World Ranking တရိပ္ရိပ္ျမင့္တက္လာေနေသာ သက္ထားသူဇာနင့္ အိုလံပစ္ၿပိဳင္ပြဲဝင္ခြင့္အလားအလာ

Zawgyi

က်ေနာ္တို႔ ရဲ႕ အခ်စ္ေတာ္ေလး ျမန္မာ့လက္ေ႐ြးစင္ၾကက္ေတာင္အားကစားမယ္ေလး သက္ထားသူဇာဟာ ၂၀၂၀ မွာ က်င္းပမဲ့ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး နိုင္ငံ့ဂုဏ္ေဆာင္ဖို႔ ႀကိဳးစားေနတာ အားလုံးပဲ အသိပါ

အိုလံပစ္မွာ သတ္မွတ္တဲ့အဆင့္ဝင္နိုင္ဖို႔ နိုင္ငံတကာၿပိဳင္ပြဲေတြကို ဆက္တိုက္ကစားခဲ့တဲ့ သက္ထားသူဇာဟာ ခုခ်ိန္မွာေတာ့ ကမာၻ႔အဆင့္ ၆၆ မွာ ရပ္တည္ေနနိုင္တာပဲ ျဖစ္ပါတယ္…. ခုလက္ရွိအဆင့္နဲ႕ အိုလံပစ္ၿပိဳင္ပြဲ ကို ဝင္ေရာက္နိုင္ဖို႔ အလားအလာဘယ္ေလာက္ရွိလဲဆိုတာကို ေအာက္မွာ ေဖာ္ျပေပးသြားပါ့မယ္

ၾကက္ေတာင္အားကစားနည္းဆိုတာ အာရွနိုင္ငံအမ်ားစုက ကမာၻ႔အဆင့္ထိပ္ပိုင္းေတြမွာ ႀကီးစိုးထားနိုင္တဲ့ အားကစားနည္းျဖစ္ပါတယ္….၁၉၉၂ ခုႏွစ္ ဘာစီလိုနာ အိုလံပစ္ ၿပိဳင္ပြဲ ကတည္းကစလို႔ တ႐ုတ္နိုင္ငံဟာ အိုလံပစ္ ၾကက္ေတာင္ ကစားနည္းကေန စုစုေပါင္း ၃၂ ႏွစ္ အထိ ရရွိထားၿပီး အေအာင္ျမင္ဆုံးနိုင္ငံပဲ ျဖစ္ပါတယ္

တ႐ုတ္နိုင္ငံနည္းတူ ေတာင္ကိုရီးယား၊ မေလးရွားနဲ႕ အင္ဒိုနီးရွားတို႔ကလည္း ၾကက္ေတာင္ေလာကမွာ နာမည္ႀကီးတဲ့ နိုင္ငံေတြပဲ ျဖစ္ပါတယ္ အိုလံပစ္ၾကက္ေတာင္ အားကစားနည္းေတြကို ၿပိဳင္ပြဲ ၅ မ်ိဳး သတ္မွတ္က်င္းပတာပဲ ျဖစ္ပါတယ္

အမ်ိဳးသား/အမ်ိဳးသမီး တစ္ဦးခ်င္းၿပိဳင္ပြဲ၊ အမ်ိဳးသား/အမ်ိဳးသမီး ႏွစ္ေယာက္တြဲၿပိဳင္ပြဲနဲ႕ အမ်ိဳးသား + အမ်ိဳးသမီး ေပါင္းၿပိဳင္ရတဲ့ ၿပိဳင္ပြဲ ဆိုၿပီး ၅ မ်ိဳးရွိတာပဲ ျဖစ္ပါတယ္…..သက္ထားသူဇာကေတာ့ အမ်ိဳးသမီးတစ္ဦးခ်င္းၿပိဳင္ပြဲကို ဝင္ၿပိဳင္ဖို႔ ရည္မွန္းခ်က္ထားရွိတာပဲ ျဖစ္ပါတယ္

