မဲေဆာက္ၿမိဳ႕တြင္ ျမန္မာႏိုင္ငံဘက္သို႔ တင္ပို႔ေရာင္းခ်မည့္ ပိန္ေဆးအတုမ်ား ဖမ္းဆီးရမိ

Zawgyi

ထိုင္း၊ ျမန္မာနယ္စပ္၊ တာ့ခ္ခ႐ိုင္၊ မဲေဆာက္ၿမိဳ႕မွာ စိတ္နဲ႔အာရံုေၾကာထိခိုက္ေစတဲ့ ဓာတုေဆးအသံုးျပဳ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ေဆး (ပိန္ေဆး)ေတြ ဖမ္းဆီးမိခဲ့ပါတယ္။

ပိန္ေဆးေတြ ထုတ္လုပ္ေရာင္းခ်ေနေၾကာင္း သတင္းရတဲ့အတြက္ မဲေဆာက္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔၊ မဲေဆာက္ခရိုင္ အထူးစံုစမ္း စစ္ေဆးေရးတပ္ဖြဲ႔နဲ႔ က်န္းမာေရးဦးစီးဌာန ၀န္ထမ္းေတြ ပါ၀င္တဲ့ အဖြဲ႔ဟာ မေန႔က မဲေဆာက္ၿမဳိ႕ထဲမွာ လိုက္လံစစ္ေဆး ဖမ္းဆီးခဲ့တာပါ။

တာ၀န္ရွိသူေတြဟာ မဲေဆာက္ၿမဳိ႕ မယ္ေတာ္အုပ္စု ရပ္ကြက္ ၂၊ ထာ့ဆိုင္လြတ္အုပ္စု ရပ္ကြက္ ၁ နဲ႔ မယ့္ကာဆာအုပ္စု ရပ္ကြက္ ၆ စတဲ့ ေနရာ ၃ ခုက ေဆး၀ါးထုတ္လုပ္ေရာင္း ခ်ေနတဲ့ ကုမၸဏီ ၃ ခုကို

၀င္ေရာက္စစ္ေဆးၿပီး ထုတ္လုပ္ၿပီး ပိန္ေဆးေတြနဲ႔ ေဆးထုတ္လုပ္ရာမွာ အသံုးျပဳတဲ့ ကုန္ၾကမ္းေတြကို ၀င္ေရာက္သိမ္းဆည္းခဲ့ပါတယ္။ Cybetramine ေခၚ မူးယစ္ေဆး၀ါးအႏြယ္၀င္ ဓာတုေဆးတမ်ိဳးနဲ႔ ပိန္ေဆးေဖာ္စပ္ေၾကာင္း သတင္းရရွိၿပီး

အဆိုပါ ဓာတုေဆးဟာ လူတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာနဲ႔ အာရုံေၾကာကို ေဘးအႏၱရာယ္ရွိေစတဲ့အတြက္ တာ့ခ္ခရိုင္ ဒုရဲခ်ဳပ္ႀကီး ၀ိရခ်ိဳင္း ဆုန္မစ္တာရဲ႕ ညႊန္ၾကားခ်က္အရ စစ္ေဆးရတာလို႔ ဆိုပါတယ္။

ကုမၸဏီ ၃ ခုလံုးမွာ ပိန္ေဆးေတြထုတ္လုပ္ေရာင္းခ်လ်က္ရွိၿပီး အိမ္နီးခ်င္းျမန္မာႏိုင္ငံကိုပါ တင္ပို႔ေရာင္းခ်ေၾကာင္း၊ တာ၀န္ရွိသူေတြက အဆိုပါကုမၸဏီ ၃ ခုရဲ႕ ပိုင္ရွင္ေတြကို ေခၚယူ စစ္ေဆးေနၿပီး ပုဒ္မတပ္အေရးယူတာေတြေတာ့ မရွိေသးေၾကာင္း ထုိင္းရဲက ေျပာပါတယ္။

