း သတိေမ့ေနတာေၾကာင့္ ေဆး႐ုံကားကို ဖုန္းေခၚခဲ့ပါတယ္။

ကေလး (၂) ဦးကို ေဆး႐ုံ အျမန္ တင္လိုက္ၿပီး အရက္အဆိပ္သင့္ေနတာ ျဖစ္တယ္လို႔ ဆရာဝန္ေတြက ေျပာခဲ့ပါတယ္။ လက္ရွိမွာေတာ့ ရဲေတြက ကေလး (၂) ဦးရဲ႕ ဖခင္ျဖစ္သူကို မိဘတာဝန္ မေက်ပြန္မႈနဲ႕ ဖမ္းဆီးသြားခဲ့ၿပီ ျဖစ္ပါတယ္။

Unicode

ညီအစ်မ နှစ်ဦးဟာ အရက်အဆိပ် သင့်သွားတာကြောင့် ဆေးရုံကို အရေးပေါ် တင်ခဲ့ရပြီး ကုသမှု ခံယူခဲ့ကြ ရပါတယ်။ ဒေသခံ တစ်ဦးက (၄) နှစ်အရွယ် မာရီနာ (Maryna) နဲ့ သူ့ရဲ့ ညီမ (၂) နှစ်အရွယ် လူဒါ (Luda) တို့ကို ယူကရိန်းနိုင်ငံ ချာလင်ဂါ (Chaplynka) ရွာက လမ်းပေါ်မှာ သတိမေ့လျက် တွေ့ရှိခဲ့ပါတယ်။

ကလေး (၂) ဦးဟာ အရက်အဆိပ် သင့်တာကြောင့် သေမလိုတောင် ဖြစ်သွားခဲ့ကြပါတယ်။Dailymail သတင်းက သူတို့ရဲ့ ဖခင်ဖြစ်သူ မီကိုလာ (Mykola) ဟာ သူ့သမီးအရင်း (၂) ဦးကို နို့တိုက်စရာ မရှိတာကြောင့် အရက်ကို နေ့လည်စာအဖြစ် တိုက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ကလေးတွေရဲ့ မိခင်ဖြစ်သူ အိုဂါ (Olga) ဟာ အလုပ်နဲ့ တစ်ခြားနိုင်ငံကို ရောက်ရှိနေပါတယ်။ ဒါကြောင့်မို့၊ ဖခင်ဖြစ်သူ မီကိုလာက သူ တစ်ယောက်တည်း ကလေး (၂) ဦးကို ထိန်းသိမ်းစောင့်ရှောက်နေတာ ဖြစ်ပါတယ်။

အောက်တိုဘာလ (၃) ရက်နေ့က၊ ကလေး (၂) ဦးဟာ သူ့တို့ရဲ့ ဖခင်ကို နေ့လည်စာ ကျွေးဖို့ ပြောခဲ့ကြပြီး ဖခင်ဖြစ်သူက နို့ဘူးထဲမှာ နို့အစား အရက်ကို ထည့်ပြီး တိုက်ခဲ့ပါတယ်။ ခဏကြာတော့ ကလေး (၂) ဦးကို သူတို့ရဲ့ အိမ်ဘေးနားက လမ်းပေါ်မှာ သတိမေ့လျက် တွေ့ရှိခဲ့ပါတယ်။

ကလေး (၂) ဦးကို တွေ့ရှိခဲ့တာဟာ သူတို့ရဲ့ အိမ်နီးချင်းဖြစ်သူ အမျိုးသမီး တယ်တီယာနာ (Tetiana) ပဲ ဖြစ်ပါတယ်။တယ်တီယာနာဟာ ကလေး (၂) ဦးကို တွေ့တဲ့ အချိန်မှာ အရက်အနံ့က အလွန်ဆိုးပြီး ကလေးတွေလည်း သတိမေ့နေတာကြောင့် ဆေးရုံကားကို ဖုန်းခေါ်ခဲ့ပါတယ်။

ကလေး (၂) ဦးကို ဆေးရုံ အမြန် တင်လိုက်ပြီး အရက်အဆိပ်သင့်နေတာ ဖြစ်တယ်လို့ ဆရာဝန်တွေက ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ ရဲတွေက ကလေး (၂) ဦးရဲ့ ဖခင်ဖြစ်သူကို မိဘတာဝန် မကျေပွန်မှုနဲ့ ဖမ်းဆီးသွားခဲ့ပြီ ဖြစ်ပါတယ်။