ေမာ္လၿမိဳင္ၿမိဳ႕၊မင္း႐ြာအဝင္လမ္းမွာ လူသတ္ၿပီးဆိုင္ကယ္လုယက္မႈျဖစ္ပြား( ႐ုပ္/သံ )

Zawgyi

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ မုေရာင္းေက်း႐ြာအုပ္စုရွိ မင္း႐ြာအ၀င္လမ္း Water Worldအနီးမွာမတ္လ(၁၂)ရက္ေန႕၊ည(၇)နာရီ(၅၀)မိနစ္ခန့္က လူသတ္ၿပီးဆိုင္ကယ္လုယက္မႈျဖစ္ပြားခဲ့တယ္လို႔ မြန္ျပည္နယ္ရဲတပ္ဖြဲ႕မႉး႐ုံးမွသိရပါသည္။

ျဖစ္စဥ္မွာ မတ္လ(၁၂)ရက္ေန႕၊ ည(၇)နာရီခန့္က မင္း႐ြာအ၀င္လမ္း Water Worldအနီးမွာ လူတစ္ဦး ဒဏ္ရာမ်ားျဖင့္ လဲက်ေနေၾကာင္း သတင္းရသျဖင့္ လူမႈကယ္ဆယ္ေရးအဖြဲ႕မွ သက္ဆိုင္ရာရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားခဲ့ေၾကာင္း၊

သက္ဆိုင္ရာ ၿမိဳင္သာယာနယ္ေျမရဲစခန္းမွ တာဝန္ရွိသူမ်ားက သြားေရာက္စစ္ေဆးရာ လဲက်ေနသူတြင္ ယာဘက္ရင္အုံ ထိုးသြင္းဒဏ္ရာ ၁ ခ်က္၊ ယာဘက္လက္ဖ်န္ ျပတ္ရွဒဏ္ရာ ၁ ခ်က္ႏွင့္ ယာဘက္ ခါးထိုးသြင္းဒဏ္ရာ ၄ ခ်က္တို႔ျဖင့္ သတိေမ့ေနေၾကာင္းနဲ႕ လူနာကိုေမာ္လၿမိဳင္ ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္စဥ္ ရရွိဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့​တာျဖစ္တယ္လို႔ ေမာ္လၿမိဳင္RESCUEလူမႈကယ္ဆယ္ေရးအဖြဲ႕မွ ကိုဇင္မိုးကေျပာပါတယ္။

လက္ရွိေသဆုံးသြားသူမွာ ေမာ္လၿမိဳင္ၿမိဳ႕၊မဟာၿမိဳင္ရပ္ကြက္မွာ ေနထိုင္တဲ့ကိုေဝလင္းျဖစ္ေၾကာင္း၊သူဟာဆိုရင္ ေသာက္စားမူးယစ္ျခင္းလည္းမရွိေၾကာင္းနဲ႕ ပစၥည္းလိုခ်င္လို႔သတ္တာ ျဖစ္နိုင္တယ္လို႔ ကိုေဝလင္းရဲ႕ ဖခင္ျဖစ္သူဦးတင္ကေျပာပါတယ္။

ကိုေဝလင္းဟာဆိုရင္ TAXIကိုအၿမဲတမ္းမသြားပဲလူရင္းေခၚမွသြား​ေၾကာင္း၊ လက္ရွိျဖစ္ေပၚခဲ့တာနဲ႕ပတ္သက္ၿပီး အမွန္တရားကိုေပၚေစခ်င္ေၾကာင္းနဲ႕သူ႕လိုပဲတျခား TAXIဘဝတူေတြ သူလိုမျဖစ္ရေအာင္ ဥပေဒပိုင္းအရ ၾကပ္ၾကပ္မတ္မတ္ေဆာင္႐ြက္ေစလိုတယ္လို႔ ကိုေဝလင္းရဲ႕ မိခင္ျဖစ္သူ ေဒၚဝင္းရီကေျပာပါတယ္။

ကိုေဝလင္းဟာ ရန္ၿငိဳးရန္စမရွိပဲ အရမ္းေအးသူတစ္ေယာက္ျဖစ္ေၾကာင္း၊ အခုလိုTAXIသမားေတြကိုလူသတ္ ဆိုင္ကယ္လုတာေတြကို မၾကာခဏၾကားေနရေၾကာင္းနဲ႕ ဒီျဖစ္စဥ္မ်ိဳးေတြကို ဥပေဒအရထိထိေရာက္ေရာက္ အေရးယူေစခ်င္တယ္လို႔ ဆိုင္ကယ္TAXIယာဥ္ေမာင္း ကိုျမင့္လြင္ကေျပာပါတယ္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး လူကိုဒဏ္ရာရရွိေသဆုံးေအာင္ျပဳလုပ္ၿပီး ထြက္ေျပး တိမ္းေရွာင္သြားသူ အမည္မသိ(စုံစမ္းဆဲ)အား ၿမိဳင္သာယာနယ္ေျမရဲစခန္းမွ အမႈႀကီးအမွတ္စဥ္(၁/၂၀၂၀)၊(ပ) ၂၄၈/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂ အရ အမႈဖြင့္လွစ္ထားၿပီး တရားခံဖမ္းဆီးရမိေရးေဆာင္႐ြက္လ်က္ရွိ​တယ္လို႔ မြန္ျပည္နယ္ရဲတပ္ဖြဲ႕မႉး႐ုံးမွ သိရပါတယ္။ရာမညတိုင္း(မ္)သတင္းေအဂ်င္စီ