အိုလံပစ္ၿပိဳင္ပြဲေကာ္မတီက ၾကက္ေတာင္ ကစားနည္းအတြက္ ၿပိဳင္ပြဲဝင္ ကစားသမား စုစုေပါင္း ၁၇၂ ေယာက္ ထိ ခြင့္ျပဳဖို႔ လ်ာထားတယ္လို႔ သိရၿပီး သက္ထားသူဇာဝင္ၿပိဳင္မဲ့ အမ်ိဳးသမီးတစ္ဦးခ်င္းၿပိဳင္ပြဲအတြက္ အခ်ိဳးက်လ်ာထားတဲ့ ၿပိဳင္ပြဲဝင္ဦးေရကေတာ့ ၃၈ ေယာက္ပဲ ျဖစ္ပါတယ္

ဒီ ၃၈ ေယာက္ထဲမွာ အိမ္ရွင္ အတြက္ ၁ ေယာက္နဲ႕ Tripartite Commission က ဖိတ္ေခၚမယ့္ ၃ ေယာက္ရွိၿပီးေတာ့ ၃၄ ေယာက္ကသာ Qualification အဆင့္ကို ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ရနိုင္မွာ ျဖစ္ပါတယ္… ဒါေၾကာင့္ သက္ထားသူဇာဟာ က်န္တဲ့ ၃၄ ေယာက္ထဲမွာ ပါဝင္နိုင္ဖို႔ ႀကိဳးစားရမွာ ျဖစ္ပါတယ္….

အဲဒီ 34 ေယာက္ထဲမွာ ၿပိဳင္ပြဲဝင္ အားလုံးဟာ အိုလံပစ္ဆိုတဲ့ နာမည္နဲ႕ ညီေအာင္ ကမာၻ႔ၾကက္ေတာင္ အဖြဲ႕ခ်ဳပ္ေအာက္မွာ ရွိတဲ့ တိုက္ႀကီး ၅ တိုက္ တို႔ကို ကိုယ္စားျပဳရမွာ ျဖစ္ပါတယ္။ Qualification ကာလကေတာ့ ၂၉-၄-၂၀၁၉ ရက္ကေန ၂၆-၄-၂၀၂၀ ရက္ေန႕အထိျဖစ္ၿပီးေတာ့ ကစားသမားေတြဟာ မိမိနဲ႕ ကိုက္ညီတဲ့ ၿပိဳင္ပြဲေတြကို အနည္းဆုံး ၃ ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကရမွာပဲ ျဖစ္ပါတယ္…

အဲဒီၿပိဳင္ပြဲေတြက ထြက္ေပၚလာတဲ့ ရပ္တည္မႈေတြ အေပၚ မူတည္ၿပီး ကမာၻ႔အဆင့္သတ္မွတ္ခ်က္ေတြ ထုတ္ေပးပါတယ္….ေနာက္တခုရွိတာက ကမာၻ႔အဆင့္ ၃၄ အတြင္း ဝင္တိုင္း အိုလံပစ္ၿပိဳင္ပြဲဝင္ခြင့္ရနိုင္ေသးတာမဟုတ္ပါဘူး… ေအာက္ကစည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႕ ျပန္ၾကည့္ပါေသးတယ္…

1. နိုင္ငံ တစ္နိုင္ငံဟာ တစ္ေနရာစာသာ ကိုယ္စားျပဳ ယွဥ္ၿပိဳင္ ကစားခြင့္ ရရွိမွာပါ…
2. ဒါေပမဲ့ တစ္ဦးခ်င္းၿပိဳင္ပြဲေတြမွာ နိုင္ငံတစ္နိုင္ငံက ကစားသမားေတြဟာ ကမာၻ႔အဆင့္ ၁၆ အတြင္း ၂ ဦးထက္ပိုၿပီးဝင္တယ္ဆိုရင္ အဲဒီ နိုင္ငံဟာ ကစားသမား ႏွစ္ဦး အထိ ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ ရရွိပါတယ္

