ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔ သိန္းရာခ်ီၿပီးမတည္လႉဒါန္းမယ့္ ခ်စ္သုေဝတို႔မိသားစု

Zawgyi

ေခတ္သစ္ေဖာင္ေဒးရွင္းနဲ႔ အလႉရွင္ေတြ စုေပါင္းၿပီး လႉဒါန္းသြားမွာ ျဖစ္ပါတယ္။ကေလးငယ္ေတြရဲ႕ က်န္းမာေရး၊ပညာေရးေတြကို ကူညီေဆာင္႐ြက္ေပးေနတဲ့ ေခတ္သစ္ေဖာင္ေဒးရွင္းအေနနဲ႔ Covid – 19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ သိန္း ၁၀၀ မတည္ကာ လႉဒါန္းမႈေတြ

ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ခ်စ္သုေဝတို႔ မိသားစု တည္ေထာင္ထားတဲ့ ေခတ္သစ္ေဖာင္ေဒးရွင္းက Covid – 19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ ႏိုင္ဖို႔အတြက္ ေငြက်ပ္ သိန္း ၁၀၀ မတည္ကာ အလႉရွင္မ်ားနဲ႔ စုေပါင္းၿပီး လႉဒါန္းမႈေတြ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။ “လက္ရွိတြင္ ကမာၻ႔ႏိုင္ငံ

အႏွံ႔အျပားမွာ ျဖစ္ပြားကူးစက္ေနေသာ ကို႐ိုနာဗိုင္းရပ္စ္ (COVID-19) ေရာဂါအား ျမန္မာႏိုင္ငံတြင္း ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ားအတြက္ မိမိတို႔ ေခတ္သစ္ေဖာင္ေဒးရွင္းမွ သိန္း ၁၀၀ က်ပ္မတည္ကာ ၇ ရက္သားသမီးမ်ားႏွင့္စုေပါင္းကာ လိုအပ္သည့္ေနရာမ်ားအား ထိေရာက္စြာ

လႉဒါန္းေပးသြားမည္ျဖစ္ပါတယ္” ဆိုၿပီး ခ်စ္သုေဝရဲ႕ ေဖ့စ္ဘြတ္မွာ ဒီေန႔ မတ္လ ၁၉ ရက္က ေျပာထားတာ ေတြ႕ရပါတယ္။ ေခတ္သစ္ေဖာင္ေဒးရွင္းက သိန္း ၁၀၀ မတည္ထားၿပီး ေနာက္ထပ္ အလႉရွင္မ်ား ပါဝင္ဖို႔အတြက္ကို ေစတနာရွင္မ်ားကို ဖိတ္ေခၚထားပါေသးတယ္။

“လႉဒါန္းလိုသူမ်ားအတြက္ လႉဒါန္းႏိုင္မည့္ ဘဏ္အေကာင့္အား ပူးတြဲေဖာ္ျပအပ္ပါတယ္။ အဆိုပါ ဘဏ္အေကာင့္သည္ ေဖာင္ေဒးရွင္းနာမည္ျဖင့္ထားရွိၿပီး ေဖာင္ေဒးရွင္း၏ အမႈေဆာင္ ၃ ဦးမွ ပူးတြဲဖြင့္လွစ္ ထားျခင္းျဖစ္ၿပီး ၂ ဦးအတည္ျပဳမွသာ ေငြထုတ္ယူႏိုင္သည့္စနစ္ကို

အသုံးျပဳထားျခင္းျဖစ္ပါသည္” ဆိုၿပီး ဆက္လက္ေရးသားထားပါတယ္။ အလႉရွင္ေတြ လႉဒါန္းထားတဲ့ေငြမ်ားကိုလည္း တစ္ျပားတစ္ခ်ပ္မွ အေလအလြင့္မရွိေစဘဲ အက်ိဳးရွိရွိ ထိေရာက္စြာအသုံးျပဳသြားမယ္ဆိုၿပီး ကတိျပဳထားပါေသးတယ္။ “ေခတ္သစ္ေဖာင္ေဒးရွင္း” ကို

၂၀၁၉ခုႏွစ္၊ ဇန္နဝါရီ ၁၉ ရက္ေန႔က ေခတ္နဲ႔သစ္တို႔ရဲ႕ အသက္ ၂ ႏွစ္ျပည့္ ေမြးေန႔ေလးကစလို႔ေဖာင္ေဒးရွင္းကို စတင္ တည္ေထာင္ဖြဲ႕စည္းခဲ့တာပါ။ “ေခတ္သစ္” ေဖာင္ေဒးရွင္းကို ၁၄ ႏွစ္တာ ကာလသတ္မွတ္ထားၿပီး အဆင့္ ၇ ခုခြဲကာ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

