အမျိုးသားစာပေဆုရခဲ့တဲ့ အချစ်၏နောက်ဆက်တွဲစာမျက်နှာများ ဝတ္ထုမှာ အဓိကဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်မည့် အေးမြတ်သူ

Zawgyi





Unicode

လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်ကတည်းက ပါးချိုင့်လေးနဲ့ မြန်မာဆန်ဆန်လှတဲ့ အခုချိန်ထိ အရွယ်တင် နုပျိုနေတဲ့ အေးမြတ်သူကိုတော့ အားလုံးကို မိတ်ဆက်ပေးနေစရာလိုမယ် မထင်ပါဘူး။ မြန်မာဆန်တဲ့အလှပိုင်ရှင် ဆိုပေမယ့် သူရဲ့ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ် အချိုးစားကြောင့် ဘယ်လိုပုံစံ ဝတ်ဝတ်ကြည့်ကောင်းနေတယ် ဆိုတာကိုတော့ အားလုံးလည်း ငြင်းလိမ့်မယ် မထင်ပါဘူး။

ကြည်လင်တဲ့ အသားရေနဲ့ သူရဲ့ ခန္ဓာကိုယ်အချိုးစားဟာ တကယ့်ကို လိုက်ဖက်လွန်းလှပါတယ်။လက်ရှိမှာ သူပါဝင်သရုပ်ဆောင်မည့် အချစ်၏နောက်ဆက်တွဲ စာမျက်နှာများ ရုပ်ရှင်ဇာတ်ကားကြီးက ဒေါက်တာ ခင်ဦးနွယ် ကာရိုက်တာကတော့ စာဖတ်ပရိသတ်တွေရဲ့ အသည်းကျော်ကာရိုက်တာဖြစ်ကြောင့် စိန်ခေါ်မှုတွေများစွာရှိနေမှာအမှန်ပါပဲ။

ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ညွှန့်မြန်မာ ညီမောင်မောင်က တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပြီး နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ မင်းမော်ကွန်း၊ငြိမ်းသော်၊အကယ်ဒမီ အေးမြတ်သူ၊ ထက်ထက်ထွန်း၊ဝမ်းဝမ်း တို့ကပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ နိုင်ငံကျော်မင်းသမီးချော အကယ်ဒမီ အေးမြတ်သူကတော့ စာရေးဆရာမကြီး ဝင်းဝင်းလတ်ရဲ့ အမျိုးသားစာပေဆုကိုဆွတ်ခူးပေးခဲ့တဲ့ အချစ်၏နောက်ဆက်တွဲ စာမျက်နှာများ ဝတ္ထုကို ပြန်လည်ပုံဖော်ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒေါက်တာ ခင်ဦးနွယ် နေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာတဲ့နော်။