သားငယ္ေလးအတြက္ အသည္းလႉလိုက္တဲ့ ဧရာဝတီတိုင္းက ဖခင္တစ္ဦးရဲ႕ ရင္ဖြင့္ခံစားခ်က္

Zawgyi

ျမန္မာႏိုင္ငံတြင္ ပထမဆုံး အသည္းအစားထိုးခြဲစိတ္မႈကို ၂၀၁၉ ေမလ၌ ေအာင္ျမင္စြာ ျပဳလုပ္ႏိုင္ခဲ့သည္။ ေမြးရာပါ သည္းေျခႁပြန္မပါသည့္ ကေလးငယ္ ေမာင္ညီညီမင္းဦးကို ဖခင္ျဖစ္သူ၏ အသည္းအနည္းငယ္ယူ၍ အစားထိုးေပးျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ ေဆးပညာေလာကအတြက္ ဂုဏ္ယူဖြယ္ မွတ္ေက်ာက္တစ္ခုျဖစ္သလို ေလာကဓံကို ႀကံ့ႀကံ့ခံခဲ့သည့္ မိသားစုအတြက္လည္း ထိုက္တန္သည့္ ရလဒ္တစ္ခုျဖစ္ခဲ့သည္။

‘‘သား ေဖ့ေဖ့အသည္း သားကို ေပးရမယ္။ သားအသည္းက သိပ္မေကာင္းလို႔’’ သည္စကားကို ခပ္ၿပဳံးၿပဳံးေလး ေျပာႏိုင္ဖို႔ ကိုေစာမင္းမင္း အခ်ိန္ေတြအၾကာႀကီး ျဖတ္သန္းခဲ့ရၿပီးပါၿပီ။ တစ္ႏွစ္၊ ၂ ႏွစ္မဟုတ္ ေျခာက္ႏွစ္နီးပါး မ်က္ရည္ေတြအမ်ားႀကီး က်ခဲ့ၿပီးၿပီ။

အင္အားေတြ ကုန္လုနီးပါး ျဖစ္ခဲ့ရၿပီးၿပီ။ ဝမ္းနည္းစရာမ်ား ျပည့္သိပ္က်ပ္ေနေသာ သည္ေျခာက္ႏွစ္တာ ဇာတ္လမ္းရွည္ႀကီးတြင္ အံ့ၾသစရာ ေကာင္းေလာက္ေအာင္ ႀကံ့ႀကံ့ခံႏိုင္သူမ်ား ရွိပါသည္။

ဖခင္ ကိုေစာမင္းမင္း၊ မိခင္ မေစာျမတ္မြန္ႏွင့္ သားျဖစ္သူ ေမာင္ညီညီမင္းဦး သူတို႔သုံးေယာက္၏ ႀကံ့ခိုင္ရွင္သန္ႏိုင္စြမ္းေၾကာင့္သာ သည္ဝမ္းနည္းစရာ ဇာတ္လမ္းရွည္ႀကီးမွာ ေပ်ာ္စရာဇာတ္သိမ္း ရွိလာျခင္းျဖစ္ပါသည္။

ကိုေစာမင္းမင္းႏွင့္ မေစ ျမတ္မြန္တို႔က ဧရာဝတီတိုင္း ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္ ကဇန္းေက်ာင္းေက်း႐ြာ ဇာတိျဖစ္သည္။ နာဂစ္မုန္တိုင္းမတိုက္မီ ၂၀၀၈ မွာ ေမတၱာမွ်၍ ႐ြာမွာပင္ တစ္အိုးတစ္အိမ္ ထူေထာင္ခဲ့ၾကသည္။

နာဂစ္မုန္တိုင္းက မိသားစုကို ဒယိမ္းဒယိုင္ ျဖစ္ေစခဲ့သည္မို႔ အိမ္ေထာင္စက်တည္းက စားဝတ္ေနေရးအတြက္ မ်ိဳးစုံ႐ုန္းကန္ခဲ့ရသည္။ လက္သမား ပညာတက္သည့္ ကိုေစာမင္းမင္းက ေငြရွာ သည္။ ဇနီးသည္ကလည္း က်ပန္းလုပ္သည္။

အိမ္ေထာင္က်ၿပီး ငါးႏွစ္အၾကာ တည္ၿငိမ္စျပဳခ်ိန္မွာေတာ့ သားသမီးယူဖို႔ လိုလိုခ်င္ခ်င္ ဆုံး ျဖတ္ခဲ့ၾကၿပီး မၾကာမီ ကိုယ္ဝန္ရလာခဲ့သည္။ ဒီေတာ့ သားေရး၊ သမီးေရးအတြက္ ပိုက္ဆံရွာဖို႔ ကိုေစာမင္းမင္းဦး ရန္ကုန္ တစ္ေယာက္တည္း တက္ရလာေတာ့သည္။

