ဖမ္းဆီးျခင္းကို အသာတၾကည္လက္ခံေသာ အျပစ္မဲ့သူအား သံသယရွိ႐ုံျဖင့္ အမ်ားသူငွာေရွ႕မွာ လက္ထိပ္ခတ္ၿပီး ကိုယ္ထိလက္ေရာက္ က်ဴးလြန္သူ အထူးမူးယစ္မွ Ye Min Aung ကို ေျပာပီ

Zawgyi

အျပစ္ကင္းစင္ပါလ်က္ သံသယရွိသူတစ္ဦးအေနနဲ႕ ဖမ္းဆီးခံရျခင္းကို အသာတၾကည္လက္ခံေနပါလ်က္ အမ်ားျပည္သူျမင္ကြင္းမွာ လက္ထိပ္ခတ္ၿပီး ကိုယ္ထိလက္ေရာက္ က်ဴးလြန္ရဲတဲ့ အထူးမူးယစ္က Ye Min Aung သို႔

တပ္ဖြဲ႕ဝင္တစ္ဦး အေနနဲ႕ လိုက္နာေစာင့္ထိန္းရမယ့္ က်င့္ဝတ္ေတြကို ခင္ဗ်ား သင္ယူေလ့လာခဲ့ဖူးမယ္လို႔ ယူဆပါတယ္။ လိုက္နာေစာင့္ထိန္းရေကာင္းမွန္းေတာ့ သိပုံမရဘူး

သတင္းအခ်က္အလက္စီးဆင္းမႈ အားေကာင္းျမန္ဆန္ေနတဲ့ ေခတ္ကာလအတြင္း အမ်ားျပည္သူျမင္ကြင္းမွာေတာင္ ဒီလိုက်ဴးလြန္ရဲတာ ခင္ဗ်ားရဲ႕ ပင္ကိုယ္ဗီဇကိုက ဆိုးသြမ္းတာေၾကာင့္လား?

အရင့္အရင္ မႈခင္းေတြမွာလည္း ခင္ဗ်ားဒီလိုပဲ က်ဴးလြန္ေနက်ပဲလား? လူသားတိုင္းမွာ လူ႕ဂုဏ္သိကၡာ ရွိပါတယ္။ ခင္ဗ်ားက အဲ့ဒီ့ဂုဏ္သိကၡာကို ကိုယ္ထိ လက္ေရာက္ က်ဴးလြန္ခဲ့႐ုံနဲ႕ အားမရဘဲ Social Media မွာပါ ထပ္မံေစာ္ကားတယ္။ ပညာတတ္ဆိုတဲ့ အလႊာကိုပါ ေစာ္ကားတယ္။

ခင္ဗ်ား ေစာ္ကားခဲ့တဲ့သူက အတတ္ပညာအားျဖင့္လည္း B.E. (Civil) ဆိုတဲ့ဘြဲ႕ကို ရရွိထားတဲ့သူ။ အသိပညာအားျဖင့္လည္း မိဘ၊ ဆရာသမား၊ ပတ္ဝန္းက်င္ အေပါင္းအသင္း ဘယ္သူ႕ကိုမွ ဒုကၡမေပးတဲ့၊ သူ႕အႏုပညာနဲ႕ ေလာကကို အလွဆင္ေနတဲ့၊ အားလုံးက ခ်စ္ခင္ၾကတဲ့ အႏုပညာသမား။

ခင္ဗ်ားရဲ႕ လုပ္ရပ္ေတြက တပ္ဖြဲ႕ရဲ႕ ဂုဏ္သိကၡာကိုပါ က်ဆင္းေစပါတယ္။ တာဝန္ယူမႈ တာဝန္ခံမႈ ဆိုတဲ့ စကားရပ္ကိုေရာ ခင္ဗ်ား ဘယ္လိုလက္ခံထားပါသလဲ? အားပါးတရ ေစာ္ကားထားၿပီး အေကာင့္ပါ ဖ်က္ေျပးတာ ေယာက္်ားတစ္ေယာက္ရဲ႕ လုပ္ရပ္ဟုတ္ပါသလား?

