ဓါတ်ပုံဆရာပြောင်းသွားတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ

Zawgyi







Unicoee

အများကချစ်ခင်အားကျရတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားကြတဲ့ အနုပညာရှင်ဇနီးမောင်နှံတွေထဲမှာ သရုပ်ဆောင် အကယ်ဒမီပြေတီဦး နဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံဟာဆိုရင်

သရုပ်ဆောင်လောကမှာ ဇနီးမောင်နှံနှစ်ယောက်လုံးက အောင်မြင်မှုများစွာရရှိထားတဲ့ ပရိသတ်အချစ်တော်စုံတွဲပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံမှာဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ သားလေးကို

ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံက သမီးလေးနဲ့သားလေးတို့ရဲ့ ချစ်စရာကောင်းတဲ့

ပုံရိပ်ကလေးတွေကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလေ့ရှိသလို မိသားစု ကြည်နူးစရာကောင်းတဲ့ video file လေးတွေကိုလည်း မျှဝေပေးလေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ အိန္ဒြာကျော်ဇင်က

“ကိုယ်တွေက ကိုယ့် personal photographer နဲ့ကိုယ်ပဲလေ” ဆိုပြီး သမီးနဲ့သား က သူတို့ဇနီးမောင်နှံ နှစ်ဦးကို ဓာတ်ပုံရိုက်ပေးနေတဲ့ ပုံလေးတွေကို ဖော်ပြထားပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးနဲ့သားက

သူတို့အဖေနဲ့ အမေ ကို ဓာတ်ပုံရိုက်ပေးနေတဲ့ ပုံလေးတွေကိုပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။