ႏွင္းဆီလူ႐ႊင္ေတာ္ေတြ ျပက္လုံးျပက္လို႔ရေအာင္ အသားမဲထားေပးတယ္ဆိုတဲ့ ေမကဗ်ာ

Zawgyi

အႏုပညာေလာကထဲမွာ ရပ္တည္ေနတာ ၾကာေနၿပီျဖစ္တဲ့မင္းသမီး ေမကဗ်ာကေတာ့ သ႐ုပ္ေဆာင္တင္မကပဲ အၿငိမ့္မင္းသမီးတစ္ေယာက္အေနနဲ႔လည္း ႏွင္းဆီအဖြဲ႕မွာ အၿမဲပါေနတာ ျဖစ္ပါတယ္။

ညိဳေခ်ာေလးျဖစ္တဲ့မင္းသမီး ေမကဗ်ာကိုေတာ့ အၿငိမ့္ကတဲ့အခ်ိန္မွာ ေတာ္ေတာ္မ်ားမ်ားကေတာ့ သူ႔ရဲ႕အသားအေရညိဳတာကိုပဲ ဟာသလုပ္ၾကတာျဖစ္ၿပီး ဒီအေၾကာင္းေလးကိုေတာ့ ေျပာၾကားသြားခဲ့ပါတယ္။

ႏွင္းဆီေလွ က ျဖစ္တဲ့ အေၾကာင္းေလးနဲ႔ပတ္သက္ၿပီး ေမကဗ်ာက “အစကေတာ့ ႏွင္းဆီေလွ မြန္ျပည္နယ္ ေရေဘးအတြက္ဆိုၿပီး လုပ္ၾကတာေပါ့ေနာ္။ တကယ္အခက္အခဲ ျဖစ္ေနတဲ့ေနရာေတြ အကူအညီ

လိုေနတဲ့ေနရာေတြမွာ လႉဒါန္းဖို႔အတြက္ ႏွင္းဆီေလွ ရံပုံေငြပြဲေလးကို က ျဖစ္တာပါ။ ဒီႏွစ္ကေတာ့ ႀကိဳတင္ျပင္ဆင္ခ်ိန္ပိုရေတာ့ သိပ္အခက္အခဲေတာ့ မျဖစ္ပါဘူး။ ကိုယ့္အတြက္လည္း လုပ္ေနၾကအလုပ္ ျဖစ္ေနတာကို”

ႏွင္းဆီေလွမွာ အမွားေတြ ထပ္ေတြ႕ရဦးမွာလားဆိုတဲ့ အေပၚမွာေတာ့ “မွားတာကေတာ့ မွားေနဦးမွာပဲ က်ိန္းေသကို မွားေနဦးမွာ ဒါေၾကာင့္ မွားမလားဆိုၿပီးေတာ့ ရင္မခုန္ေနေတာ့ဘူး။ ကိုယ့္က က လာတဲ့ႏွစ္ေတြ

မ်ားလာေတာ့လည္း ေၾကာက္စိတ္ေလးကေတာ့ ေလ်ာ့သြားတာေပါ့။ မွားသြားလို႔ရွိရင္လည္ အရင္လို ႐ုပ္ပ်က္ဆင္းပ်က္ႀကီးေတာ့ ျဖစ္မေနေတာ့ဘူးေပါ့။ အိုက္တင္ေလးေတြ လုပ္တတ္ၿပီ ေဖာတတ္ၿပီေပါ့”

လူ႐ႊင္ေတာ္ေတြရဲ႕ ပ်က္လုံးေတြအေပၚ “စမွာပဲ သူတို႔ကေတာ့ ႏွစ္တိုင္းကလည္း ဘယ္လိုေတြ လုပ္မယ္ဆိုတာလည္း မသိဘူး။ ဆင္ေပၚမွာ ေခၚရင္လာေနာ္။ ဟိုဟာေျပာေနာ္ ဒီဟာေျပာေနာ္ဆိုၿပီး စင္ေပၚေရာက္တဲ့အခ်ိန္မွာ ေျပာေနတာပဲေလ။

သူတို႔ေတြက အသားမဲတာပဲ ေျပာမွာပဲ။ လူ႐ႊင္ေတာ္ေတြကို ဘယ္လိုတုန႔္ျပန္မလဲဆိုတဲ့ ေမးခြန္းကိုေတာ့ “အသားအေရကေတာ့ မလုပ္ဘူး သူတို႔ ျပက္လုံးေတြ စဥ္းစားေနရမွာစိုးလို႔ သူတို႔ ေျပာလို႔ရေအာင္ ဒီအသားအေရကို ကိုယ္က

