တုပ္ေကြးရာသီမွာ လည္ေခ်ာင္းနာျခင္းေတြ အျမန္ဆံုး ေပ်ာက္သြားေစႏုိင္မယ့္ နည္းလမ္းမ်ား

Zawgyi

တုပ္ေကြးရာသီမွာ ေနမေကာင္းမျဖစ္ခင္ လည္ေခ်ာင္းအရင္နာလာတတ္ပါတယ္။ လည္ေခ်ာင္းနာတာ အရွိန္မေသေသးဘူးဆိုရင္ အဖ်ားဝင္လာတတ္ပါတယ္။

ဒါေၾကာင့္ ေနမေကာင္းမျဖစ္ေအာင္ လည္ေခ်ာင္းနာတာေတြကို အရွင္းေပ်ာက္ေအာင္ကုေပးဖို႔ လိုပါတယ္။ ဒီနည္းလမ္းေတြထဲက သင္ႀကိဳက္ႏွစ္သက္တဲ့ နည္းလမ္းေတြနဲ႕ လည္ေခ်ာင္းနာေပ်ာက္ေအာင္လုပ္ေပးနိုင္ပါတယ္။

(၁) ဆားေရ ပါဝင္ပစၥည္းမ်ား – ဆား (လက္ဖက္ရည္ဇြန္း ၁ ဇြန္း) ၊ ေရေႏြးေႏြ (၁ခြက္) ဆားကို ေရေႏြးေႏြးထဲထည့္ေပးပါ။ ဆားေတြ ေရထဲေပ်ာ္ဝင္သြားတဲ့အထိ ေရာေမြေပးပါ။ စကၠန႔္အနည္းငယ္ေလာက္ အာေခါင္ကို ငုံထားၿပီး ပလုတ္က်င္းေပးပပါ။ ၿပီးရင္ ေထြးထုတ္ေပးပါ။ ကုန္တဲ့အထိ လုပ္ေပးပါ။ ေန႕တိုင္း (၂-၃) ႀကိမ္လုပ္ေပးပါ။

(၂) ေရေႏြးၾကမ္းနဲ႕ ပ်ားရည္ ပါဝင္ပစၥည္းမ်ား – ေရေႏြးၾကမ္း အမႈန႔္ (လက္ဖက္ရည္ဇြန္း ၁ ဇြန္း) ၊ ေရ (၁ ခြက္) ၊ ပ်ားရည္။ ေရထဲ ေရေႏြးၾကမ္းအမႈန႔္ ထည့္ေပးၿပီး မီးဖိုေပၚတင္ေပးပါ။ ဆူလာၿပီးဆိုရင္ အမႈန႔္ေတြစစ္ထုတ္ေပးပါ။ ေရေအးသြားၿပီးဆိုရင္ ပ်ားရည္ထည့္ေပးပါ။ ေသာက္နိုင္ပါၿပီ။ ေန႕တိုင္း (၂-၃) ႀကိမ္လုပ္ေပးပါ။

(၃) ၾကက္သြန္ျဖဴ ပါဝင္ပစၥည္းမ်ား – အခြံခြာၿပီး ၾကက္သြန္ျဖဴ (၁-၂ ႁမြာ) ။ ၾကက္သြန္ျဖဴကို စားေပးပါ။ တကယ္လို႔ ဒီအတိုင္းစားဖို႔ အနံျပင္းေနတယ္ဆိုရင္ အသုပ္ နဲ႕ ဟင္းလ်ာေတြမွာ ထည့္ခ် ေပးပါ။ ေန႕တိုင္း စားေပးပါ။

(၄) နႏြင္းမႈန႔္ ပါဝင္ပစၥည္းမ်ား – နႏြင္းမႈန႔္ (လက္ဖက္ရည္ဇြန္း ၁ ဇြန္း) ၊ ႏြားနို႔ပူပူ (၁ ခြက္) ။ ႏြားနို႔ပူပူ ထဲ နႏြင္းမႈန႔္ ထည့္ေဖ်ာ္ေပးပါ။ ႏွံ႕သြားေအာင္ ေရာေမြေပးၿပီး ေအးသြားေအာင္ေစာင့္ေပးပါ။ ေအးသြားၿပီးဆိုရင္ ေသာက္ေပးနိုင္ပါၿပီ။ ေန႕တိုင္း (၁) ႀကိမ္ေသာက္ေပးပါ။

