ယမန်နေ့က မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် ကွယ်လွန်သွားသည့် စောင့်ကြည့် လူနာ အမျိုးသမီးထံရဲ့ ဆေးစစ်အဖြေထွက်ပီ

Zawgyi




Unicode

ယမန်နေ့က မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် ကွယ်လွန်သွားသည့် စောင့်ကြည့် လူနာ အမျိုးသမီးထံမှ COVID-19 ရောဂါ မတွေ့ကြောင်း အစိုးရသတင်းကထုတ်ပြန်သည်။ မန္တလေးကန်တော်နဒီဆေးရုံတွင် မတ် 17ရက် နံနက်ပိုင်းက သေဆုံးခဲ့သည့် အသက်22နှစ်အရွယ် အမျိုးသမီးစောင့်ကြည့်လာနာ

နှင့် ပတ်သက်ပီး ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ် Negativeဖြစ်ကြောင်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးထံမှ သိရသည်။ အားလုံး ပျော်ရွှင်ရတဲ့ အဖြေဖြစ်ပါတယ်။ တစ်ဖက်မှာလည်း

ဆုံးပါးသွားတဲ့အမျိုးသမီးအတွက် မိသားစုနဲ့အတူဝမ်းနဲရပါတယ်ဗျာ။ ကောင်းရာသုဂတိရောက်ပါစေ။ ကဲ ကျွန်တော်တို့ နိုင်ငံကြီးဟာ အင်မတန်ထူးခြားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီအချိန်ထိ ဗိုင်ရပ်ကူးစက်မှုမရှိသေးတာဟာ အင်မတန် ဂုဏ်ယူစရာတစ်ခုဖြစ်ပါတယ်။ အားလုံး ကျန်းမာရွှင်လန်းကြပါစေဗျာ