သမီးကို ေပါင္မုန္႔ဝယ္ေကြၽးႏိုင္ဖို႔ဗိုက္ဆာတဲ့အခ်ိန္ ေရခဲတံုးေလးေတြနဲ႔ ဆန္ေစ့ေတြကိုသာစားၿပီး ေတာင့္ခံခဲ့တဲ့မိခင္

Zawgyi

မိခင္ဆိုတာက သူတို႔ရဲ႕သားသမီးကို ေထာက္ပံ့ေကြၽးေမြးႏိုင္ဖို႔အတြက္ ဘာမဆို စြမ္းေဆာင္ေပးႏိုင္ၾကတဲ့လူေတြပါ ။ သူတို႔ေတြ ငတ္မြတ္ဆာေလာင္ေနရင္ေတာင္မွ သူတို႔ရဲ႕သားသမီးကိုမဆာေလာင္ေအာင္ေကြၽးေမြးၿပီး ဒုကၡဒဏ္ေတြကို အျမဲခံေပးၾကတဲ့သူေတြပါ ။

Aisha Othman အမည္႐ွိတဲ့ မိခင္တစ္ေယာက္ကလည္း သူမရဲ႕ 7ႏွစ္အရြယ္သမီးေလးအတြက္ စားစရာခ်န္ထားေပးႏိုင္ဖို႔ သူမဆာေလာင္ေနတဲ့အခ်ိန္ေတြမွာဆိုရင္ ေရခဲတံုးေလးေတြကိုသာဝါးစားၿပီး ေတာင့္ခံေနေလ့႐ွိေၾကာင္းသိ႐ွိရပါတယ္ ။ Aisha ရယ္ ၊ သူမခင္ပြန္းရယ္ ၿပီးေတာ့သူမ၏သမီးေလး Paymitra တို႔ဟာ Desa Rejang PPR ဆိုတဲ့ မေလး႐ွားႏိုင္ငံ ၊

Kuala Lumpurၿမိဳ႕မွာ႐ွိတဲ့ လူမ်ားစြာေနထိုင္တဲ့အိမ္တန္းရားႀကီးတစ္ခုမွာ ေနထိုင္လ်က္႐ွိပါတယ္ ။ သူမတို႔မိသားစုဟာ အေတာ္ေလးကိုဆင္းရဲၿပီး သူမ၏ခင္ပြန္းကလံုျခံဳေရးဝန္ထမ္းတစ္ဦးအေနနဲ႔ အလုပ္လုပ္ကိုင္ေနလ်က္႐ွိၿပီး သူမတို႔မိသားစု၏တစ္လဝင္ေငြမွာေတာ့ RM 1,500 (ျမန္မာေငြ 5သိန္းခြဲ ဝန္းက်င္) ခန္႔သာရ႐ွိခဲ့တဲ့အတြက္

ဘာစားရင္ေကာင္းမလဲဆိုၿပီးစဥ္းစားခြင့္ေလးေတာင္မရ႐ွိဖူးဘူးဆိုၿပီး Aisha ကေျပာျပခဲ့ပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ လ်ွပ္စစ္မီး ၊ ေရ စတဲ့အခြန္ေတြ နဲ႔ အိမ္ငွါးခေတြေၾကာင့္ ျဖစ္ပါတယ္ ။ထို႔အျပင္ ေယာကၡမကိုလည္း ယခင္ကအိမ္ငွါးခေတြျဖစ္တဲ့ RM 5,000 (ျမန္မာေငြ 18သိန္းဝန္က်င္) ခန္႔ေပးဖို႔ အေႂကြးမ်ားျပန္ဆပ္ေနရေၾကာင္းလည္း သိ႐ွိရပါတယ္ ။

” ကြၽန္မတို႔ အခြန္ေတြေပးေဆာင္ၿပီးရင္ေတာ့ စားခ်င္တာစားႏိုင္ၿပီဆိုေပမဲ့လည္း အျမဲတမ္းအခြန္ေတြေပးၿပီးလတိုင္း ကြၽန္မတို႔မွာပိုက္ဆံေတြ မက်န္ေတာ့ပါဘူး ” ဆိုၿပီး Aisha ကေျပာျပသြားခဲ့ပါတယ္။တခါတေလ စားစရာမ႐ွိတဲ့အခ်ိန္ေတြမွာဆိုရင္ 3ရက္ေလာက္ ဆန္ေစ့ေတြကိုသာစားခဲ့ၾကၿပီး