‘‘သားကို ေမြးတဲ့အခ်ိန္မွာ ကြၽန္ေတာ္က ရန္ကုန္မွာ အလုပ္လုပ္ေနတာ။ ကိုယ္ပိုင္ဖုန္းမရွိေတာ့ ခ်က္ခ်င္းမသိေသးဘူး။ သိေတာ့လည္း ကြၽန္ေတာ္ ႐ြာကိုခ်က္ခ်င္း တန္းျပန္တာပဲ’’ဟု ေျပာသည္။

ကိုေစာမင္းမင္းဦးက အဂၤါသားျဖစ္သလို ဇနီးမေစာျမတ္မြန္ကလည္း အဂၤါသမီး၊ သားဦးေလး ေမြးေတာ့လည္း အဂၤါသားေလး၊ တစ္မိသားစုလုံး ေပ်ာ္လိုက္သည္ ျဖစ္ျခင္း။

သို႔ေသာ္ မိသားစု၏ အေပ်ာ္က ၾကာၾကာမခံပါ။ ကေလးငယ္ ေဆး႐ုံက ဆင္းဆင္းခ်င္းမွာပင္ ေနမေကာင္းသည့္ လကၡဏာမ်ား ျပခဲ့သည္။

ေနာက္ေတာ့ ကေလး သုံးေလးလခန႔္တြင္ ဝမ္းအျဖဴေတြ သြားသည္။ အသားေတြ ဝါေနသည္။ အဓိကျပႆနာက ေန႔စဥ္ရက္ဆက္ ညဘက္မအိပ္ဘဲ ငို ျခင္းပင္ျဖစ္သည္။

ဂ်ီက်၍ ငိုသည္ မဟုတ္ဘဲ ေရာဂါခံစားေနရသျဖင့္ ငိုသည့္ အသံမ်ိဳးျဖစ္၍ မိသားစုအေနျဖင့္ ပိုခံစားရခက္သည္ဟု ကိုေစာမင္းမင္းက ဆိုသည္။

‘‘သူ႔အေမဆို ညဘက္ေတြ ေကာင္းေကာင္း မအိပ္ရဘူး။ ငုတ္တုတ္ထိုင္ၿပီး ေမွးရလည္း နာရီပိုင္းပဲ။ ေမွးလိုက္ႏိုးလိုက္နဲ႔ တစ္ညလုံး တကယ္ကို မအိပ္ရတာ’’

ကိုေစာမင္းတို႔ ေနသည္က ေက်း႐ြာမို႔ ေက်း႐ြာေဆးေပးခန္းသို႔ ျပၾကည့္ေသးသည္။ သို႔ေသာ္ ေဆးေပးခန္းက တတ္သေလာက္သာ ကုေပးႏိုင္ၿပီး ဘာမွမထူးျခားလာခဲ့ေပ။

သို႔ႏွင့္ ေမာ္ကြၽန္းေဆး ႐ုံႀကီးသို႔ ေရာက္ခဲ့သည္။ ေမာ္ကြၽန္းေဆး႐ုံႀကီးကလည္း ေရာဂါ ေသေသခ်ာခ်ာမသိ၍ ရန္ကုန္ကေလးေဆး႐ုံသို႔ သြားရန္သာ တြင္တြင္ ေျပာေနခဲ့သည္။

သို႔ေသာ္ ေငြေၾကးမတတ္ႏိုင္သူမ်ား ျဖစ္သျဖင့္ ေဆး႐ုံတက္ရန္ တစ္လခန႔္ ၾကန႔္ၾကာခဲ့သည္။ ထိုကာလသည္ တစ္မိသားစုလုံးရင္ထဲ ငရဲမီး စတင္ဆူပြက္သည့္ အခ်ိန္ပင္ျဖစ္သည္။

အဘယ္ေၾကာင့္ဆိုေသာ္ ကေလးငယ္က ဝမ္းမ်ားျဖဴလာၿပီး ပို၍ခ်ဴခ်ာလာသည္။ ‘‘ကြၽန္ေတာ္ အိမ္လုံးဝမျပန္ခ်င္ပါဘူး။ ငိုသံၾကားရင္ ဘာမွ မလုပ္တတ္ဘူးဗ်ာ။ တကယ္ဘာမွ မလုပ္တတ္လို႔ ကြၽန္ေတာ္မျပန္ခ်င္ခဲ့ဘူး’ ’ဟု ကိုေစာမင္းမင္းက ေျပာသည္။