ပထမဆုံးအဆင့္မွာ ကေလးသူငယ္မ်ားရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈအတြက္ ရည္႐ြယ္ကာအသက္ ၅ ႏွစ္ေအာက္ ကေလးမ်ား အမွန္တကယ္ ခြဲစိတ္စရိတ္လိုအပ္တဲ့ ေမြးရာပါ ႏွလုံးအေပါက္ပါ ေရာဂါရွင္မ်ားအတြက္ ရည္႐ြယ္ကာ လႉဒါန္းသြားမယ္လို႔ သိရပါတယ္။

Unicode

ခေတ်သစ်ဖောင်ဒေးရှင်းနဲ့ အလှူရှင်တွေ စုပေါင်းပြီး လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ကလေးငယ်တွေရဲ့ ကျန်းမာရေး၊ပညာရေးတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းအနေနဲ့ Covid – 19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် သိန်း ၁၀၀ မတည်ကာ လှူဒါန်းမှုတွေ

ပြုလုပ်သွားမှာဖြစ်ပါတယ်။ ချစ်သုဝေတို့ မိသားစု တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းက Covid – 19 ရောဂါကာကွယ်ထိန်းချုပ် နိုင်ဖို့အတွက် ငွေကျပ် သိန်း ၁၀၀ မတည်ကာ အလှူရှင်များနဲ့ စုပေါင်းပြီး လှူဒါန်းမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ “လက်ရှိတွင် ကမ္ဘာ့နိုင်ငံ

အနှံ့အပြားမှာ ဖြစ်ပွားကူးစက်နေသော ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါအား မြန်မာနိုင်ငံတွင်း ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် မိမိတို့ ခေတ်သစ်ဖောင်ဒေးရှင်းမှ သိန်း ၁၀၀ ကျပ်မတည်ကာ ၇ ရက်သားသမီးများနှင့်စုပေါင်းကာ လိုအပ်သည့်နေရာများအား ထိရောက်စွာ

လှူဒါန်းပေးသွားမည်ဖြစ်ပါတယ်” ဆိုပြီး ချစ်သုဝေရဲ့ ဖေ့စ်ဘွတ်မှာ ဒီနေ့ မတ်လ ၁၉ ရက်က ပြောထားတာ တွေ့ရပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းက သိန်း ၁၀၀ မတည်ထားပြီး နောက်ထပ် အလှူရှင်များ ပါဝင်ဖို့အတွက်ကို စေတနာရှင်များကို ဖိတ်ခေါ်ထားပါသေးတယ်။

“လှူဒါန်းလိုသူများအတွက် လှူဒါန်းနိုင်မည့် ဘဏ်အကောင့်အား ပူးတွဲဖော်ပြအပ်ပါတယ်။ အဆိုပါ ဘဏ်အကောင့်သည် ဖောင်ဒေးရှင်းနာမည်ဖြင့်ထားရှိပြီး ဖောင်ဒေးရှင်း၏ အမှုဆောင် ၃ ဦးမှ ပူးတွဲဖွင့်လှစ် ထားခြင်းဖြစ်ပြီး ၂ ဦးအတည်ပြုမှသာ ငွေထုတ်ယူနိုင်သည့်စနစ်ကို

အသုံးပြုထားခြင်းဖြစ်ပါသည်” ဆိုပြီး ဆက်လက်ရေးသားထားပါတယ်။ အလှူရှင်တွေ လှူဒါန်းထားတဲ့ငွေများကိုလည်း တစ်ပြားတစ်ချပ်မှ အလေအလွင့်မရှိစေဘဲ အကျိုးရှိရှိ ထိရောက်စွာအသုံးပြုသွားမယ်ဆိုပြီး ကတိပြုထားပါသေးတယ်။ “ခေတ်သစ်ဖောင်ဒေးရှင်း” ကို

၂၀၁၉ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်နေ့က ခေတ်နဲ့သစ်တို့ရဲ့ အသက် ၂ နှစ်ပြည့် မွေးနေ့လေးကစလို့ဖောင်ဒေးရှင်းကို စတင် တည်ထောင်ဖွဲ့စည်းခဲ့တာပါ။ “ခေတ်သစ်” ဖောင်ဒေးရှင်းကို ၁၄ နှစ်တာ ကာလသတ်မှတ်ထားပြီး အဆင့် ၇ ခုခွဲကာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအဆင့်မှာ ကလေးသူငယ်များရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာအသက် ၅ နှစ်အောက် ကလေးများ အမှန်တကယ် ခွဲစိတ်စရိတ်လိုအပ်တဲ့ မွေးရာပါ နှလုံးအပေါက်ပါ ရောဂါရှင်များအတွက် ရည်ရွယ်ကာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။