အာရွအဆင့္ ေရႊတံဆိပ္ ရယူႏိုင္ခဲ့ေသာ ကာယႀကံ့ခိုင္မႈမယ္ မသဲဆုအား ေဒသခံမ်ားက ဂုဏ္ျပဳပြဲျဖင့္ ႀကိဳဆို

Zawgyi

၅၃ႀကိမ္ေျမာက္ အာရွ ကာယဗလ ႏွင့္ ကာယႀကံ့ခိုင္မႈ အားကစားၿပိဳင္ပြဲတြင္ ေရႊတံဆိပ္တစ္ခု နွင့္ ေငြတံဆိပ္တစ္ခု ရယူဆြတ္ခူးႏိုင္ခဲ့ေသာ

မသဲဆုအား ရန္ကုန္တိုင္းေဒသႀကီး၊ ဒလၿမိဳ႕နယ္ရွိ ေဒသခံ တာ၀န္ရွိသူမ်ား ႏွင့္ ပရိသတ္မ်ားကဂုဏ္ျပဳပြဲျဖင့္ ႀကိဳဆိုခဲ့ၾကသည္။စက္တင္ဘာ ၃၀ရက္မွ ေအာက္တိုဘာ ၂ရက္အထိ

အင္ဒိုနီးရွားႏိုင္ငံ ဘာတန္ၿမိဳ႕တြင္ က်င္းပခဲ့ေသာ အာရွ ကာယဗလ ႏွင့္ ကာယႀကံ့ခိုင္မႈ အားကစားၿပိဳင္ပြဲ၌ မသဲဆုက အမ်ဳိးသမီး Junior Fitness Physique ၿပိဳင္ပြဲ၌ ေရႊတံဆိပ္ႏွင့္

အမ်ဳိးသမီး Junior Model Physique ၿပိဳင္ပြဲတြင္ ေငြတံဆိပ္ ဆု တို႔ကို ဆြတ္ခူးႏိုင္ခဲ့ျခင္း ျဖစ္သည္။ ညီမကို မေန႔က ရပ္ကြက္ ဥကၠ႒ကိုယ္တိုင္ အစီအစဥ္လုပ္ေပးထားၿပီး ေဒသခံေတြက ႀကိဳဆိုခဲ့ၾက တာေပါ့ေနာ္။

ညီမက ပထမဆုံး အႀကိမ္၀င္ေရာက္ ယွဥ္ၿပိဳင္တဲ့ အာရွအဆင့္ ၿပိဳင္ပြဲမွာ ေရႊတံဆိပ္နဲ႔ ေငြတံဆိပ္ ရယူႏိုင္ခဲ့တာပါ။ ေနာက္ထပ္ ႏိုင္ငံတကာၿပိဳင္ပြဲေတြၿပိဳင္ဖို႔က မေသခ်ာေသးဘူး။ ညီမက အခုဆယ္တန္းဆိုေတာ့

စာေမးပြဲကလည္း ေျဖရအုံးမယ္။ ဒါေပမယ့္ တီခ်ယ္တို႔ကေခၚမယ္ ဆိုရင္ေတာ့ ကမၻာ့ၿပိဳင္ပြဲပဲ ရွိေတာ့တာေပါ့။ အခုလက္ရွိကေတာ့။ ကမၻာ့ၿပိဳင္ပြဲကေတာ့ ကိုးရီးယားမွာ လုပ္မယ္လို႔ ၾကားတယ္။

ဒါေပမယ့္ အဲ့ၿပိဳင္ပြဲအတြက္ ဘယ္သူေတြကို ေခၚမယ္ဆိုတာ မေျပာတတ္ေသးဘူး” ဟု မသဲဆုက ေျပာသည္။ အသက္ ၁၇ႏွစ္အရြယ္ရွိ ျမန္မာ့လက္ေရြးစင္ ကာယႀကံခိုင္မႈ

အားကစားမယ္ မသဲဆုသည္ လက္ရွိတြင္ ႏိုင္ငံတကာၿပိဳင္ပြဲ ႏွစ္ႀကိမ္၀င္ေရာက္ ယွဥ္ၿပိဳင္ထားၿပီး ပထမဆုံးႀကိမ္ ယွဥ္ၿပိဳင္ခဲ့ေသာ ၁၆ႀကိမ္ေျမာက္ အေရွ႕ေတာင္ အာရွ ကာယဗလႏွင့္ ကာယႀကံ့ခိုင္မႈအားကစားၿပိဳင္ပြဲတြင္