ငါးလအ႐ြယ္ကေလး က်န္းမာေစရန္ ယၾတာလုပ္၍ ဘဘုန္းႀကီးေပးေသာ နာမည္အမ်ိဳးမ်ိဳး ေျပာင္းခဲ့ၿပီးၿပီ။ ေခါစာေတြလည္း ပစ္ရလြန္းလို႔ ထပ္ေနၿပီ။

သို႔ေသာ္ ထူးျခားမလာခဲ့။ ၂၀၁၃ တြင္ေတာ့ ခ်ိဳ႕တဲ့ေသာ ေမာ္ကြၽန္းဇာတိမိသားစုမွာ ႐ြာကရွိသမွ် ေရာင္းခ်ထုခြဲၿပီး ရန္ကုန္တက္ ေဆး႐ုံျပဖို႔ စီစဥ္ေတာ့သည္။

‘‘ကေလးအေပၚ အခ်စ္ဆုံးက ကြၽန္ေတာ့္အေဖနဲ႔ အေမေပါ့၊ ကြၽန္ေတာ့္ထက္ ပိုခ်စ္တယ္။ ႐ြာမွာရွိသမွ်လည္း ေရာင္းလို႔ကုန္ၿပီ အခု႐ြာျပန္ရင္ ေနစရာမရွိေတာ့ဘူး။ ကြၽန္ေတာ့္အေဖဆို ခါးကိုင္း ေနၿပီ အလုပ္လုပ္ေနတုန္း’’ ဟု ကိုေစာမင္းမင္းက ေျပာသည္။

ရန္ကုန္ေရာက္ေတာ့ ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ အိမ္ငွားေနသည္။ ၁၀ ေပ အခန္းက်ဥ္းထဲတြင္ အဘိုးအဘြား အပါအဝင္ မိသားစုငါးေယာက္ေနထိုင္ၿပီး ကိုေစာမင္းမင္းႏွင့္ အဘိုးျဖစ္သူတို႔ အလုပ္ထြက္လုပ္ၾကသည္။

ေသြးအန္တတ္သည့္ သားငယ္ေၾကာင့္ ဖခင္ ကိုေစာမင္းမင္းမွာလည္း ေသြးမၾကာခဏ လႉတတ္ေနၿပီး တစ္ခါတေလ ေဆး႐ုံေရာက္လွ်င္ အျခား ေရာဂါသည္ေတြအတြက္ပါ လႉလိုက္သည္လည္း ရွိသည္။

‘‘ကိုယ္ခ်င္းစာလို႔ေလ။ ကြၽန္ေတာ္လႉလိုက္လို႔ အသက္ရွင္သြားတာေတြ ရွိတယ္’’ ဟု ထိုအ ေၾကာင္းအရာေတြ ျပန္ေျပာတိုင္း ကိုေစာမင္းမင္းမ်က္ႏွာက မႈိင္းညိဳေနသည္။

ကေလးမွာ ေမြးကတည္းက မက်န္းမာသည္မွာ အသက္ ၄ ႏွစ္အ႐ြယ္အထိ ျဖစ္သည္မို႔ အျပင္လည္း မထြက္ခိုင္းရဲ။ အစားလည္း ေ႐ြးခ်ယ္ေကြၽးရသည္။

‘ေက်ာင္းတက္ခ်င္တယ္’ ေျပာတိုင္း က်ိတ္ငိုရသည္က အႀကိမ္ႀကိမ္။ ထို႔အျပင္ ကေလးငယ္ကိုယ္တိုင္က ေနာက္ပိုင္း ေသြးအန္သည့္အခါမ်ားတြင္ ႀကိတ္အန္သည္။ တစ္စက္မွမငိုဘဲ အံႀကိတ္၍ အန္ထုတ္ပစ္သည္ဟု ကိုေစာမင္းမင္းက ေျပာသည္။

ပူေလာင္လွသည့္ ကႏၲာရခရီးရွည္ႀကီးက ဆုံးႏိုင္ပါ့မလား။ ‘‘ေသသြားခ်င္တာ။ ကြၽန္ ေတာ္ေလ လမ္းသြားရင္း ကားတိုက္ပါေစ၊ အဲဒီလို ဆုေတာင္းတာ’’ ဟု ကိုေစာမင္းမင္းက ဆိုသည္။