(၅) ပန္းသီးရွာလကာရည္ ပါဝင္ပစၥည္းမ်ား – ပန္းသီးရွာလကာရည္ (စားပြဲတင္ဇြန္း ၁ ဇြန္း) ၊ ေရေႏြး (၁ ခြက္) ၊ပ်ားရည္။ ပန္းသီးရွာလကာရည္ ၊ ပ်ားရည္ ကို ေရေႏြးထဲ ထည့္ေဖ်ာ္ေပးပါ။ ေရာေမြၿပီးရင ေတာ့ ေသာက္နိုင္သလို ၊ ပလုတ္ပဲလည္း က်င္းနိုင္ပါတယ္။ ေန႕တိုင္း (၁) ႀကိမ္လုပ္ေပးပါ။

Unicode

တုပ်ကွေးရာသီမှာ နေမကောင်းမဖြစ်ခင် လည်ချောင်းအရင်နာလာတတ်ပါတယ်။ လည်ချောင်းနာတာ အရှိန်မသေသေးဘူးဆိုရင် အဖျားဝင်လာတတ်ပါတယ်။
.

ဒါကြောင့် နေမကောင်းမဖြစ်အောင် လည်ချောင်းနာတာတွေကို အရှင်းပျောက်အောင်ကုပေးဖို့ လိုပါတယ်။ ဒီနည်းလမ်းတွေထဲက သင်ကြိုက်နှစ်သက်တဲ့ နည်းလမ်းတွေနဲ့ လည်ချောင်းနာပျောက်အောင်လုပ်ပေးနိုင်ပါတယ်။

(၁) ဆားရေ ပါဝင်ပစ္စည်းများ – ဆား (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ၊ ရေနွေးနွေ (၁ခွက်) ဆားကို ရေနွေးနွေးထဲထည့်ပေးပါ။ ဆားတွေ ရေထဲပျော်ဝင်သွားတဲ့အထိ ရောမွေပေးပါ။ စက္ကန့်အနည်းငယ်လောက် အာခေါင်ကို ငုံထားပြီး ပလုတ်ကျင်းပေးပပါ။ ပြီးရင် ထွေးထုတ်ပေးပါ။ ကုန်တဲ့အထိ လုပ်ပေးပါ။ နေ့တိုင်း (၂-၃) ကြိမ်လုပ်ပေးပါ။

(၂) ရေနွေးကြမ်းနဲ့ ပျားရည် ပါဝင်ပစ္စည်းများ – ရေနွေးကြမ်း အမှုန့် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ၊ ရေ (၁ ခွက်) ၊ ပျားရည်။ ရေထဲ ရေနွေးကြမ်း အမှုန့် ထည့်ပေးပြီး မီးဖိုပေါ် တင်ပေးပါ။ ဆူလာပြီးဆိုရင် အမှုန့်တွေစစ်ထုတ်ပေးပါ။ ရေအေးသွားပြီးဆိုရင် ပျားရည်ထည့်ပေးပါ။ သောက်နိုင်ပါပြီ။ နေ့တိုင်း (၂-၃) ကြိမ်လုပ်ပေးပါ။

(၃) ကြက်သွန်ဖြူ ပါဝင်ပစ္စည်းများ – အခွံခွာပြီး ကြက်သွန်ဖြူ (၁-၂ မြွာ) ။ ကြက်သွန်ဖြူကို စားပေးပါ။ တကယ်လို့ ဒီအတိုင်းစားဖို့ အနံပြင်းနေတယ်ဆိုရင် အသုပ် နဲ့ ဟင်းလျာတွေမှာ ထည့်ချ ပေးပါ။ နေ့တိုင်း စားပေးပါ။

(၄) နနွင်းမှုန့် ပါဝင်ပစ္စည်းများ – နနွင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ၊ နွားနို့ပူပူ (၁ ခွက်) ။ နွားနို့ပူပူ ထဲ နနွင်းမှုန့် ထည့်ဖျော်ပေးပါ။ နှံ့သွားအောင် ရောမွေပေးပြီး အေးသွားအောင်စောင့်ပေးပါ။ အေးသွားပြီးဆိုရင် သောက်ပေးနိုင်ပါပြီ။ နေ့တိုင်း (၁) ကြိမ်သောက်ပေးပါ။

(၅) ပန်းသီးရှာလကာရည် ပါဝင်ပစ္စည်းများ – ပန်းသီးရှာလကာရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ ရေနွေး (၁ ခွက်) ၊ပျားရည်။ ပန်းသီးရှာလကာရည် ၊ ပျားရည် ကို ရေနွေးထဲ ထည့်ဖျော်ပေးပါ။ ရောမွေပြီးရင တော့ သောက်နိုင်သလို ၊ ပလုတ်ပဲလည်း ကျင်းနိုင်ပါတယ်။ နေ့တိုင်း (၁) ကြိမ်လုပ်ပေးပါ။