ထိုင်းနိုင်ငံဘန်ကောက်မြို့က သက်တမ်း ၄၅ နှစ်ရှိပြီဖြစ်တဲ့ အမဲသားဟင်းရည်အိုးကြီး။

Zawgyi









Unicode

လွန်ခဲ့တဲ့ ၄၅နှစ်ကတည်းက စပြီးကျိုထားတဲ့ဒီဟင်းရည်အိုးကြီးက တခါမှအိုးအသစ်ပြန်ပြီးမတည်ရသေးပါဘူး။ နေ့စဉ် လက်ကျန်ဟင်းရည်ထဲကို

အမဲရိုးပြုတ်ရည်၊ အမဲသား၊ အမဲကလီစာနဲ့ တခြားဟင်းခတ်အမွှေးအကြိုင်တွေ ထပ်ထပ်ထည့်တယ်။ အဲ့ဒီအတိုင်း နေ့စဉ်ထည့်ပြီးကျိုနေတာ

မျိုးဆက်သုံးဆက်၊ နှစ်ပေါင်းလေးဆယ်ကျော်ခဲ့ပါပြီတဲ့။ သူ့ရဲ့အရသာက ချိုမွှေးပြီး ဘာနဲ့မှမတူဘူး။ အဲ့ဒီဟင်းရည်ထဲမှာပါတဲ့

ပစ္စည်းအမယ်တွေကို ခန့်မှန်းဖို့မလွယ်ဘူး။ သူ့အရသာအတိုင်းတူအောင် လိုက်ချက်ဖို့ မလွယ်ကူလှဘူးလို့ စားဖူးသူတွေကပြောကြပါတယ်။

အဲ့ဒီအမဲစွပ်ပြုတ်ရည်ကို ခေါက်ဆွဲပေါ်ဆမ်းပြီး အမဲသား၊ အမဲလုံး၊ အမဲကလီစာ စတာတွေနဲ့စားရတယ်လို့ဆိုပါတယ်။ အဲ့ဒါကြီးကို ၄၅နှစ်ကြာတဲ့အထိ

မသိုးအောင် မနံအောင် နေ့စဉ်ဘယ်လိုတွေများလုပ်ရသလဲဆိုတာ တော်တော်တော့စိတ်ဝင်စားစရာကောင်းပါတယ်။

ကျနော့်စိတ်ထဲ ဖျတ်ကနည်းတွေးမိတာကတော့ ကျိုက်ထီးရိုးထမင်းဆိုင်တွေက ချဉ်ပေါင်ဟင်းရည်အိုးကြီးတွေဆိုင်ရရော သက်တမ်းဘယ်လောက်လောက်ရှိပြီလဲ။

ဘန်ကောက်က အမဲစွပ်ပြုတ်အိုးကြီးကိုတော့ ကောင်းကောင်းယှဉ်နိုင်မယ်ထင်တာပါပဲ။ ခရက်ဒစ် ကိုOkka kyi win