၂၀၁၉ တြင္ေတာ့ မိသားစုအတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ တစ္ခုလင္းလာခဲ့ၿပီ။ ေ႐ႊတိဂုံေစတီ အဂၤါေထာင့္တြင္ အၿမဲလိုလို ဂုဏ္ေတာ္ကိုးပါးကို မ်က္ရည္ စက္လက္႐ြတ္တတ္သည့္ ကိုေစာမင္းမင္း၏ ဆုေတာင္းေတြ ျပည့္လာခဲ့ၿပီ။

၂၀၁၉ ဇန္နဝါရီ ကိုေစာမင္းႏွင့္ မေစာျမတ္မြန္တို႔ကို ဟယ္လ္ပင္ကေလးေဆး႐ုံမွ တာဝန္ရွိသူမ်ားက အေၾကာင္းၾကား၍ သီးသန႔္ေခၚေျပာသည္။

ဖခင္၏ အသည္းကို ကေလးငယ္အားေပးႏိုင္မည့္ ခြဲစိတ္မႈ ျမန္မာႏိုင္ငံတြင္ ပထမဆုံးျပဳလုပ္ႏိုင္ၿပီး ႏိုင္ငံေတာ္စရိတ္ျဖင့္ ခြဲစိတ္မႈကို ျမန္မာျပည္မွာ ပထမဆုံးလုပ္ဖို႔ ကိုေစာမင္းမင္းတို႔ကို ေ႐ြးခ်ယ္လိုက္သည္တဲ့။

မိဘက ကေလးကို အသည္းေပးႏိုင္ေတာ့မည္တဲ့။ ကိုေစာမင္းမင္းစိတ္ထဲ ယင္းေန႔ေလာက္ ခ်ိဳၿမိန္တာ မရွိခဲ့။ ‘‘သား ေဖ့ေဖ့အသည္း သားကို ေပးရမယ္။ သားအသည္းက သိပ္မေကာင္းလို႔’’

သည္စကားကို သားငယ္ ခုနစ္လအ႐ြယ္ကတည္းက ကိုေစာမင္းမင္း အေကာင္အထည္ ေဖာ္ခ်င္ခဲ့သည္။ သားေနရာမွာ ငါသာ ျဖစ္ပါေတာ့လား။ ငါ့အသည္းကိုေပးလို႔ရရင္လို႔ ခဏခဏေတြးရင္း ငိုဖူးသည္။

အခုေတာ့ စိတ္ကူး႐ုံ မဟုတ္ေတာ့ပါ။ တကယ္ ေပးႏိုင္ေတာ့မည္။ ဒါဇင္ႏွင့္ခ်ီသည့္ စမ္းသပ္ခ်က္မ်ားအၿပီးတြင္ေတာ့ ကိုေစာမင္းမင္းတို႔ သားအဖႏွစ္ေယာက္ကို ခြဲစိတ္မႈလုပ္ေဆာင္ဖို႔ အတည္ျဖစ္သြားခဲ့ၿပီ ျဖစ္သည္။

ဖခင္၏ ဘယ္ဘက္ျခမ္း အသည္းအစိတ္ အပိုင္းေသးေသးကို ခြဲယူၿပီး သားျဖစ္သူတြင္ အစားထိုးမည္။ “အသည္း အစားထိုးဖို႔ဆို ေခြးကိုက္လို႔ မရဘူး။ သြားနဲ႔ျခစ္မိရင္ကို မရဘူးတဲ့။

အဲဒီရက္ေတြက ကြၽန္ေတာ့္မွာ ေခြးျမင္ရင္ ဟိုးအေဝးႀကီးက ပတ္ေရွာင္သြားရတာ။ ညေနေစာင္းၿပီဆို ကြၽန္ေတာ္အ ျပင္မထြက္ေတာ့ဘူး” ဟု ကိုေစာမင္းမင္းက ရယ္ေမာရင္း ေျပာသည္။

၂၀၁၉ မတ္လ ၁၇ ရက္တြင္ေတာ့ ဟယ္လ္ပင္ကေလး ေဆး႐ုံႀကီးအတြင္း ၁၂ နာရီအၾကာ ေအာ္ ပေရးရွင္း စတင္ခဲ့သည္။ ဂ်ပန္ဆရာဝန္မ်ား၊ ျမန္မာဆရာဝန္မ်ား ပူးေပါင္း၍ ျမန္မာ့ေျမေပၚတြင္ မွတ္ေက်ာက္တင္ႏိုင္မည့္ ခြဲစိတ္မႈ လုပ္ေဆာင္ႏိုင္ခဲ့ပါေတာ့သည္။

