သဃၤန္းကြၽန္းၿမိဳ႕နယ္အတြင္း ေျပးဆြဲလ်က္ရွိေသာ YBS ယာဥ္လိုင္းမ်ားေပၚမွ ခါးပိုက္ႏႈိက္

Zawgyi

ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံး၊ အုပ္ခ်ဳပ္မႈဌာနခြဲမွတပ္ဖြဲ႕ဝင္မ်ားသည္ ၁၄.၃.၂၀၂၀ ရက္ေန႕ ၀၈၃၀ အခ်ိန္တြင္ ရန္ကုန္ၿမိဳ႕တြင္းရွိ ကားမွတ္တိုင္မ်ားႏွင့္ ေျပးဆြဲလ်က္ရွိေသာ YBS ယာဥ္လိုင္းမ်ားေပၚ တြင္ ခါးပိုက္ႏွိုက္ဖမ္းဆီးရမိေရးေဆာင္႐ြက္ခဲ့ရာ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝဏၰစုေပါင္းကားမွတ္တိုင္၌

YBS-25 ယာဥ္ေပၚမွဆင္းလာသည့္ ခါးပိုက္ႏွိုက္သတင္းရွိသူ သီရိခင္(ခ)သီရိေ႐ႊ အား ၎လြယ္ထားေသာ စလင္းဘတ္အိတ္အတြင္းမွ ေငြ(၂၁,၅၀၀) က်ပ္ႏွင့္ပတ္သက္၍စစ္ေမးရာ အဆိုပါယာဥ္ေပၚပါ အသက္(၂၀) ႏွစ္ခန႔္ရွိ အမ်ိဳးသမီးတစ္ဦးလြယ္ထားေသာ ေက်ာပိုးအိတ္အတြင္းမွ ႏွိုက္ယူခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆး ေပၚေပါက္သျဖင့္ အမႈဖြင့္အေရးယူခဲ့ပါသည္။

ဖမ္းဆီးရမိသူ သီရိခင္(ခ)သီရိေ႐ႊ အား အျခားခါးပိုက္ႏွိုက္မႈမ်ား က်ဴးလြန္ခဲ့ျခင္းရွိ/မရွိ အေသးစိတ္ တိုက္ဆိုင္စစ္ေဆးခဲ့ရာ ၎သည္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလမွ ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလတို႔တြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္အတြင္း ေျပးဆြဲလ်က္ရွိသည့္ YBS ယာဥ္လိုင္းမ်ားေပၚတြင္ လိုက္ပါစီးနင္းကာ

ယာဥ္ေပၚပါခရီးသည္မ်ားထံမွ လက္ကိုင္ဖုန္း (၁၈) လုံးကို ၎၏ စလင္းဘတ္အိတ္ျဖင့္ အကာအကြယ္ျပဳ၍ ယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ အမႈမွ သက္ေသခံပစၥည္းလက္ကိုင္ဖုန္းမ်ားကို ျပန္လည္ သိမ္းဆည္းရရွိၿပီးျဖစ္၍ ၎အား ဥပေဒႏွင့္အညီ အျမန္တရားစြဲတင္ပို႔နိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။Yangon Police

Unicode

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များသည် ၁၄.၃.၂၀၂၀ ရက်နေ့ ၀၈၃၀ အချိန်တွင် ရန်ကုန်မြို့တွင်းရှိ ကားမှတ်တိုင်များနှင့် ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများပေါ် တွင် ခါးပိုက်နှိုက်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏစုပေါင်းကားမှတ်တိုင်၌

YBS-25 ယာဉ်ပေါ်မှဆင်းလာသည့် ခါးပိုက်နှိုက်သတင်းရှိသူ သီရိခင်(ခ)သီရိရွှေ အား ၎င်းလွယ်ထားသော စလင်းဘတ်အိတ်အတွင်းမှ ငွေ(၂၁,၅၀၀) ကျပ်နှင့်ပတ်သက်၍စစ်မေးရာ အဆိုပါယာဉ်ပေါ်ပါ အသက်(၂၀) နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးလွယ်ထားသော ကျောပိုးအိတ်အတွင်းမှ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

ဖမ်းဆီးရမိသူ သီရိခင်(ခ)သီရိရွှေ အား အခြားခါးပိုက်နှိုက်မှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတို့တွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းများပေါ်တွင် လိုက်ပါစီးနင်းကာ

ယာဉ်ပေါ်ပါခရီးသည်များထံမှ လက်ကိုင်ဖုန်း (၁၈) လုံးကို ၎င်း၏ စလင်းဘတ်အိတ်ဖြင့် အကာအကွယ်ပြု၍ ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အမှုမှ သက်သေခံပစ္စည်းလက်ကိုင်ဖုန်းများကို ပြန်လည် သိမ်းဆည်းရရှိပြီးဖြစ်၍ ၎င်းအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။Yangon Police