(၂)နှစ်အတွင်း လင်ပါသားနဲ့ စိတ်ကြိုက်လွန်ကျူးခဲ့တဲ့ မိထွေး ထောင်ဒဏ်ချမှတ်ခံရ
Zawgyi
Unicode
လင်ပါသားဟာ အသက်(၁၆)နှစ်သာ ရှိသေးပြီး၊ သူမရဲ့ခင်ပွန်းဖြစ်သူကပဲ တရားလိုပြုလုပ် တိုင်ကြားခဲ့တာပါ။ ဇနီးဖြစ်သူဟာ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ကြောင်း ထင်ရှားခဲ့တဲ့အတွက် ထောင်ဒဏ်(၅)နှစ်အထိ ချမှတ်ခံခဲ့ကြောင်း သိရပါတယ်။
ကောင်လေးက အသက်(၁၄)နှစ်အရွယ်မှာ လိင်ပိုင်း စတင်ကျူးလွန်ခံခဲ့ရတာပါ။ ကနဦးတုန်းကတော့ ရဲတပ်ဖွဲ့က ပြစ်မှုကျုးလွန်သူကို ပြန်လွှတ်ခဲ့ပါတယ်။ အကြောင်းကတော့ ယူကေရဲ့နယ်ပယ်တစ်ချိုကမှာ လိင်ပိုင်းဆိုင်ရာ နှီးနှောဆက်နွယ်မှု
ခွင့်ပြုထားတဲ့ အသက်အရွယ်ဟာ အသက်(၁၆)နှစ်ဖြစ်လို့၊ နှစ်ဦးသဘောတူ ချစ်တင်းနှောတာမို့ ဥပဒေအရ အရေးယူလို့မရဘူးလို့ ဆိုပါတယ်။ သို့သော်လည်း နောက်မှ ပြစ်မှုကျူးလွန်သူကို ပြန်ဖမ်းခဲ့ပါတယ်။ ဥပဒေခြွင်းချက်မှာ မိထွေးပထွေးဖြစ်ရပ်နဲ့ပတ်သက်လာရင်
အသက်အပိုင်းအခြားမှာ (၁၈)နှစ်ဖြစ်ခြင်းကြောင့် ပြစ်မှုကျူးလွန်သူမှာ သေချာပေါက် ဥပဒေကို ကျူးလွန်ခဲ့တာဖြစ်ကြောင်း သေချာစေခဲ့ပါတယ်။ ဒီအမှုကို Lincoln Crown Court က စစ်ဆေးခဲ့တာပါ။ တရားလို လင်ဖြစ်သူရဲ့ထွက်ဆိုချက်အရ
သူ့သားနဲ့ ဇနီးဖြစ်သူတို့ဟာ အိပ်ရာထဲမှာ အဝတ်မဲ့အနေအထားနဲ့ တွေ့ခဲ့ရရာကနေ မသိကျိုးကျွန်ပြုပြီး တရားစွဲလို့ရမယ့် သက်သေတွေ စုဆောင်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ခရက်ဒစ်