ေ႐ႊျပည္သာၿမိဳ႕နယ္ ေလွာ္ကားေက်း႐ြာရွိ ၁၀ ေပအိမ္ အခန္းက်ဥ္းေလးသည္ ယခုေတာ့ ေပ်ာ္ စရာမ်ား ျပည့္ႏွက္ေနပါၿပီ။ အိမ္ ဆည္းလည္းေလးသည္ ငါးႏွစ္အၾကာတြင္ေတာ့ လႈပ္ခတ္၍လာၿပီ ျဖစ္သည္။

ေျခာက္ႏွစ္တာကာလအတြင္း သူတို႔တြင္ လည္ပင္းနစ္ေနေအာင္ အေႂကြးေတြရွိသည္။ လက္သမားလစာျဖင့္ မနည္းဆပ္ရမည့္ ေငြတိုးေတြရွိသည္။ သို႔ေသာ္ သူတို႔ ေပ်ာ္ေနပါသည္။

‘‘ေဆာ့တာမွ ေျဗာင္းသတ္ေနတာပဲ။ အတိုးခ်ၿပီး ေဆာ့ေနတာေလ’’ ဟု မိခင္မေစာျမတ္မြန္ က သားငယ္ကိုၾကည့္ရင္း ရယ္သံေႏွာ၍ ေျပာလိုက္ပါေတာ့သည္။

Unicode

မြန်မာနိုင်ငံတွင် ပထမဆုံး အသည်းအစားထိုးခွဲစိတ်မှုကို ၂၀၁၉ မေလ၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ မွေးရာပါ သည်းခြေပြွန်မပါသည့် ကလေးငယ် မောင်ညီညီမင်းဦးကို ဖခင်ဖြစ်သူ၏ အသည်းအနည်းငယ်ယူ၍ အစားထိုးပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဆေးပညာလောကအတွက် ဂုဏ်ယူဖွယ် မှတ်ကျောက်တစ်ခုဖြစ်သလို လောကဓံကို ကြံ့ကြံ့ခံခဲ့သည့် မိသားစုအတွက်လည်း ထိုက်တန်သည့် ရလဒ်တစ်ခုဖြစ်ခဲ့သည်။

‘‘သား ဖေ့ဖေ့အသည်း သားကို ပေးရမယ်။ သားအသည်းက သိပ်မကောင်းလို့’’ သည်စကားကို ခပ်ပြုံးပြုံးလေး ပြောနိုင်ဖို့ ကိုစောမင်းမင်း အချိန်တွေအကြာကြီး ဖြတ်သန်းခဲ့ရပြီးပါပြီ။ တစ်နှစ်၊ ၂ နှစ်မဟုတ် ခြောက်နှစ်နီးပါး မျက်ရည်တွေအများကြီး ကျခဲ့ပြီးပြီ။

အင်အားတွေ ကုန်လုနီးပါး ဖြစ်ခဲ့ရပြီးပြီ။ ဝမ်းနည်းစရာများ ပြည့်သိပ်ကျပ်နေသော သည်ခြောက်နှစ်တာ ဇာတ်လမ်းရှည်ကြီးတွင် အံ့သြစရာ ကောင်းလောက်အောင် ကြံ့ကြံ့ခံနိုင်သူများ ရှိပါသည်။

ဖခင် ကိုစောမင်းမင်း၊ မိခင် မစောမြတ်မွန်နှင့် သားဖြစ်သူ မောင်ညီညီမင်းဦး သူတို့သုံးယောက်၏ ကြံ့ခိုင်ရှင်သန်နိုင်စွမ်းကြောင့်သာ သည်ဝမ်းနည်းစရာ ဇာတ်လမ်းရှည်ကြီးမှာ ပျော်စရာဇာတ်သိမ်း ရှိလာခြင်းဖြစ်ပါသည်။

ကိုစောမင်းမင်းနှင့် မစေ မြတ်မွန်တို့က ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ် ကဇန်းကျောင်းကျေးရွာ ဇာတိဖြစ်သည်။ နာဂစ်မုန်တိုင်းမတိုက်မီ ၂၀၀၈ မှာ မေတ္တာမျှ၍ ရွာမှာပင် တစ်အိုးတစ်အိမ် ထူထောင်ခဲ့ကြသည်။

နာဂစ်မုန်တိုင်းက မိသားစုကို ဒယိမ်းဒယိုင် ဖြစ်စေခဲ့သည်မို့ အိမ်ထောင်စကျတည်းက စားဝတ်နေရေးအတွက် မျိုးစုံရုန်းကန်ခဲ့ရသည်။ လက်သမား ပညာတက်သည့် ကိုစောမင်းမင်းက ငွေရှာ သည်။ ဇနီးသည်ကလည်း ကျပန်းလုပ်သည်။

