မိန်းကလေးတွေ သတိပြုရအောင်ပါ
Zawgyi
အနောက်ကနေ လူကြီးတစ်ယောက် လာစောင့်တွန်းပါတယ် (သူ့ပုံ ကြည့်ရတာ စိတ်မနှံ့တာလိုလို မူးနေတာလိုလို ရူးနေတာလိုလိုနဲ့ပါ ဆံပင်ဂုတ်လောက်ရှိပါတယ် ပိန်ပိန် အရပ်ရှည်ရှည်နဲ့ပါ) ​ယောကျာင်္း အားနဲ့လဲ ဖြစ် ညီမအာရုံကလဲ ကားလမ်းကူးဖို့စောင့်နေတာလဲဖြစ်
Unicode
ဒီနေ့ လှိုင်မြို့နယ် သံလမ်း မှတ်တိုင်ထိပ်မှာ ညီမ ဖစ်လာတာပါ ညီမ YUFL ကနေ သင်တန်းပြီးတော့ သံလမ်းကို ပြန်လာတာပါ ညီမ သံလမ်းမှတ်တိုင်ကိုရောက်တဲ့ချိန် 7:45, 7:50 လောက်ပါ
ညီမက မှတ်တိုင်ကနေ သံလမ်းထဲ ဝင်ဖို့ ကားလမ်း ကူးရပါတယ် ကားလမ်းက ၂ ခြမ်းပါ အဲ့မှာ ညီမ တစ်ခြမ်းဘက်ကိုကူးပြီးပါပြီ သံလမ်းထဲဝင်ဖို့နောက်လမ်းတစ်ခြမ်းကို ကူးဖို့ လုပ်တုန်း ကားရှင်းဖို့ကို စောင့်နေတဲ့ချိန်မှာ
အနောက်ကနေ လူကြီးတစ်ယောက် လာစောင့်တွန်းပါတယ် (သူ့ပုံ ကြည့်ရတာ စိတ်မနှံ့တာလိုလို မူးနေတာလိုလို ရူးနေတာလိုလိုနဲ့ပါ ဆံပင်ဂုတ်လောက်ရှိပါတယ် ပိန်ပိန် အရပ်ရှည်ရှည်နဲ့ပါ) ယောကျာၤး အားနဲ့လဲ ဖြစ် ညီမအာရုံကလဲ ကားလမ်းကူးဖို့စောင့်နေတာလဲဖြစ်
ပြီးတော့ ကိုယ့်ကို လူတစ်ယောက်နောက်ကနေလာဆောင့်တွန်းလိုက်မယ်လဲ ဘယ်လိုမှမထင်ထားတော့ ညီမတော်တော် ဟန်ချက်ပျက်ပြီး ကားလမ်းပေါ်ထိကို ပစ်လဲ ကျသွားတယ် အဲ့မှာ YBS ကားတစ်စီးကလဲ အမြန်ရပ်ပေးပါတယ် တစ်ကယ်လို့ အရှိန်ပြင်းတဲ့ကားသာလာရင်
အကြိတ်ခံရမှာပါဘေးနားပတ်ဝန်းကျင်ကလူတွေလဲကြောင်သွားကြတာ ညီမလဲ ကြောင်ပြီး ဘာဖစ်လို့ ဖစ်သွားမှန်းကို မသိလိုက်ဘူး သူတွန်းလိုက်တာ အရှိန်အရမ်းများတော့ ထလဲ မထ နိုင်တော့ဘူး အဲ့မှာ သူက ခပ်တည်တည်ပဲ ညီမကို ဆဲပြီး သွားလိုက်ပါတယ်
ညီမက နင်ငါ့ကို ဘာလုပ်လိုက်တာလဲ လို့တော့ လှမ်းအော်လိုက်ပေမယ့် အရမ်းနာလို့ သူ့နောက်မလိုက်နိုင်လိုက်ပါဘူးဘာပဲဖစ်ဖစ် မိန်းကလေးတွေ သွားလာရင် ပတ်ဝန်းကျင်ကို သေချာ ဂရိုစိုက်ကြပါရှင့် ညီမကတော့ ညီမ အပြစ်လဲ မဟုတ်ပဲနဲ့
အိမ်ကဆူတာ ခံလိုက်ရပါပီရှင့် (အာ့ကြောင့်ပြောတာ ပတ်ဝန်းကျင်ကို ဂရိုစိုက်ပါဆိုတာကို တဲ့) (အိမ်ကလဲ ကရုဏာဒေါသော နဲ့ စိတ်အပူလွန်ပြီး ပြောတာပါ)ညီမလဲ ဂရုစိုက်တာပဲလေ ကားလမ်းကူးဖို့လုပ်နေချိန် ကားရှင်းမရှင်းပဲ အာရုံစိုက်မိတာပေါ့ နောက်က လာတွန်းမဲ့သူရှိနေမလားလို့တော့ ဘယ် ဂရုစိုက်မိမှာတုန်း။ ခရက်ဒစ်