ပန္းဆိုးတန္းလမ္းႏွင့္ ကုန္သည္ လမ္းေထာင့္ရွိ KAFE IN TOWN ႏွင့္ HOt POT & RESTAURANT ဆိုင္ကို မီးရွို႔ ခဲ့သည့္ ယင္းဆိုင္၏ လက္ေထာက္ မန္ေနဂ်ာကို ဖမ္းဆီး

Zawgyi

KAFE IN TOWN ဆိုင္ကို မီးရွို႔သည့္ လက္ေထာက္မန္ေနဂ်ာကို ဖမ္းဆီး

ရန္ကုန္ၿမိဳ႕ ၊ေက်ာက္တံတားၿမိဳ႕နယ္၊ ပန္းဆိုးတန္းလမ္းႏွင့္ ကုန္သည္လမ္းေထာင့္ရွိ KAFE IN TOWN ႏွင့္ HOt POT & RESTAURANT ဆိုင္ကို မီးရွို႔ခဲ့သည့္ ယင္းဆိုင္၏ လက္ေထာက္မန္ေနဂ်ာကို ဖမ္းဆီးအေရးယူထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး မီးသတ္ဦးစီးမႉး႐ုံးႏွင့္ ေက်ာက္တံတားၿမိဳ႕မရဲစခန္းတို႔က ယေန႕မတ္ ၁၇ ရက္တြင္ အတည္ျပဳသည္။

မတ္ ၈ ရက္ နံနက္ ၅ နာရီ ၁ဝ မိနစ္ခန႔္က ျဖစ္ပြားခဲ့သည့္ ယင္းျဖစ္စဥ္တြင္ ဆိုင္မွ လက္ေထာက္မန္ေနဂ်ာ ဦးမ်ိဳးမင္းသန႔္သည္ CCTV မွတ္တမ္းမ်ားအား ေဖ်ာက္ဖ်က္ရန္ CCTV ႏွင့္ အျခားစက္မ်ား၌ သြယ္တန္းထားသည့္ ဝိုင္ယာႀကိဳးမ်ားကို မီးရွို႔ရာမွ မီးကူးစက္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္ဟု ရန္ကုန္တိုင္းေဒသႀကီးမီးသတ္ဦးစီးမႉး႐ုံးက သတင္းထုတ္ျပန္သည္။

မတ္ ၈ ရက္ နံနက္ ၅ နာရီ ၁ဝ မိနစ္တြင္ ျဖစ္ပြားသည့္ မီးေလာင္ကြၽမ္းမႈ မတိုင္မီ မတ္ ၇ ရက္ ည ၉ နာရီ မိနစ္ ၂ဝ ခန႔္၌ လက္ေထာက္မန္ေနဂ်ာ ဦးမ်ိဳးမင္းသန႔္သည္ ဆိုင္အေပၚထပ္တြင္ မီးရွို႔ခဲ့ၿပီး ၎ကိုယ္တိုင္ ဆိုင္ဝန္ထမ္းမ်ားႏွင့္အတူ ျပန္လည္ျငႇိမ္း သတ္ခဲ့သည္။

”ဆိုင္ဝန္ထမ္းကေလးေတြကို ပညာေပးမယ္ဆိုၿပီး မတ္လ ၇ ရက္ ညဦးပိုင္းေလာက္မွာ မီးရွို႔တယ္။ သူကိုယ္တိုင္ဝိုင္းၿပီး ျပန္ျငႇိမ္းတယ္။ မီးေလာင္တာကို ကေလးေတြက စီစီတီဗီ ျပန္ၾကည့္မယ္ဆိုၿပီးေျပာေတာ့ သူကညဘက္ အိပ္မေပ်ာ္ေတာ့ဘူး။” ဟု ေက်ာက္တံတားၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