သမီးေလးအတြက္ေတာ့ ေပါင္မုန္႔ေလး ခ်န္ထားေပးေလ့႐ွိပါတယ္ ။ ” ကြၽန္မထမင္းခ်က္ရင္ မီတာခတက္မွာေၾကာက္လို႔ တအားဗိုက္ဆာတဲ့အခ်ိန္ေတြမွာဆိုရင္ ေရခဲတံုးေလးေတြကို စားလိုက္တယ္ ” ဆိုၿပီးေတာ့လည္း Aisha ကေျပာျပသြားခဲ့ပါတယ္ ။

႐ုပ္႐ွင္ဒါ႐ိုက္တာတစ္ေယာက္ျဖစ္တဲ့ Azreen Madzian က Aisha ႏွင့္သူမ၏သမီးျဖစ္သူ Paymitra တို႔၏အေၾကာင္းကိုၾကားသိသြားခဲ့ခ်ိန္မွာေတာ့ မိနစ္ 20စာ “For Paymitra ” ဆိုတဲ့ေခါင္စဥ္ေလးနဲ႔ ျဖစ္ရပ္မွန္သူတို႔ရဲ႕ဘဝဇာတ္ေၾကာင္းေလး ကို အဆိုပါတိုက္တန္းအေဆာက္အအံု PPR စနစ္ျဖင့္ေနထိုင္ေနၾကရတဲ့သူမ်ားအေၾကာင္းႏွင့္အတူ ႐ိုက္ကူးေပးခဲ့ပါတယ္ ။

၎႐ုပ္႐ွင္ရဲ႕ေက်းဇူးေၾကာင့္ Setiwangsa MP,Nik Nazmi Nik Ahmad Service centre မွအရာ႐ွိမ်ားက Aisha ရဲ႕အေျခအေနကို သတင္းလက္ခံရ႐ွိသြားခဲ့ၾကၿပီး သူမတို႔မိသားစု၏အေျခခံအစားအစာမ်ားအတြက္ အေထာက္အပံ့ေပးခဲ့ၾကပါတယ္ ။

Aisha ႏွင့္ သူမ၏ခင္ပြန္ကိုလည္း လူမႈဝန္ထမ္းအလုပ္ေတြကိုေလ်ွာက္ထားၾကဖို႔ အၾကံဥာဏ္ေပးခဲ့ၾကပါတယ္ ။ ကံေကာင္းစြာနဲ႔ပဲ Aisha ဟာ ကုန္စံုဆိုင္တစ္ခုမွာအလုပ္ရ႐ွိသြားခဲ့ၿပီး သူမ၏မိသားစုအတြက္လည္း ဝင္ေငြမ်ားကို တစ္ဖက္တစ္လွမ္းမွ ရွာေဖြေပးႏိုင္ခဲ့ပါတယ္ ။

ခရက္ဒစ္

Unicode

မိခင်ဆိုတာက သူတို့ရဲ့သားသမီးကို ထောက်ပံ့ကျွေးမွေးနိုင်ဖို့အတွက် ဘာမဆို စွမ်းဆောင်ပေးနိုင်ကြတဲ့လူတွေပါ ။ သူတို့တွေ ငတ်မွတ်ဆာလောင်နေရင်တောင်မှ သူတို့ရဲ့သားသမီးကိုမဆာလောင်အောင်ကျွေးမွေးပြီး ဒုက္ခဒဏ်တွေကို အမြဲခံပေးကြတဲ့သူတွေပါ ။ Aisha Othman အမည်ရှိတဲ့ မိခင်တစ်ယောက်ကလည်း သူမရဲ့ 7နှစ်အရွယ်သမီးလေးအတွက် စားစရာချန်ထားပေးနိုင်ဖို့

သူမဆာလောင်နေတဲ့အချိန်တွေမှာဆိုရင် ရေခဲတုံးလေးတွေကိုသာဝါးစားပြီး တောင့်ခံနေလေ့ရှိကြောင်း သိရှိရပါတယ် ။ Aisha ရယ် ၊ သူမခင်ပွန်းရယ် ပြီးတော့ သူမ၏သမီးလေး Paymitra တို့ဟာ Desa Rejang PPR ဆိုတဲ့ မလေးရှားနိုင်ငံ ၊ Kuala Lumpurမြို့မှာရှိတဲ့ လူများစွာနေထိုင်တဲ့အိမ်တန်းရားကြီးတစ်ခုမှာ နေထိုင်လျက်ရှိပါတယ် ။ သူမတို့မိသားစုဟာ အတော်လေးကိုဆင်းရဲပြီး

