ဆံပင်အတိုလေးနဲ့ ညို့အားပြင်းတဲ့အမျိုးသမီးတစ်ယောက်အဖြစ် တွေ့ရပြန်တဲ့ ဝတ်မှုံရွှေရည်

Zawgyi





Unicode

ဖြူဖြူသွယ်သွယ်ပိန်ပိန်ပါးပါးနဲ့ ချစ်စရာကောင်းတဲ့ ရွှေကစ်လို့ချစ်စနိုးခေါ်ကြတဲ့မင်းသမီးလေးကတော့ ပရိသတ်အချစ်တော် ဝတ်မှုန်ရွှေရည်ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့နာမည်ကြီးထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ဖက်ရှင်ကျကျဝတ်စားဆင်ယင်မှုတွေနဲ့အတူ ဖက်ရှင်ဘုရင်မလို့လည်းတင်စားခြင်းခံရသူပါ။

ရွှေကစ်ကတော့ လတ်တလောမှာ “အိပ်မက်မြစ်”ရုပ်ရှင်ဇာတ်ကားကြီးကို ပါဝင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ဒီဇာတ်ကားကြီးမှာတော့ မင်းသားချောလေးပိုင်တံခွန်ကို ခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့တွေ့မြင်ရမှာဖြစ်ပြီးဝါရင့်မင်းသမီးကြီး ခင်ဇာခြည်ကျော်နဲ့အတူ နေရဲ၊အိစိကွေး၊မေမီကိုကိုတို့အပြင်အခြားသရုပ်ဆောင်များစွာလည်း ပါဝင်မှာဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ဝတ်မှုံရွှေရည်က ဆောင်းရာသီဖက်ရှင်လေးနဲ့ တွေ့ရပြန်ပါတယ်။ဝတ်မှုံရွှေရည်ကတော့ ဆံပင်အတိုလေးနဲ့ တစ်မျိုးလေးကြည့်ကောင်းနေပြီး ဆွဲဆောင်မှုရှိနေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဝတ်မှုံရွှေရည်က ဘယ်အချိန်ကြည့်ကြည့် လှပနုပျိုနေဆဲ မင်းသမီးလေးတစ်လက်ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲအလှကို ကြည့်ပြီး ကျေနပ်သဘောကျကြမယ် ထင်ပါတယ်။