3. အတြဲလိုက္မွာေတာ့ နိုင္ငံ တစ္နိုင္ငံတည္းက အဆင့္ ၈ အတြင္း ၂ ေနရာထက္ ပိုရတယ္ဆိုရင္ အတြဲလိုက္ ၿပိဳင္ပြဲေတြမွာ ဝင္ခြင့္ ၂ ေနရာ အထိ ရရွိသြားမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ေနာက္တစ္ခ်က္က တိုက္ႀကီး ၅ တိုက္လုံးက ကစားသမားေတြ အားလုံးပါဝင္ရမယ္ဆိုတာေၾကာင့္ ၾကက္ေတာင္အားကစားနည္းမွာ ထိပ္တန္းမွာရွိမေနတဲ့ တိုက္ႀကီးက နိုင္ငံေတြက အလိုအေလ်ာက္ အနည္းဆုံး ၁ ဦးစီေတာ့ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရအုံးမွာပါ

ဒါေၾကာင့္ ၾကက္ေတာင္အားကစားနည္းမွာ အားနည္းတဲ့ အာဖရိက နဲ႕ သမုဒၵရာပိုင္း ဇုံက အဆင့္သတ္မွတ္ခ်က္ ထိပ္ဆုံးမွာရွိတဲ့ ကစားသမားေတြကေတာ့ အိုလံပစ္ၿပိဳင္ပြဲကို ဝင္ၿပိဳင္နိုင္တဲ့ အခြင့္အေရး ရရွိမွာပဲ ျဖစ္ပါတယ္

သက္ထားသူဇာဟာ လက္ရွိအဆင့္နဲ႕ ၾကည့္မယ္ဆိုရင္ သူ႕အတြက္ အိုလံပစ္ဝင္ခြင့္ေမွ်ာ္မွန္းလို႔ ရပါတယ္.. ဒါေပမဲ့ အရည္အခ်င္းစစ္ကာလက ၂၆-၄-၂၀၂၀ မွ ကုန္ဆုံးမွာဆိုေတာ့ ဒီအေတာအတြင္းမွာ အျခားသူေတြက ၿပိဳင္ပြဲေတြ ဝင္ၿပိဳင္ရင္း ကမာၻ႔အဆင့္ေတြ ျမင့္လာနိုင္တာေၾကာင့္ ဆက္လက္ႀကိဳးစားရအုံးမွာပဲ ျဖစ္ပါတယ္

ဒီေနရာမွာ အခြင့္အေရးတစ္ခုရွိေသးတာက သတ္မွတ္အရည္အခ်င္းမဝင္ရင္ေတာင္ Tripartite Commission က ဖိတ္ေခၚမဲ့ ၃ ေနရာစာအတြက္ ဝင္ေရာက္ေလွ်ာက္ထားခြင့္ရွိေနေသးတာပါ

ပရိသတ္ႀကီးတို႔လည္း သက္ထားသူဇာ အဆင့္ေတြတက္လာဖို႔ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ၿပိဳင္ပြဲတိုင္း အနိုင္ရဗိုလ္စြဲ ေအာင္ အားေပးၾကပါအုံးလို႔ တိုက္တြန္းရင္ သက္ထားသူဇာရဲ႕ အိုလံပစ္ေမွ်ာ္လင့္ခ်က္ အလားအလာေလးကို မွ်ေဝလိုက္ရပါတယ္ေနာ္

Unicode

ကျနော်တို့ ရဲ့ အချစ်တော်လေး မြန်မာ့လက်ရွေးစင်ကြက်တောင်အားကစားမယ်လေး သက်ထားသူဇာဟာ ၂၀၂၀ မှာ ကျင်းပမဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်ဖို့ ကြိုးစားနေတာ အားလုံးပဲ အသိပါ

အိုလံပစ်မှာ သတ်မှတ်တဲ့အဆင့်ဝင်နိုင်ဖို့ နိုင်ငံတကာပြိုင်ပွဲတွေကို ဆက်တိုက်ကစားခဲ့တဲ့ သက်ထားသူဇာဟာ ခုချိန်မှာတော့ ကမ္ဘာ့အဆင့် ၆၆ မှာ ရပ်တည်နေနိုင်တာပဲ ဖြစ်ပါတယ်…. ခုလက်ရှိအဆင့်နဲ့ အိုလံပစ်ပြိုင်ပွဲ ကို ဝင်ရောက်နိုင်ဖို့ အလားအလာဘယ်လောက်ရှိလဲဆိုတာကို အောက်မှာ ဖော်ပြပေးသွားပါ့မယ်