ေရႊတံဆိပ္ဆု တစ္ခုကို ရယူႏိုင္ခဲ့သည္။ ယင္းၿပိဳင္ပြဲ၌ ေရႊတံဆိပ္ ရွိခဲ့သည့္အတြက္ က်န္မာေရးနွင့္ အားကစား၀န္ႀကီးဌာကက်ပ္ ၁၀သိန္း၊ အဖြဲ႔ခ်ဳပ္မွ ေရႊတစ္က်ပ္သား ႏွင့္ ေငြက်ပ္ ၅သိန္း ဆုခ်ီးျမွင့္ခဲ့ေၾကာင္း သိရသည္။

Unicode

၅၃ကြိမ်မြောက် အာရှ ကာယဗလ နှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု နှင့် ငွေတံဆိပ်တစ်ခု ရယူဆွတ်ခူးနိုင်ခဲ့သော

မသဲဆုအား ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ ဒေသခံ တာဝန်ရှိသူများ နှင့် ပရိသတ်များကဂုဏ်ပြုပွဲဖြင့် ကြိုဆိုခဲ့ကြသည်။စက်တင်ဘာ ၃၀ရက်မှ အောက်တိုဘာ ၂ရက်အထိ

အင်ဒိုနီးရှားနိုင်ငံ ဘာတန်မြို့တွင် ကျင်းပခဲ့သော အာရှ ကာယဗလ နှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ၌ မသဲဆုက အမျိုးသမီး Junior Fitness Physique ပြိုင်ပွဲ၌ ရွှေတံဆိပ်နှင့်

အမျိုးသမီး Junior Model Physique ပြိုင်ပွဲတွင် ငွေတံဆိပ် ဆု တို့ကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ ညီမကို မနေ့က ရပ်ကွက် ဥက္ကဋ္ဌကိုယ်တိုင် အစီအစဉ်လုပ်ပေးထားပြီး ဒေသခံတွေက ကြိုဆိုခဲ့ကြ တာပေါ့နော်။

ညီမက ပထမဆုံး အကြိမ်ဝင်ရောက် ယှဉ်ပြိုင်တဲ့ အာရှအဆင့် ပြိုင်ပွဲမှာ ရွှေတံဆိပ်နဲ့ ငွေတံဆိပ် ရယူနိုင်ခဲ့တာပါ။ နောက်ထပ် နိုင်ငံတကာပြိုင်ပွဲတွေပြိုင်ဖို့က မသေချာသေးဘူး။ ညီမက အခုဆယ်တန်းဆိုတော့

စာမေးပွဲကလည်း ဖြေရအုံးမယ်။ ဒါပေမယ့် တီချယ်တို့ကခေါ်မယ် ဆိုရင်တော့ ကမ္ဘာ့ပြိုင်ပွဲပဲ ရှိတော့တာပေါ့။ အခုလက်ရှိကတော့။ ကမ္ဘာ့ပြိုင်ပွဲကတော့ ကိုးရီးယားမှာ လုပ်မယ်လို့ ကြားတယ်။

ဒါပေမယ့် အဲ့ပြိုင်ပွဲအတွက် ဘယ်သူတွေကို ခေါ်မယ်ဆိုတာ မပြောတတ်သေးဘူး” ဟု မသဲဆုက ပြောသည်။ အသက် ၁၇နှစ်အရွယ်ရှိ မြန်မာ့လက်ရွေးစင် ကာယကြံခိုင်မှု

အားကစားမယ် မသဲဆုသည် လက်ရှိတွင် နိုင်ငံတကာပြိုင်ပွဲ နှစ်ကြိမ်ဝင်ရောက် ယှဉ်ပြိုင်ထားပြီး ပထမဆုံးကြိမ် ယှဉ်ပြိုင်ခဲ့သော ၁၆ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်

ရွှေတံဆိပ်ဆု တစ်ခုကို ရယူနိုင်ခဲ့သည်။ ယင်းပြိုင်ပွဲ၌ ရွှေတံဆိပ် ရှိခဲ့သည့်အတွက် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာကကျပ် ၁၀သိန်း၊ အဖွဲ့ချုပ်မှ ရွှေတစ်ကျပ်သား နှင့် ငွေကျပ် ၅သိန်း ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။