ေခါင္းကိုက္တာေလးပဲ ဆိုၿပီး ေပါ့ဆမိလိုက္လို႔ အသက္ဆံုးရံႈးသြားတဲ့ ေကာင္ေလး

Zawgyi

သင္ဟာ ေခါငး္ကုိက္တတ္တဲ့ သူ တေယာက္လား၊ ဒါမွမဟုတ္ ေခါင္းထဲမွာ မၾကည္ မလင္နဲ႔ တစ္ခုခုကို ထမ္းထားရသလိုၾကီး ျဖစ္ေနလား။ ဒါဟာ ျဖစ္ေလ့ျဖစ္ထ ရွိတဲ့ အရာတစ္ခုပါ။

တခါတေလ ေခါင္းကိုက္ ေပ်ာက္ေဆးေလး ေသာက္လုိက္၊ ဒါမွ မဟုတ္လည္း ခဏေလာက္ ေမွးလုိက္ရင္ပဲ ျဖစ္ျဖစ္ ျပန္ေကာင္းသြား တာမ်ိဳးလည္း ရွိပါတယ္ ။

ဒီလို ေဆးေသာက္လိုက္ ျပန္ေကာင္းလိုက္နဲ႔ လြယ္လြယ္ ေပ်ာက္ကငး္ႏိုင္တဲ့ ေရာဂါမ်ိဳးျဖစ္လုိ႔ ေခါငး္ကိုက္တယ္ ဆိုတာ ေလာက္ကို လူေတာ္ေတာ္ မ်ားမ်ားက သိပ္ျပီး မစိုးရိမ္ၾက သလို၊ အထူးတလည္လုပ္ျပီး ေတာ့လည္း ေဆးကုသမႈ မခံယူၾက ပါဘူး။

ဒါေၾကာင့္ပဲ အၾကာေသးခင္က ဆယ္ေက်ာ္သက္ ေကာင္ေလး တေယာက္ဟာ သူ႔အသက္ကုိ ဆံုးရံႈးသြားခဲ့ရ ပါျပီ။ ေပါ့ေပါ့ တန္တန္ သေဘာထားမိ လိုက္တဲ့ အရာေလးတစ္ခုက အသက္ကိုပါ ႏႈတ္ယူသြားခဲ့တာ ျဖစ္ပါတယ္။

အသက္ ၁၄ ႏွစ္အရြယ္ ေက်ာင္းသားေလး Christopher Bunch ဟာဆိုရင္ အထက္တန္း ပထမႏွစ္ကို စတင္တက္ေရာက္ခဲ့ျပီး ေဘာလံုး ေလ့က်င့္ေန စဥ္မွာ ေခါင္းကိုက္လာတာ ျဖစ္ပါတယ္။

ေက်ာင္းသားေလးရဲ႕ မိခင္ျဖစ္သူ ကေတာ့ သားေလးကို ေရေသာက္နည္းလို႔ ျဖစ္တာပဲ ထင္ျပီး အမႈမဲ့အမွတ္မဲ့ပဲ ေနမိ လိုက္တယ္ လို႔ ဆိုပါတယ္။

ဒါေပမယ့္လည္း Christopher ဟာ ၄၈ နာရီေလာက္ အိပ္ေပ်ာ္သြားတဲ့ အခါမွာေတာ့ ပံုမွန္မဟုတ္ေတာ့ဘူး ဆိုတာ မိဘေတြက ရိပ္မိသိရွိသြား ပါေတာ့တယ္။

ေဆးရံုကို ခ်က္ခ်င္း ပို႔လိုက္တဲ့ အခါမွာေတာ့ ဆရာဝန္က Christopher ဟာ ဦးေႏွာက္အေျမွးပါးေရာင္တဲ့ ေရာဂါကို ခံစားေနရတယ္လို႔ ဆိုပါတယ္။

ဒီလိုနဲ႔ သတိျပန္မလည္ လာေတာ့တဲ့ Christopher ဟာ ေဆးရံုမွာ ကြယ္လြန္သြားခဲ့ပါေတာ့တယ္။ ဝမ္းနည္း ေၾကကြဲ မဆံုးတဲ့ ေက်ာင္းသားေလးရဲ႕ မိဘေတြ ကေတာ့ ယူၾကံဳးမရ ရင္ကြဲပက္လက္ျဖစ္ေနရ ပါေတာ့တယ္။