ကြက်တောင်အားကစားနည်းဆိုတာ အာရှနိုင်ငံအများစုက ကမ္ဘာ့အဆင့်ထိပ်ပိုင်းတွေမှာ ကြီးစိုးထားနိုင်တဲ့ အားကစားနည်းဖြစ်ပါတယ်….၁၉၉၂ ခုနှစ် ဘာစီလိုနာ အိုလံပစ် ပြိုင်ပွဲ ကတည်းကစလို့ တရုတ်နိုင်ငံဟာ အိုလံပစ် ကြက်တောင် ကစားနည်းကနေ စုစုပေါင်း ၃၂ နှစ် အထိ ရရှိထားပြီး အအောင်မြင်ဆုံးနိုင်ငံပဲ ဖြစ်ပါတယ်

တရုတ်နိုင်ငံနည်းတူ တောင်ကိုရီးယား၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကလည်း ကြက်တောင်လောကမှာ နာမည်ကြီးတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ် အိုလံပစ်ကြက်တောင် အားကစားနည်းတွေကို ပြိုင်ပွဲ ၅ မျိုး သတ်မှတ်ကျင်းပတာပဲ ဖြစ်ပါတယ်

အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲနဲ့ အမျိုးသား + အမျိုးသမီး ပေါင်းပြိုင်ရတဲ့ ပြိုင်ပွဲ ဆိုပြီး ၅ မျိုးရှိတာပဲ ဖြစ်ပါတယ်…..သက်ထားသူဇာကတော့ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ရည်မှန်းချက်ထားရှိတာပဲ ဖြစ်ပါတယ်

အိုလံပစ်ပြိုင်ပွဲကော်မတီက ကြက်တောင် ကစားနည်းအတွက် ပြိုင်ပွဲဝင် ကစားသမား စုစုပေါင်း ၁၇၂ ယောက် ထိ ခွင့်ပြုဖို့ လျာထားတယ်လို့ သိရပြီး သက်ထားသူဇာဝင်ပြိုင်မဲ့ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲအတွက် အချိုးကျလျာထားတဲ့ ပြိုင်ပွဲဝင်ဦးရေကတော့ ၃၈ ယောက်ပဲ ဖြစ်ပါတယ်

ဒီ ၃၈ ယောက်ထဲမှာ အိမ်ရှင် အတွက် ၁ ယောက်နဲ့ Tripartite Commission က ဖိတ်ခေါ်မယ့် ၃ ယောက်ရှိပြီးတော့ ၃၄ ယောက်ကသာ Qualification အဆင့်ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရနိုင်မှာ ဖြစ်ပါတယ်… ဒါကြောင့် သက်ထားသူဇာဟာ ကျန်တဲ့ ၃၄ ယောက်ထဲမှာ ပါဝင်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်….

အဲဒီ 34 ယောက်ထဲမှာ ပြိုင်ပွဲဝင် အားလုံးဟာ အိုလံပစ်ဆိုတဲ့ နာမည်နဲ့ ညီအောင် ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်အောက်မှာ ရှိတဲ့ တိုက်ကြီး ၅ တိုက် တို့ကို ကိုယ်စားပြုရမှာ ဖြစ်ပါတယ်။ Qualification ကာလကတော့ ၂၉-၄-၂၀၁၉ ရက်ကနေ ၂၆-၄-၂၀၂၀ ရက်နေ့အထိဖြစ်ပြီးတော့ ကစားသမားတွေဟာ မိမိနဲ့ ကိုက်ညီတဲ့ ပြိုင်ပွဲတွေကို အနည်းဆုံး ၃ ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြရမှာပဲ ဖြစ်ပါတယ်…

အဲဒီပြိုင်ပွဲတွေက ထွက်ပေါ်လာတဲ့ ရပ်တည်မှုတွေ အပေါ် မူတည်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေ ထုတ်ပေးပါတယ်….နောက်တခုရှိတာက ကမ္ဘာ့အဆင့် ၃၄ အတွင်း ဝင်တိုင်း အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရနိုင်သေးတာမဟုတ်ပါဘူး… အောက်ကစည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပြန်ကြည့်ပါသေးတယ်…