အိမ်ထောင်ကျပြီး ငါးနှစ်အကြာ တည်ငြိမ်စပြုချိန်မှာတော့ သားသမီးယူဖို့ လိုလိုချင်ချင် ဆုံး ဖြတ်ခဲ့ကြပြီး မကြာမီ ကိုယ်ဝန်ရလာခဲ့သည်။ ဒီတော့ သားရေး၊ သမီးရေးအတွက် ပိုက်ဆံရှာဖို့ ကိုစောမင်းမင်းဦး ရန်ကုန် တစ်ယောက်တည်း တက်ရလာတော့သည်။

‘‘သားကို မွေးတဲ့အချိန်မှာ ကျွန်တော်က ရန်ကုန်မှာ အလုပ်လုပ်နေတာ။ ကိုယ်ပိုင်ဖုန်းမရှိတော့ ချက်ချင်းမသိသေးဘူး။ သိတော့လည်း ကျွန်တော် ရွာကိုချက်ချင်း တန်းပြန်တာပဲ’’ဟု ပြောသည်။

ကိုစောမင်းမင်းဦးက အင်္ဂါသားဖြစ်သလို ဇနီးမစောမြတ်မွန်ကလည်း အင်္ဂါသမီး၊ သားဦးလေး မွေးတော့လည်း အင်္ဂါသားလေး၊ တစ်မိသားစုလုံး ပျော်လိုက်သည် ဖြစ်ခြင်း။

သို့သော် မိသားစု၏ အပျော်က ကြာကြာမခံပါ။ ကလေးငယ် ဆေးရုံက ဆင်းဆင်းချင်းမှာပင် နေမကောင်းသည့် လက္ခဏာများ ပြခဲ့သည်။

နောက်တော့ ကလေး သုံးလေးလခန့်တွင် ဝမ်းအဖြူတွေ သွားသည်။ အသားတွေ ဝါနေသည်။ အဓိကပြဿနာက နေ့စဉ်ရက်ဆက် ညဘက်မအိပ်ဘဲ ငို ခြင်းပင်ဖြစ်သည်။

ဂျီကျ၍ ငိုသည် မဟုတ်ဘဲ ရောဂါခံစားနေရသဖြင့် ငိုသည့် အသံမျိုးဖြစ်၍ မိသားစုအနေဖြင့် ပိုခံစားရခက်သည်ဟု ကိုစောမင်းမင်းက ဆိုသည်။

‘‘သူ့အမေဆို ညဘက်တွေ ကောင်းကောင်း မအိပ်ရဘူး။ ငုတ်တုတ်ထိုင်ပြီး မှေးရလည်း နာရီပိုင်းပဲ။ မှေးလိုက်နိုးလိုက်နဲ့ တစ်ညလုံး တကယ်ကို မအိပ်ရတာ’’

ကိုစောမင်းတို့ နေသည်က ကျေးရွာမို့ ကျေးရွာဆေးပေးခန်းသို့ ပြကြည့်သေးသည်။ သို့သော် ဆေးပေးခန်းက တတ်သလောက်သာ ကုပေးနိုင်ပြီး ဘာမှမထူးခြားလာခဲ့ပေ။

သို့နှင့် မော်ကျွန်းဆေး ရုံကြီးသို့ ရောက်ခဲ့သည်။ မော်ကျွန်းဆေးရုံကြီးကလည်း ရောဂါ သေသေချာချာမသိ၍ ရန်ကုန်ကလေးဆေးရုံသို့ သွားရန်သာ တွင်တွင် ပြောနေခဲ့သည်။

သို့သော် ငွေကြေးမတတ်နိုင်သူများ ဖြစ်သဖြင့် ဆေးရုံတက်ရန် တစ်လခန့် ကြန့်ကြာခဲ့သည်။ ထိုကာလသည် တစ်မိသားစုလုံးရင်ထဲ ငရဲမီး စတင်ဆူပွက်သည့် အချိန်ပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကလေးငယ်က ဝမ်းများဖြူလာပြီး ပို၍ချူချာလာသည်။ ‘‘ကျွန်တော် အိမ်လုံးဝမပြန်ချင်ပါဘူး။ ငိုသံကြားရင် ဘာမှ မလုပ်တတ်ဘူးဗျာ။ တကယ်ဘာမှ မလုပ်တတ်လို့ ကျွန်တော်မပြန်ချင်ခဲ့ဘူး’ ’ဟု ကိုစောမင်းမင်းက ပြောသည်။

