မကောင်းဆိုးဝါးမှန်သမျှကို အမိန့်ပေးနိုင်သူ စန်ဒရာ အဖြစ် မြင်တွေ့ရမယ့် မြတ်သူသူ

Zawgyi






Unicode

နိုင်ငံကျော် ပရိသတ်အချစ်တော်မင်းသမီးချောလေး မြတ်သူသူကတော့ မြန်မာနိုင်ငံရဲ့ လူကြည်အများဆုံး ရုပ်သံလိုင်းတစ်ခုဖြစ်တဲ MRTV 4 ရုပ်သံလိုင်းမှာ မကြာမီထုတ်လွှင့်ပြသတော့မည် မှော်ပလ္လင် ရုပ်သံဇာတ်လမ်းတွဲကြီးမှာ မကောင်းဆိုးဝါးမှန်သမျှကို အမိန့်ပေးနိုင်သူ စန်ဒရာအဖြစ် မြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။

ဒီရုပ်သံဇာတ်လမ်းတွဲကိုတော့ မတ်လ(၃၀)ရက် မှာ စတင်ကာ ည(၈)နာရီအချိန်မှာ ထုတ်လွှင့်ပြသသွားမှာလည်းဖြစ်ပါတယ်။

မင်းသမီးလေး မြတ်သူသူ ကတော့ MRTV- (4 ) ဇာတ်လမ်းတွဲမင်းသမီးတစ်လက်ဖြစ်ပြီး ” ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြညိုဆိုတဲ့ဇာတ်ကောင်နဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးဆိုကာ ပရိသတ်အားပေးမှု အပြည့်အဝရရှိလာခဲ့တဲ့ သူလေးတစ်ယောက်ပါ။

မြညိုလို့ ပရိသတ်တွေသတိမထားမိခင်ကတည်းက “ကံကံ၏အကျိုး” ဇာတ်လမ်းတွဲ ၊ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ ၊တို့အပြင် ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲတွေပါ တို့မှာပါဝင်ခဲ့တဲ့သူလေးပါ။မကြာသေးမီက ဇာတ်သိမ်းသွားပြီဖြစ်တဲ့ ” တတိယမြောက်ဆုံမှတ် ” ဇာတ်လမ်းတွဲမှာလည်း ” ယွန်းမေခ” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်ခဲ့တာပါ။

ပရိသတ်ကြီးရေ ပရိသတ်အချစ်တော်မင်းသမီးချောလေး မြတ်သူသူကို တမူထူးခြားတဲ့ ကာရိုက်တာလေးဖြစ်တဲ့ မကောင်းဆိုးဝါးမှန်သမျှကို အမိန့်ပေးနိုင်တဲ့ စန်ဒရာဆိုတဲ့ ကာရိုက်တာလေးနဲ့ မတ်လ(၃၀)ရက်နေ့မှာ ထုတ်လွှင့်ပြသမည့် မှော်ပလ္လင် ရုပ်သံဇာတ်လမ်းတွဲကြီးမှာ မြင်တွေ့ရတော့မှာတဲ့နော်။