တပ္ဖြဲ႕ကေန ရဲေျပးအျဖစ္ မေျပးေလာက္ေသးဘူးလို႔ေတာ့ ယူဆပါတယ္။ ေယာက္်ားစစ္တယ္ ဆိုရင္ေပါ့။ ရင္ဆိုင္ဖို႔ အသင့္ျပင္ဆင္ထားပါ။တပ္ဖြဲ႕အေနနဲ႕ေရာ ဒီကိစၥအတြက္ဘယ္လိုတာဝန္ယူမလဲဆိုတာ ေမးခြန္းထုတ္လိုပါတယ္။ ခရက္ဒစ္

Unicode

အပြစ်ကင်းစင်ပါလျက် သံသယရှိသူတစ်ဦးအနေနဲ့ ဖမ်းဆီးခံရခြင်းကို အသာတကြည်လက်ခံနေပါလျက် အများပြည်သူမြင်ကွင်းမှာ လက်ထိပ်ခတ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ရဲတဲ့ အထူးမူးယစ်က Ye Min Aung သို့

တပ်ဖွဲ့ဝင်တစ်ဦး အနေနဲ့ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို ခင်ဗျား သင်ယူလေ့လာခဲ့ဖူးမယ်လို့ ယူဆပါတယ်။ လိုက်နာစောင့်ထိန်းရကောင်းမှန်းတော့ သိပုံမရဘူး

သတင်းအချက်အလက်စီးဆင်းမှု အားကောင်းမြန်ဆန်နေတဲ့ ခေတ်ကာလအတွင်း အများပြည်သူမြင်ကွင်းမှာတောင် ဒီလိုကျူးလွန်ရဲတာ ခင်ဗျားရဲ့ ပင်ကိုယ်ဗီဇကိုက ဆိုးသွမ်းတာကြောင့်လား?

အရင့်အရင် မှုခင်းတွေမှာလည်း ခင်ဗျားဒီလိုပဲ ကျူးလွန်နေကျပဲလား? လူသားတိုင်းမှာ လူ့ဂုဏ်သိက္ခာ ရှိပါတယ်။ ခင်ဗျားက အဲ့ဒီ့ဂုဏ်သိက္ခာကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့ရုံနဲ့ အားမရဘဲ Social Media မှာပါ ထပ်မံစော်ကားတယ်။ ပညာတတ်ဆိုတဲ့ အလွှာကိုပါ စော်ကားတယ်။

ခင်ဗျား စော်ကားခဲ့တဲ့သူက အတတ်ပညာအားဖြင့်လည်း B.E. (Civil) ဆိုတဲ့ဘွဲ့ကို ရရှိထားတဲ့သူ။ အသိပညာအားဖြင့်လည်း မိဘ၊ ဆရာသမား၊ ပတ်ဝန်းကျင် အပေါင်းအသင်း ဘယ်သူ့ကိုမှ ဒုက္ခမပေးတဲ့၊ သူ့အနုပညာနဲ့ လောကကို အလှဆင်နေတဲ့၊ အားလုံးက ချစ်ခင်ကြတဲ့ အနုပညာသမား။

ခင်ဗျားရဲ့ လုပ်ရပ်တွေက တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေပါတယ်။ တာဝန်ယူမှု တာဝန်ခံမှု ဆိုတဲ့ စကားရပ်ကိုရော ခင်ဗျား ဘယ်လိုလက်ခံထားပါသလဲ? အားပါးတရ စော်ကားထားပြီး အကောင့်ပါ ဖျက်ပြေးတာ ယောက်ျားတစ်ယောက်ရဲ့ လုပ်ရပ်ဟုတ်ပါသလား?

တပ်ဖွဲ့ကနေ ရဲပြေးအဖြစ် မပြေးလောက်သေးဘူးလို့တော့ ယူဆပါတယ်။ ယောက်ျားစစ်တယ် ဆိုရင်ပေါ့။ ရင်ဆိုင်ဖို့ အသင့်ပြင်ဆင်ထားပါ။တပ်ဖွဲ့အနေနဲ့ရော ဒီကိစ္စအတွက်ဘယ်လိုတာဝန်ယူမလဲဆိုတာ မေးခွန်းထုတ်လိုပါတယ်။ ခရက်ဒစ်