
Zawgyi





Unicode

ပလိပ်မြို့မှာ အမျိုးသမီးနှစ်အား ကားဖြင့်တိုက်မိပြီး နေရာတွင်ပင်ကြိုးကြေပြီး ပွဲချင်းပြီး သေဆုံး။စဥ့်ကိုင်မြို့နယ် ပလိပ်မြို့ သန္တာထွန်း ဆီဆိုင်ရှေ့မှာ သားအမိနှစ်ဦးစီးလာသော ဆိုင်ကယ်အား ပက်လက်ကားတစီး ဝင်တိုက်ကာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဆိုင်ကယ်စီးနင်းလာသူ အမျိုးသမီးနှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကာ ခေါက်ရိုးကျိုးကြေသွားပြီ နေရာတွက်ပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ သစ္စာပါရမီ နာရေးကူညီမှုကား ရောက်လာကာ လိုအပ်တာများ ဆက်လက်လုပ်ဆောင်နေပါတယ်။

တိုက်ပြီး ထွက်ပြေးသွားတဲ့ ကားဟာ ပက်လက်ကား ၁၀ပေ ၁၂ပေ ခေါင်းတိုကားဖြစ်ပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ဂဏန်းဒိုင်တစ်ခုမှ ပိုက်ဆိုင်တဲ့ ကားလို့ သိရှိရပါတယ်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဆက်လက် စုံစမ်းဖော်ထုတ်ကာ သတင်းရတာနဲ့ ဆက်လက် တင်ပြပေးသွားပါမယ်။ အနီးအနားမှ မျက်မြင်သက်သေတဦးကလဲ သန္တာထွန်းဆီဆိုင်ရှေ့ အခုတင်ဖြစ်သွားတာပါ၂ယောက်လုံးပွဲချင်းပြီးပါ ကားသမားထွက်ပြေးသွားပါတယ် လို့ ဆိုပါတယ်။