ထိန္းသိမ္းထားေပးတာ ေမြးေပးထားတာ။ ေနာက္မို႔ဆို သူတို႔ကိုယ့္ကို ဘာေျပာရမွန္း သိမွာမဟုတ္ဘူးေလ။ တႏွစ္လာလည္း ဒါပဲ တစ္ႏွစ္လာလည္း ဒါပဲ မေျပာင္းေသးဘူးလားလို႔ ေျပာထားတယ္” ဟု ေျဖၾကားသြားခဲ့ပါတယ္။

Unicode

အနုပညာလောကထဲမှာ ရပ်တည်နေတာ ကြာနေပြီဖြစ်တဲ့မင်းသမီး မေကဗျာကတော့ သရုပ်ဆောင်တင်မကပဲ အငြိမ့်မင်းသမီးတစ်ယောက်အနေနဲ့လည်း နှင်းဆီအဖွဲ့မှာ အမြဲပါနေတာ ဖြစ်ပါတယ်။

ညိုချောလေးဖြစ်တဲ့မင်းသမီး မေကဗျာကိုတော့ အငြိမ့်ကတဲ့အချိန်မှာ တော်တော်များများကတော့ သူ့ရဲ့အသားအရေညိုတာကိုပဲ ဟာသလုပ်ကြတာဖြစ်ပြီး ဒီအကြောင်းလေးကိုတော့ ပြောကြားသွားခဲ့ပါတယ်။

နှင်းဆီလှေ က ဖြစ်တဲ့ အကြောင်းလေးနဲ့ပတ်သက်ပြီး မေကဗျာက “အစကတော့ နှင်းဆီလှေ မွန်ပြည်နယ် ရေဘေးအတွက်ဆိုပြီး လုပ်ကြတာပေါ့နော်။ တကယ်အခက်အခဲ ဖြစ်နေတဲ့နေရာတွေ အကူအညီ

လိုနေတဲ့နေရာတွေမှာ လှူဒါန်းဖို့အတွက် နှင်းဆီလှေ ရံပုံငွေပွဲလေးကို က ဖြစ်တာပါ။ ဒီနှစ်ကတော့ ကြိုတင်ပြင်ဆင်ချိန်ပိုရတော့ သိပ်အခက်အခဲတော့ မဖြစ်ပါဘူး။ ကိုယ့်အတွက်လည်း လုပ်နေကြအလုပ် ဖြစ်နေတာကို”

နှင်းဆီလှေမှာ အမှားတွေ ထပ်တွေ့ရဦးမှာလားဆိုတဲ့ အပေါ်မှာတော့ “မှားတာကတော့ မှားနေဦးမှာပဲ ကျိန်းသေကို မှားနေဦးမှာ ဒါကြောင့် မှားမလားဆိုပြီးတော့ ရင်မခုန်နေတော့ဘူး။ ကိုယ့်က က လာတဲ့နှစ်တွေ

များလာတော့လည်း ကြောက်စိတ်လေးကတော့ လျော့သွားတာပေါ့။ မှားသွားလို့ရှိရင်လည် အရင်လို ရုပ်ပျက်ဆင်းပျက်ကြီးတော့ ဖြစ်မနေတော့ဘူးပေါ့။ အိုက်တင်လေးတွေ လုပ်တတ်ပြီ ဖောတတ်ပြီပေါ့”

လူရွှင်တော်တွေရဲ့ ပျက်လုံးတွေအပေါ် “စမှာပဲ သူတို့ကတော့ နှစ်တိုင်းကလည်း ဘယ်လိုတွေ လုပ်မယ်ဆိုတာလည်း မသိဘူး။ ဆင်ပေါ်မှာ ခေါ်ရင်လာနော်။ ဟိုဟာပြောနော် ဒီဟာပြောနော်ဆိုပြီး စင်ပေါ်ရောက်တဲ့အချိန်မှာ ပြောနေတာပဲလေ။

သူတို့တွေက အသားမဲတာပဲ ပြောမှာပဲ။ လူရွှင်တော်တွေကို ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့ မေးခွန်းကိုတော့ “အသားအရေကတော့ မလုပ်ဘူး သူတို့ ပြက်လုံးတွေ စဉ်းစားနေရမှာစိုးလို့ သူတို့ ပြောလို့ရအောင် ဒီအသားအရေကို ကိုယ်က

ထိန်းသိမ်းထားပေးတာ မွေးပေးထားတာ။ နောက်မို့ဆို သူတို့ကိုယ့်ကို ဘာပြောရမှန်း သိမှာမဟုတ်ဘူးလေ။ တနှစ်လာလည်း ဒါပဲ တစ်နှစ်လာလည်း ဒါပဲ မပြောင်းသေးဘူးလားလို့ ပြောထားတယ်” ဟု ဖြေကြားသွားခဲ့ပါတယ်။