သူမ၏ခင်ပွန်းကလုံခြုံရေးဝန်ထမ်းတစ်ဦးအနေနဲ့ အလုပ်လုပ်ကိုင်နေလျက်ရှိပြီး သူမတို့မိသားစု၏တစ်လ ဝင်ငွေမှာတော့ RM 1,500 (မြန်မာငွေ 5သိန်းခွဲ ဝန်းကျင်) ခန့်သာရရှိခဲ့တဲ့အတွက် ဘာစားရင်ကောင်းမလဲဆိုပြီးစဉ်းစားခွင့်လေးတောင်မရရှိဖူးဘူးဆိုပြီး Aisha ကပြောပြခဲ့ပါတယ် ။ ဘာလို့လည်းဆိုတော့ လျှပ်စစ်မီး ၊ ရေ စတဲ့အခွန်တွေ နဲ့ အိမ်ငှါးခတွေကြောင့် ဖြစ်ပါတယ် ။

ထို့အပြင် ယောက္ခမကိုလည်း ယခင်ကအိမ်ငှါးခတွေဖြစ်တဲ့ RM 5,000 (မြန်မာငွေ 18သိန်းဝန်ကျင်) ခန့်ပေးဖို့ အကြွေးများပြန်ဆပ်နေရကြောင်းလည်း သိရှိရပါတယ် ။ ” ကျွန်မတို့ အခွန်တွေပေးဆောင်ပြီးရင်တော့ စားချင်တာစားနိုင်ပြီဆိုပေမဲ့လည်း အမြဲတမ်းအခွန်တွေပေးပြီးလတိုင်း ကျွန်မတို့မှာပိုက်ဆံတွေ မကျန်တော့ပါဘူး ” ဆိုပြီး Aisha ကပြောပြသွားခဲ့ပါတယ် ။

တခါတလေ စားစရာမရှိတဲ့အချိန်တွေမှာဆိုရင် 3ရက်လောက် ဆန်စေ့တွေကိုသာစားခဲ့ကြပြီး သမီးလေးအတွက်တော့ ပေါင်မုန့်လေး ချန်ထားပေးလေ့ရှိပါတယ် ။ ” ကျွန်မထမင်းချက်ရင် မီတာခတက်မှာကြောက်လို့ တအားဗိုက်ဆာတဲ့အချိန်တွေမှာဆိုရင် ရေခဲတုံးလေးတွေကို စားလိုက်တယ် ” ဆိုပြီးတော့လည်း Aisha ကပြောပြသွားခဲ့ပါတယ် ။

ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Azreen Madzian က Aisha နှင့်သူမ၏သမီးဖြစ်သူ Paymitra တို့၏အကြောင်းကိုကြားသိသွားခဲ့ချိန်မှာတော့ မိနစ် 20စာ “For Paymitra ” ဆိုတဲ့ခေါင်စဉ်လေးနဲ့ ဖြစ်ရပ်မှန်သူတို့ရဲ့ဘဝဇာတ်ကြောင်းလေး ကို အဆိုပါတိုက်တန်းအဆောက်အအုံ PPR စနစ်ဖြင့်နေထိုင်နေကြရတဲ့သူများအကြောင်းနှင့်အတူ ရိုက်ကူးပေးခဲ့ပါတယ် ။

၎င်းရုပ်ရှင်ရဲ့ကျေးဇူးကြောင့် Setiwangsa MP,Nik Nazmi Nik Ahmad Service centre မှအရာရှိများက Aisha ရဲ့အခြေအနေကို သတင်းလက်ခံရရှိသွားခဲ့ကြပြီး သူမတို့မိသားစု၏အခြေခံအစားအစာများအတွက် အထောက်အပံ့ပေးခဲ့ကြပါတယ် ။

Aisha နှင့် သူမ၏ခင်ပွန်ကိုလည်း လူမှုဝန်ထမ်းအလုပ်တွေကိုလျှောက်ထားကြဖို့ အကြံဉာဏ်ပေးခဲ့ကြပါတယ် ။ ကံကောင်းစွာနဲ့ပဲ Aisha ဟာ ကုန်စုံဆိုင်တစ်ခုမှာအလုပ်ရရှိသွားခဲ့ပြီး သူမ၏မိသားစုအတွက်လည်း ဝင်ငွေများကို တစ်ဖက်တစ်လှမ်းမှ ရှာဖွေပေးနိုင်ခဲ့ပါတယ် ။

ခရက်ဒစ်