(၉) ႏွစ္အရြယ္ ကေလးမေလးကုိ လူမေနတဲ့အိမ္ထဲမွာ သားမယားျပဳက်င့္ရန္ ၾကံစည္မႈ ျဖစ္ပြား

Zawgyi

အသက္ ၉ႏွစ္အရြယ္ အမ်ဳိးသမီးငယ္တစ္ဦးကို သားမယားအျဖစ္ ျပဳက်င့္ရန္ ၾကံစည္ျခင္း ဧရာဝတီတိုင္း၊ ျမန္ေအာင္ျမိဳ႕နယ္၌ မတ္လ ၁၂ရက္ေန႔က ျဖစ္ပြားခဲ့သည္။

ျမန္ေအာင္ၿမိဳ႕နယ္၊ အစပ္အုပ္စု၊ မဲဇင္ေက်းရြာ၌ မတ္လ ၁၂ရက္ေန႔ ၅နာရီခန္႔တြင္ အသက္ ၉ႏွစ္အရြယ္ရွိ အမ်ဳိးသမီးငယ္က ငိုေနသည္ကို မိခင္ျဖစ္သူ ေတြ႕ျမင္ရ၍ ေမးျမန္းၾကည့္ရႈရာ ေနမ်ဳိးေအာင္(အမည္လႊဲ)မွ ေနအိမ္၏ အေနာက္ဘက္ေဘး လူမေနသည့္ ေနအိမ္တြင္ သားမယား ျပဳက်င့္ခဲ့တယ္ဟု ေျပာၾကားေၾကာင္း ဆိုသည္။

သမီးျဖစ္သူ၏ မိန္းမကိုယ္အား စစ္ေဆးၾကည့္ရႈ၍ ေတြ႕ျမင္ခ်က္အရ လာေရာက္အမႈဖြင့္ တိုင္ၾကားေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေနမ်ဳိးေအာင္ (အမည္လႊဲ) ၁၆ႏွစ္ကို ေရႊက်င္နယ္ေျမရဲစခန္းမွ (ပ)၁၀၀/၂၀၂၀၊ ရာဇာသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆/၅၁၁ျဖင့္ က်ဴးလြန္သူအား ဖမ္းဆီး စစ္ေဆးေဆာင္ရြက္လၽွက္ ရွိေၾကာင္း စုံစမ္းသိရွိရသည္။

Unicode

အသက် ၉နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ခြင်း ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၌ မတ်လ ၁၂ရက်နေ့က ဖြစ်ပွားခဲ့သည်။

မြန်အောင်မြို့နယ်၊ အစပ်အုပ်စု၊ မဲဇင်ကျေးရွာ၌ မတ်လ ၁၂ရက်နေ့ ၅နာရီခန့်တွင် အသက် ၉နှစ်အရွယ်ရှိ အမျိုးသမီးငယ်က ငိုနေသည်ကို မိခင်ဖြစ်သူ တွေ့မြင်ရ၍ မေးမြန်းကြည့်ရှုရာ နေမျိုးအောင်(အမည်လွှဲ)မှ နေအိမ်၏ အနောက်ဘက်ဘေး လူမနေသည့် နေအိမ်တွင် သားမယား ပြုကျင့်ခဲ့တယ်ဟု ပြောကြားကြောင်း ဆိုသည်။

သမီးဖြစ်သူ၏ မိန်းမကိုယ်အား စစ်ဆေးကြည့်ရှု၍ တွေ့မြင်ချက်အရ လာရောက်အမှုဖွင့် တိုင်ကြားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နေမျိုးအောင် (အမည်လွှဲ) ၁၆နှစ်ကို ရွှေကျင်နယ်မြေရဲစခန်းမှ (ပ)၁၀၀/၂၀၂၀၊ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၅၁၁ဖြင့် ကျူးလွန်သူအား ဖမ်းဆီး စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း စုံစမ်းသိရှိရသည်။