1. နိုင်ငံ တစ်နိုင်ငံဟာ တစ်နေရာစာသာ ကိုယ်စားပြု ယှဉ်ပြိုင် ကစားခွင့် ရရှိမှာပါ…
2. ဒါပေမဲ့ တစ်ဦးချင်းပြိုင်ပွဲတွေမှာ နိုင်ငံတစ်နိုင်ငံက ကစားသမားတွေဟာ ကမ္ဘာ့အဆင့် ၁၆ အတွင်း ၂ ဦးထက်ပိုပြီးဝင်တယ်ဆိုရင် အဲဒီ နိုင်ငံဟာ ကစားသမား နှစ်ဦး အထိ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိပါတယ်

3. အတွဲလိုက်မှာတော့ နိုင်ငံ တစ်နိုင်ငံတည်းက အဆင့် ၈ အတွင်း ၂ နေရာထက် ပိုရတယ်ဆိုရင် အတွဲလိုက် ပြိုင်ပွဲတွေမှာ ဝင်ခွင့် ၂ နေရာ အထိ ရရှိသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင်နောက်တစ်ချက်က တိုက်ကြီး ၅ တိုက်လုံးက ကစားသမားတွေ အားလုံးပါဝင်ရမယ်ဆိုတာကြောင့် ကြက်တောင်အားကစားနည်းမှာ ထိပ်တန်းမှာရှိမနေတဲ့ တိုက်ကြီးက နိုင်ငံတွေက အလိုအလျောက် အနည်းဆုံး ၁ ဦးစီတော့ ပါဝင်ယှဉ်ပြိုင်ခွင့်ရအုံးမှာပါ

ဒါကြောင့် ကြက်တောင်အားကစားနည်းမှာ အားနည်းတဲ့ အာဖရိက နဲ့ သမုဒ္ဒရာပိုင်း ဇုံက အဆင့်သတ်မှတ်ချက် ထိပ်ဆုံးမှာရှိတဲ့ ကစားသမားတွေကတော့ အိုလံပစ်ပြိုင်ပွဲကို ဝင်ပြိုင်နိုင်တဲ့ အခွင့်အရေး ရရှိမှာပဲ ဖြစ်ပါတယ်

သက်ထားသူဇာဟာ လက်ရှိအဆင့်နဲ့ ကြည့်မယ်ဆိုရင် သူ့အတွက် အိုလံပစ်ဝင်ခွင့်မျှော်မှန်းလို့ ရပါတယ်.. ဒါပေမဲ့ အရည်အချင်းစစ်ကာလက ၂၆-၄-၂၀၂၀ မှ ကုန်ဆုံးမှာဆိုတော့ ဒီအတောအတွင်းမှာ အခြားသူတွေက ပြိုင်ပွဲတွေ ဝင်ပြိုင်ရင်း ကမ္ဘာ့အဆင့်တွေ မြင့်လာနိုင်တာကြောင့် ဆက်လက်ကြိုးစားရအုံးမှာပဲ ဖြစ်ပါတယ်

ဒီနေရာမှာ အခွင့်အရေးတစ်ခုရှိသေးတာက သတ်မှတ်အရည်အချင်းမဝင်ရင်တောင် Tripartite Commission က ဖိတ်ခေါ်မဲ့ ၃ နေရာစာအတွက် ဝင်ရောက်လျှောက်ထားခွင့်ရှိနေသေးတာပါ

ပရိသတ်ကြီးတို့လည်း သက်ထားသူဇာ အဆင့်တွေတက်လာဖို့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်း အနိုင်ရဗိုလ်စွဲ အောင် အားပေးကြပါအုံးလို့ တိုက်တွန်းရင် သက်ထားသူဇာရဲ့ အိုလံပစ်မျှော်လင့်ချက် အလားအလာလေးကို မျှဝေလိုက်ရပါတယ်နော်