ငါးလအရွယ်ကလေး ကျန်းမာစေရန် ယတြာလုပ်၍ ဘဘုန်းကြီးပေးသော နာမည်အမျိုးမျိုး ပြောင်းခဲ့ပြီးပြီ။ ခေါစာတွေလည်း ပစ်ရလွန်းလို့ ထပ်နေပြီ။

သို့သော် ထူးခြားမလာခဲ့။ ၂၀၁၃ တွင်တော့ ချို့တဲ့သော မော်ကျွန်းဇာတိမိသားစုမှာ ရွာကရှိသမျှ ရောင်းချထုခွဲပြီး ရန်ကုန်တက် ဆေးရုံပြဖို့ စီစဉ်တော့သည်။

‘‘ကလေးအပေါ် အချစ်ဆုံးက ကျွန်တော့်အဖေနဲ့ အမေပေါ့၊ ကျွန်တော့်ထက် ပိုချစ်တယ်။ ရွာမှာရှိသမျှလည်း ရောင်းလို့ကုန်ပြီ အခုရွာပြန်ရင် နေစရာမရှိတော့ဘူး။ ကျွန်တော့်အဖေဆို ခါးကိုင်း နေပြီ အလုပ်လုပ်နေတုန်း’’ ဟု ကိုစောမင်းမင်းက ပြောသည်။

ရန်ကုန်ရောက်တော့ ရွှေပြည်သာမြို့နယ်တွင် အိမ်ငှားနေသည်။ ၁၀ ပေ အခန်းကျဉ်းထဲတွင် အဘိုးအဘွား အပါအဝင် မိသားစုငါးယောက်နေထိုင်ပြီး ကိုစောမင်းမင်းနှင့် အဘိုးဖြစ်သူတို့ အလုပ်ထွက်လုပ်ကြသည်။

သွေးအန်တတ်သည့် သားငယ်ကြောင့် ဖခင် ကိုစောမင်းမင်းမှာလည်း သွေးမကြာခဏ လှူတတ်နေပြီး တစ်ခါတလေ ဆေးရုံရောက်လျှင် အခြား ရောဂါသည်တွေအတွက်ပါ လှူလိုက်သည်လည်း ရှိသည်။

‘‘ကိုယ်ချင်းစာလို့လေ။ ကျွန်တော်လှူလိုက်လို့ အသက်ရှင်သွားတာတွေ ရှိတယ်’’ ဟု ထိုအ ကြောင်းအရာတွေ ပြန်ပြောတိုင်း ကိုစောမင်းမင်းမျက်နှာက မှိုင်းညိုနေသည်။

ကလေးမှာ မွေးကတည်းက မကျန်းမာသည်မှာ အသက် ၄ နှစ်အရွယ်အထိ ဖြစ်သည်မို့ အပြင်လည်း မထွက်ခိုင်းရဲ။ အစားလည်း ရွေးချယ်ကျွေးရသည်။

‘ကျောင်းတက်ချင်တယ်’ ပြောတိုင်း ကျိတ်ငိုရသည်က အကြိမ်ကြိမ်။ ထို့အပြင် ကလေးငယ်ကိုယ်တိုင်က နောက်ပိုင်း သွေးအန်သည့်အခါများတွင် ကြိတ်အန်သည်။ တစ်စက်မှမငိုဘဲ အံကြိတ်၍ အန်ထုတ်ပစ်သည်ဟု ကိုစောမင်းမင်းက ပြောသည်။

ပူလောင်လှသည့် ကန္တာရခရီးရှည်ကြီးက ဆုံးနိုင်ပါ့မလား။ ‘‘သေသွားချင်တာ။ ကျွန် တော်လေ လမ်းသွားရင်း ကားတိုက်ပါစေ၊ အဲဒီလို ဆုတောင်းတာ’’ ဟု ကိုစောမင်းမင်းက ဆိုသည်။

၂၀၁၉ တွင်တော့ မိသားစုအတွက် မျှော်လင့်ချက်ရောင်ခြည် တစ်ခုလင်းလာခဲ့ပြီ။ ရွှေတိဂုံစေတီ အင်္ဂါထောင့်တွင် အမြဲလိုလို ဂုဏ်တော်ကိုးပါးကို မျက်ရည် စက်လက်ရွတ်တတ်သည့် ကိုစောမင်းမင်း၏ ဆုတောင်းတွေ ပြည့်လာခဲ့ပြီ။