Unicode

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုရောင်းကျေးရွာအုပ်စုရှိ မင်းရွာအ၀င်လမ်း Water Worldအနီးမှာမတ်လ(၁၂)ရက်နေ့၊ည(၇)နာရီ(၅၀)မိနစ်ခန့်က လူသတ်ပြီးဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရပါသည်။

ဖြစ်စဥ်မှာ မတ်လ(၁၂)ရက်နေ့၊ ည(၇)နာရီခန့်က မင်းရွာအ၀င်လမ်း Water Worldအနီးမှာ လူတစ်ဦး ဒဏ်ရာများဖြင့် လဲကျနေကြောင်း သတင်းရသဖြင့် လူမှုကယ်ဆယ်ရေးအဖွဲ့မှ သက်ဆိုင်ရာရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ကြောင်း၊

သက်ဆိုင်ရာ မြိုင်သာယာနယ်မြေရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ လဲကျနေသူတွင် ယာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာဘက်လက်ဖျန် ပြတ်ရှဒဏ်ရာ ၁ ချက်နှင့် ယာဘက် ခါးထိုးသွင်းဒဏ်ရာ ၄ ချက်တို့ဖြင့် သတိမေ့နေကြောင်းနဲ့ လူနာကိုမော်လမြိုင် ဆေးရုံကြီးသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့​တာဖြစ်တယ်လို့ မော်လမြိုင်RESCUEလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဇင်မိုးကပြောပါတယ်။

လက်ရှိသေဆုံးသွားသူမှာ မော်လမြိုင်မြို့၊မဟာမြိုင်ရပ်ကွက်မှာ နေထိုင်တဲ့ကိုဝေလင်းဖြစ်ကြောင်း၊သူဟာဆိုရင် သောက်စားမူးယစ်ခြင်းလည်းမရှိကြောင်းနဲ့ ပစ္စည်းလိုချင်လို့သတ်တာ ဖြစ်နိုင်တယ်လို့ ကိုဝေလင်းရဲ့ ဖခင်ဖြစ်သူဦးတင်ကပြောပါတယ်။

ကိုဝေလင်းဟာဆိုရင် TAXIကိုအမြဲတမ်းမသွားပဲလူရင်းခေါ်မှသွား​ကြောင်း၊ လက်ရှိဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်ပြီး အမှန်တရားကိုပေါ်စေချင်ကြောင်းနဲ့သူ့လိုပဲတခြား TAXIဘဝတူတွေ သူလိုမဖြစ်ရအောင် ဥပဒေပိုင်းအရ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်စေလိုတယ်လို့ ကိုဝေလင်းရဲ့ မိခင်ဖြစ်သူ ဒေါ်ဝင်းရီကပြောပါတယ်။

ကိုဝေလင်းဟာ ရန်ငြိုးရန်စမရှိပဲ အရမ်းအေးသူတစ်ယောက်ဖြစ်ကြောင်း၊ အခုလိုTAXIသမားတွေကိုလူသတ် ဆိုင်ကယ်လုတာတွေကို မကြာခဏကြားနေရကြောင်းနဲ့ ဒီဖြစ်စဥ်မျိုးတွေကို ဥပဒေအရထိထိရောက်ရောက် အရေးယူစေချင်တယ်လို့ ဆိုင်ကယ်TAXIယာဥ်မောင်း ကိုမြင့်လွင်ကပြောပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူကိုဒဏ်ရာရရှိသေဆုံးအောင်ပြုလုပ်ပြီး ထွက်ပြေး တိမ်းရှောင်သွားသူ အမည်မသိ(စုံစမ်းဆဲ)အား မြိုင်သာယာနယ်မြေရဲစခန်းမှ အမှုကြီးအမှတ်စဉ်(၁/၂၀၂၀)၊(ပ) ၂၄၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရ အမှုဖွင့်လှစ်ထားပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိ​တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။ရာမညတိုင်း(မ်)သတင်းအေဂျင်စီ