ပိန္ေဆးေတြထဲမွာ Cybetramine နဲ႔ အျခားပါ၀င္ပစၥည္းေတြ ပါမပါကိုဦးစြာ ဓာတ္ခြဲၾကည့္မွာျဖစ္ၿပီး ေဘးျဖစ္ေစတဲ့ ပစၥည္းေတြရယူလာတဲ့ ပင္ရင္းေနရာကိုလည္း စစ္ေဆးဦးမယ္လို႔ မဲေဆာက္ရဲတပ္ဖြဲ႔က သတင္းေထာက္ကို ေျပာပါတယ္။

Unicode

ထိုင်း၊ မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ စိတ်နဲ့အာရုံကြောထိခိုက်စေတဲ့ ဓာတုဆေးအသုံးပြု ကိုယ်အလေးချိန် လျှော့ချဆေး (ပိန်ဆေး)တွေ ဖမ်းဆီးမိခဲ့ပါတယ်။

ပိန်ဆေးတွေ ထုတ်လုပ်ရောင်းချနေကြောင်း သတင်းရတဲ့အတွက် မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့၊ မဲဆောက်ခရိုင် အထူးစုံစမ်း စစ်ဆေးရေးတပ်ဖွဲ့နဲ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းတွေ ပါဝင်တဲ့ အဖွဲ့ဟာ မနေ့က မဲဆောက်မြို့ထဲမှာ လိုက်လံစစ်ဆေး ဖမ်းဆီးခဲ့တာပါ။

တာဝန်ရှိသူတွေဟာ မဲဆောက်မြို့ မယ်တော်အုပ်စု ရပ်ကွက် ၂၊ ထာ့ဆိုင်လွတ်အုပ်စု ရပ်ကွက် ၁ နဲ့ မယ့်ကာဆာအုပ်စု ရပ်ကွက် ၆ စတဲ့ နေရာ ၃ ခုက ဆေးဝါးထုတ်လုပ်ရောင်း ချနေတဲ့ ကုမ္ပဏီ ၃ ခုကို

ဝင်ရောက်စစ်ဆေးပြီး ထုတ်လုပ်ပြီး ပိန်ဆေးတွေနဲ့ ဆေးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတွေကို ဝင်ရောက်သိမ်းဆည်းခဲ့ပါတယ်။ Cybetramine ခေါ် မူးယစ်ဆေးဝါးအနွယ်ဝင် ဓာတုဆေးတမျိုးနဲ့ ပိန်ဆေးဖော်စပ်ကြောင်း သတင်းရရှိပြီး

အဆိုပါ ဓာတုဆေးဟာ လူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အာရုံကြောကို ဘေးအန္တရာယ်ရှိစေတဲ့အတွက် တာ့ခ်ခရိုင် ဒုရဲချုပ်ကြီး ဝိရချိုင်း ဆုန်မစ်တာရဲ့ ညွှန်ကြားချက်အရ စစ်ဆေးရတာလို့ ဆိုပါတယ်။

ကုမ္ပဏီ ၃ ခုလုံးမှာ ပိန်ဆေးတွေထုတ်လုပ်ရောင်းချလျက်ရှိပြီး အိမ်နီးချင်းမြန်မာနိုင်ငံကိုပါ တင်ပို့ရောင်းချကြောင်း၊ တာဝန်ရှိသူတွေက အဆိုပါကုမ္ပဏီ ၃ ခုရဲ့ ပိုင်ရှင်တွေကို ခေါ်ယူ စစ်ဆေးနေပြီး ပုဒ်မတပ်အရေးယူတာတွေတော့ မရှိသေးကြောင်း ထိုင်းရဲက ပြောပါတယ်။

ပိန်ဆေးတွေထဲမှာ Cybetramine နဲ့ အခြားပါဝင်ပစ္စည်းတွေ ပါမပါကိုဦးစွာ ဓာတ်ခွဲကြည့်မှာဖြစ်ပြီး ဘေးဖြစ်စေတဲ့ ပစ္စည်းတွေရယူလာတဲ့ ပင်ရင်းနေရာကိုလည်း စစ်ဆေးဦးမယ်လို့ မဲဆောက်ရဲတပ်ဖွဲ့က သတင်းထောက်ကို ပြောပါတယ်။