”ၿပီးေတာ့ ည ၁ နာရီ(မတ္လ ၈ ရက္ နံနက္ ၁ နာရီ)ေလာက္မွာ ေကတီဗီဆိုင္သြားတယ္။ မနက္ ၄ နာရီ ေလာက္မွာ ျပန္လာတယ္။ လုံၿခဳံေရးေတြနဲ႕ စကားေျပာၾကေသးတယ္လို႔ စုံစမ္းသိရတယ္။ အရက္လည္းေသာက္ထားတယ္။ မနက္ ၄ နာရီ မိနစ္ ၅ဝ ေလာက္မွာ မီးျပန္ရွို႔ရာကေန မီးေလာင္မႈႀကီးျဖစ္ပြားတာပဲ” ဟု အဆိုပါရဲအရာရွိက ဆက္လက္ေျပာဆိုသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ ေအာက္ထပ္ရွိ လက္ဖက္ရည္ဆိုင္မွာ တစ္ဆိုင္လုံးမီးေလာင္ကြၽမ္းခဲ့ၿပီး အေပၚထပ္ရွိ ပိတ္ထားသည့္ HOT POT ဆိုင္မွာလည္း စားပြဲဝိုင္း ၁၈ ဝိုင္းအပါအဝင္ Mya Sabei လက္ဖက္ရည္ဆိုင္ အေပၚအထိ Hall ခန္း တစ္ခန္းလုံး မီးေလာင္ကြၽမ္းခဲ့သည္။

အဆိုပါဆိုင္ႏွစ္ဆိုင္ အေပၚ/ေအာက္တည္ရွိရာ အေဆာက္အဦ မီးေလာင္မႈျဖစ္ပြားေၾကာင္း ယင္းေန႕ နံနက္ ၅ နာရီ ၁၈ မိနစ္ခန႔္တြင္ သတင္းရရွိသျဖင့္ မီးျငႇိမ္းသတ္ယာဥ္ေစလႊတ္မႈ Level 3 အဆင့္သတ္မွတ္၍ ျငႇိမ္းသတ္ခဲ့ရသည္ဟု ရန္ကုန္တိုင္းေဒသႀကီးမီးသတ္ဦးစီးမႉး႐ုံးက သတင္းထုတ္ျပန္ထားသည္။

နံနက္ ၅ နာရီ ၅၇ မိနစ္တြင္ မီးၿငိမ္းခဲ့ၿပီး မီးေလာင္မႈေၾကာင့္ ႏွစ္ထပ္အေဆာက္အဦ မီးေလာင္ဆုံးရႈံးမႈ က်ပ္ ၃၉ သိန္းေက်ာ္ႏွင့္ ဆိုင္အတြင္းပစၥည္းမ်ား မီးေလာင္ဆုံးရႈံးမႈ က်ပ္သိန္း ၂ဝ ေက်ာ္ဆုံးရႈံးခဲ့ကာ ထိခိုက္ဒဏ္ရာရရွိမႈ မရွိဟု ရန္ကုန္တိုင္းေဒသႀကီးမီးသတ္ဦးစီးမႉး႐ုံးက ထုတ္ျပန္ခဲ့သည္။

ေနာက္ဆက္တြဲ စစ္ေဆးေပၚေပါက္ခ်က္မ်ားအရ ဦးမ်ိဳးမင္းသန႔္ကို ေက်ာက္တံတားၿမိဳ႕မရဲစခန္းတြင္ (ပ)၁၆၄/၂ဝ၂ဝ၊ ရာဇသတ္ႀကီးပုဒ္မ ၄၃၆ ျဖင့္ အမႈဖြင့္ ဖမ္းဆီးထားသည္။

Unicode

KAFE IN TOWN ဆိုင်ကို မီးရှို့သည့် လက်ထောက်မန်နေဂျာကို ဖမ်းဆီး

ရန်ကုန်မြို့ ၊ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ KAFE IN TOWN နှင့် HOt POT & RESTAURANT ဆိုင်ကို မီးရှို့ခဲ့သည့် ယင်းဆိုင်၏ လက်ထောက်မန်နေဂျာကို ဖမ်းဆီးအရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးနှင့် ကျောက်တံတားမြို့မရဲစခန်းတို့က ယနေ့မတ် ၁၇ ရက်တွင် အတည်ပြုသည်။

မတ် ၈ ရက် နံနက် ၅ နာရီ ၁ဝ မိနစ်ခန့်က ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်တွင် ဆိုင်မှ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းသန့်သည် CCTV မှတ်တမ်းများအား ဖျောက်ဖျက်ရန် CCTV နှင့် အခြားစက်များ၌ သွယ်တန်းထားသည့် ဝိုင်ယာကြိုးများကို မီးရှို့ရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးက သတင်းထုတ်ပြန်သည်။