၂၀၁၉ ဇန်နဝါရီ ကိုစောမင်းနှင့် မစောမြတ်မွန်တို့ကို ဟယ်လ်ပင်ကလေးဆေးရုံမှ တာဝန်ရှိသူများက အကြောင်းကြား၍ သီးသန့်ခေါ်ပြောသည်။

ဖခင်၏ အသည်းကို ကလေးငယ်အားပေးနိုင်မည့် ခွဲစိတ်မှု မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်နိုင်ပြီး နိုင်ငံတော်စရိတ်ဖြင့် ခွဲစိတ်မှုကို မြန်မာပြည်မှာ ပထမဆုံးလုပ်ဖို့ ကိုစောမင်းမင်းတို့ကို ရွေးချယ်လိုက်သည်တဲ့။

မိဘက ကလေးကို အသည်းပေးနိုင်တော့မည်တဲ့။ ကိုစောမင်းမင်းစိတ်ထဲ ယင်းနေ့လောက် ချိုမြိန်တာ မရှိခဲ့။ ‘‘သား ဖေ့ဖေ့အသည်း သားကို ပေးရမယ်။ သားအသည်းက သိပ်မကောင်းလို့’’

သည်စကားကို သားငယ် ခုနစ်လအရွယ်ကတည်းက ကိုစောမင်းမင်း အကောင်အထည် ဖော်ချင်ခဲ့သည်။ သားနေရာမှာ ငါသာ ဖြစ်ပါတော့လား။ ငါ့အသည်းကိုပေးလို့ရရင်လို့ ခဏခဏတွေးရင်း ငိုဖူးသည်။

အခုတော့ စိတ်ကူးရုံ မဟုတ်တော့ပါ။ တကယ် ပေးနိုင်တော့မည်။ ဒါဇင်နှင့်ချီသည့် စမ်းသပ်ချက်များအပြီးတွင်တော့ ကိုစောမင်းမင်းတို့ သားအဖနှစ်ယောက်ကို ခွဲစိတ်မှုလုပ်ဆောင်ဖို့ အတည်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ဖခင်၏ ဘယ်ဘက်ခြမ်း အသည်းအစိတ် အပိုင်းသေးသေးကို ခွဲယူပြီး သားဖြစ်သူတွင် အစားထိုးမည်။ “အသည်း အစားထိုးဖို့ဆို ခွေးကိုက်လို့ မရဘူး။ သွားနဲ့ခြစ်မိရင်ကို မရဘူးတဲ့။

အဲဒီရက်တွေက ကျွန်တော့်မှာ ခွေးမြင်ရင် ဟိုးအဝေးကြီးက ပတ်ရှောင်သွားရတာ။ ညနေစောင်းပြီဆို ကျွန်တော်အ ပြင်မထွက်တော့ဘူး” ဟု ကိုစောမင်းမင်းက ရယ်မောရင်း ပြောသည်။

၂၀၁၉ မတ်လ ၁၇ ရက်တွင်တော့ ဟယ်လ်ပင်ကလေး ဆေးရုံကြီးအတွင်း ၁၂ နာရီအကြာ အော် ပရေးရှင်း စတင်ခဲ့သည်။ ဂျပန်ဆရာဝန်များ၊ မြန်မာဆရာဝန်များ ပူးပေါင်း၍ မြန်မာ့မြေပေါ်တွင် မှတ်ကျောက်တင်နိုင်မည့် ခွဲစိတ်မှု လုပ်ဆောင်နိုင်ခဲ့ပါတော့သည်။

ရွှေပြည်သာမြို့နယ် လှော်ကားကျေးရွာရှိ ၁၀ ပေအိမ် အခန်းကျဉ်းလေးသည် ယခုတော့ ပျော် စရာများ ပြည့်နှက်နေပါပြီ။ အိမ် ဆည်းလည်းလေးသည် ငါးနှစ်အကြာတွင်တော့ လှုပ်ခတ်၍လာပြီ ဖြစ်သည်။

ခြောက်နှစ်တာကာလအတွင်း သူတို့တွင် လည်ပင်းနစ်နေအောင် အကြွေးတွေရှိသည်။ လက်သမားလစာဖြင့် မနည်းဆပ်ရမည့် ငွေတိုးတွေရှိသည်။ သို့သော် သူတို့ ပျော်နေပါသည်။

‘‘ဆော့တာမှ ဗြောင်းသတ်နေတာပဲ။ အတိုးချပြီး ဆော့နေတာလေ’’ ဟု မိခင်မစောမြတ်မွန် က သားငယ်ကိုကြည့်ရင်း ရယ်သံနှော၍ ပြောလိုက်ပါတော့သည်။