စာဖတ္သူေတြအေနနဲ႔လည္း ေဝဒနာတခုခု ခံစားရတဲ့အခါ ေသေသခ်ာခ်ာ အေလးအနက္ ထားျပီး ဆရာဝန္ထံ ျပသကာ အခ်ိန္မီကုသဖို႔ တိုက္တြန္းလိုက္ ရပါတယ္ ။

ခရက္ဒစ္

Unicode

သင်ဟာ ခေါင်းကိုက်တတ်တဲ့ သူ တယောက်လား၊ ဒါမှမဟုတ် ခေါင်းထဲမှာ မကြည် မလင်နဲ့ တစ်ခုခုကို ထမ်းထားရသလိုကြီး ဖြစ်နေလား။ ဒါဟာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာတစ်ခုပါ။

တခါတလေ ခေါင်းကိုက် ပျောက်ဆေးလေး သောက်လိုက်၊ ဒါမှ မဟုတ်လည်း ခဏလောက် မှေးလိုက်ရင်ပဲ ဖြစ်ဖြစ် ပြန်ကောင်းသွား တာမျိုးလည်း ရှိပါတယ် ။

ဒီလို ဆေးသောက်လိုက် ပြန်ကောင်းလိုက်နဲ့ လွယ်လွယ် ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးဖြစ်လို့ ခေါင်းကိုက်တယ် ဆိုတာ လောက်ကို လူတော်တော် များများက သိပ်ပြီး မစိုးရိမ်ကြ သလို၊ အထူးတလည်လုပ်ပြီး တော့လည်း ဆေးကုသမှု မခံယူကြ ပါဘူး။

ဒါကြောင့်ပဲ အကြာသေးခင်က ဆယ်ကျော်သက် ကောင်လေး တယောက်ဟာ သူ့အသက်ကို ဆုံးရှုံးသွားခဲ့ရ ပါပြီ။ ပေါ့ပေါ့ တန်တန် သဘောထားမိ လိုက်တဲ့ အရာလေးတစ်ခုက အသက်ကိုပါ နှုတ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၄ နှစ်အရွယ် ကျောင်းသားလေး Christopher Bunch ဟာဆိုရင် အထက်တန်း ပထမနှစ်ကို စတင်တက်ရောက်ခဲ့ပြီး ဘောလုံး လေ့ကျင့်နေ စဉ်မှာ ခေါင်းကိုက်လာတာ ဖြစ်ပါတယ်။

ကျောင်းသားလေးရဲ့ မိခင်ဖြစ်သူ ကတော့ သားလေးကို ရေသောက်နည်းလို့ ဖြစ်တာပဲ ထင်ပြီး အမှုမဲ့အမှတ်မဲ့ပဲ နေမိ လိုက်တယ် လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း Christopher ဟာ ၄၈ နာရီလောက် အိပ်ပျော်သွားတဲ့ အခါမှာတော့ ပုံမှန်မဟုတ်တော့ဘူး ဆိုတာ မိဘတွေက ရိပ်မိသိရှိသွား ပါတော့တယ်။

ဆေးရုံကို ချက်ချင်း ပို့လိုက်တဲ့ အခါမှာတော့ ဆရာဝန်က Christopher ဟာ ဦးနှောက်အမြှေးပါးရောင်တဲ့ ရောဂါကို ခံစားနေရတယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ သတိပြန်မလည် လာတော့တဲ့ Christopher ဟာ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတော့တယ်။ ဝမ်းနည်း ကြေကွဲ မဆုံးတဲ့ ကျောင်းသားလေးရဲ့ မိဘတွေ ကတော့ ယူကြုံးမရ ရင်ကွဲပက်လက်ဖြစ်နေရ ပါတော့တယ်။

စာဖတ်သူတွေအနေနဲ့လည်း ဝေဒနာတခုခု ခံစားရတဲ့အခါ သေသေချာချာ အလေးအနက် ထားပြီး ဆရာဝန်ထံ ပြသကာ အချိန်မီကုသဖို့ တိုက်တွန်းလိုက် ရပါတယ် ။

ခရက်ဒစ်