မတ် ၈ရက် နံနက် ၅နာရီ ၁ဝမိနစ်တွင် ဖြစ်ပွားသည့် မီးလောင်ကျွမ်းမှု မတိုင်မီ မတ် ၇ ရက် ည ၉နာရီ မိနစ်၂ဝ ခန့်၌ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းသန့်သည် ဆိုင်အပေါ်ထပ်တွင် မီးရှို့ခဲ့ပြီး ၎င်းကိုယ်တိုင် ဆိုင်ဝန်ထမ်းများနှင့်အတူ ပြန်လည်ငြှိမ်း သတ်ခဲ့သည်။

”ဆိုင်ဝန်ထမ်းကလေးတွေကို ပညာပေးမယ်ဆိုပြီး မတ်လ ၇ ရက် ညဦးပိုင်းလောက်မှာ မီးရှို့တယ်။ သူကိုယ်တိုင်ဝိုင်းပြီး ပြန်ငြှိမ်းတယ်။ မီးလောင်တာကို ကလေးတွေက စီစီတီဗီ ပြန်ကြည့်မယ်ဆိုပြီးပြောတော့ သူကညဘက် အိပ်မပျော်တော့ဘူး။” ဟု ကျောက်တံတားမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

”ပြီးတော့ ည ၁ နာရီ(မတ်လ ၈ ရက် နံနက် ၁ နာရီ)လောက်မှာ ကေတီဗီဆိုင်သွားတယ်။ မနက် ၄ နာရီ လောက်မှာ ပြန်လာတယ်။ လုံခြုံရေးတွေနဲ့ စကားပြောကြသေးတယ်လို့ စုံစမ်းသိရတယ်။

အရက်လည်းသောက်ထားတယ်။ မနက် ၄ နာရီ မိနစ် ၅ဝ လောက်မှာ မီးပြန်ရှို့ရာကနေ မီးလောင်မှုကြီးဖြစ်ပွားတာပဲ” ဟု အဆိုပါရဲအရာရှိက ဆက်လက်ပြောဆိုသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် အောက်ထပ်ရှိ လက်ဖက်ရည်ဆိုင်မှာ တစ်ဆိုင်လုံးမီးလောင်ကျွမ်းခဲ့ပြီး အပေါ်ထပ်ရှိ ပိတ်ထားသည့် HOT POT ဆိုင်မှာလည်း စားပွဲဝိုင်း ၁၈ ဝိုင်းအပါအဝင် Mya Sabei လက်ဖက်ရည်ဆိုင် အပေါ်အထိ Hall ခန်း တစ်ခန်းလုံး မီးလောင်ကျွမ်းခဲ့သည်။

အဆိုပါဆိုင်နှစ်ဆိုင် အပေါ်/အောက်တည်ရှိရာ အဆောက်အဦ မီးလောင်မှုဖြစ်ပွားကြောင်း ယင်းနေ့ နံနက် ၅ နာရီ ၁၈ မိနစ်ခန့်တွင် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်စေလွှတ်မှု Level 3 အဆင့်သတ်မှတ်၍ ငြှိမ်းသတ်ခဲ့ရသည်ဟု ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးက သတင်းထုတ်ပြန်ထားသည်။

နံနက် ၅ နာရီ ၅၇ မိနစ်တွင် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် နှစ်ထပ်အဆောက်အဦ မီးလောင်ဆုံးရှုံးမှု ကျပ် ၃၉ သိန်းကျော်နှင့် ဆိုင်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးမှု ကျပ်သိန်း ၂ဝ ကျော်ဆုံးရှုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိမှု မရှိဟု ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးက ထုတ်ပြန်ခဲ့သည်။

နောက်ဆက်တွဲ စစ်ဆေးပေါ်ပေါက်ချက်များအရ ဦးမျိုးမင်းသန့်ကို ကျောက်တံတားမြို့မရဲစခန်းတွင် (ပ)၁၆၄/၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် ဖမ်းဆီးထားသည်။