ဖုန္းအၾကည့္မ်ား၍ မ်က္ရိုးကိုက္တတ္သူမ်ားနဲ႕ မ်က္မွန္တတ္ေနရ သူမ်ားအတြက္ မ်က္မွန္လြတ္ေစတဲ့နည္း (မ်က္ၾကည္ စားေဆး)

Zawgyi

”မ်က္မွန္လြတ္ေစတဲ့ မ်က္ၾကည္ စားေဆး ”

အ သက္ ( ၃၀ )ေက်ာ္ မွ ပဲ မ်က္စိ မၾကည္။ မႈန္ဝါးဝါးမို႔ ဆရာဝန္ျပၾကည့္ေတာ့ အနီးၾကည့္ပါဝါ ( +၁၅၀ ) ဒီဂရီ မ်က္မွန္တပ္ခဲ့ရသည္ ။ အခုအသက္(၄၀)ေက်ာ္မွ မ်က္မွန္ လြတ္ေလေတာ့ ထူးဆန္းေန သလို အမ်ားက ထင္ၾကေတာ့ သည္ ။ ေဆးနည္းအခ်ိဳးအစားအတိုင္း လြယ္ကူစြာေဖၚစပ္ရန္ျဖစ္ေလသည္။

ေဆးနည္း

(၁) ဆီးျဖဴးသီးကို ထုေထာင္းၿပီးအေစ့ ဖယ္ေနလွန္းအမႈန႔္ျပဳလုပ္ရန္။

(၂) ႀကိတ္မွန္႐ြက္ကိုခူးအရိပ္မွာအလိုအေလ်ာက္သဘာဝအတိုင္းအေျခာက္ခံအမႈန႔္ျပဳရန္။

(၃) ကြမ္း႐ြက္ကို အေျခာက္လွန္းအမႈန႔္ျပဳရန္။

(၄) ပ်ားရည္စစ္စစ္

ထို(၄)မ်ိဳးသာလိုပါသည္။ယခုေခတ္ကာလ မ်က္မွန္ေကာင္းတစ္လက္လုပ္ပါမူ ကာလတန္ဖိုးေလးေသာင္းငါးေသာင္း မက ကုန္သည္သာ။ေနရာတကာ မ်က္မွန္မပါေတာ့ စိတ္ပ်က္ဖြယ္ အကန္းႀကီးလိုျဖစ္ျပန္သည္။

မ်က္မွန္ေမ့က်န္ပါလွ်င္ ဘာမွမျမင္ရခ်င္ေတာ့၊ စာဖတ္ဖို႔၊ ဖုံးပြတ္ဖို႔ အကုန္ခက္ေခ်သည္။မ်က္မွန္ပါဝါကအက်မရွိအတက္သာ ။ထိုမွ်မက ပါဝါမကိုက္ပါလွ်င္ ဇက္ ေၾကာကတက္စိတ္ကပ်က္ျဖစ္ရျပန္သည္။

သုံးေဆာင္ရန္

ညအိပ္ၿပီဆိုပါလွ်င္ ဆီးျဖဴသီးမႈန႔္လက္ဖက္ စားဇြန္း(၁)ဇြန္း ၊ ႀကိတ္မွန္႐ြက္မႈန႔္ လက္ဖက္စားဇြန္း(၁)ဇြန္း ၊ကြမ္း႐ြက္ေျခာက္မႈန႔္လက္ဖက္စားဇြန္း(၁)ဇြန္း၊ထိုေဆးသုံးပါးအား ပ်ားရည္လက္ဖက္စားဇြန္း(၃)ဇြန္းႏွင့္ေရာေမြ၍စား ေပးရန္သာျဖစ္သည္။

သုံးလသာ ပုံမွန္မပ်က္ယုံၾကည္ခ်က္ျဖင့္စားေပးပါမ်က္စိၾကည္လင္လာၿပီး မ်က္မွန္လြတ္မွာ ေသခ်ာေနပါလိမ့္မည္။ထိုမွ်မကအက်ိဳးရလဒ္ကအေညာင္းအညာပါေျပလာပါလိမ့္မည္။ ေပးသူကေပးေလၿပီ။ျမန္မာတိုင္းရင္းေဆး အစြမ္းအားလက္ေတြ႕လုပ္ေဆာင္ျခင္းျဖင့္ ဂုဏ္ကိုျမင့္တင္ၾကပါစို႔။

#Credit#

Unicode

” မျက်မှန်လွတ်စေတဲ့ မျက်ကြည် စားဆေး ”

အသက် ( ၃၀ )ကျော် မှ ပဲ မျက်စိ မကြည်။ မှုန်ဝါးဝါးမို့ ဆရာဝန်ပြကြည့်တော့ အနီးကြည့်ပါဝါ ( +၁၅၀ ) ဒီဂရီ မျက်မှန်တပ်ခဲ့ရသည် ။ အခုအသက်(၄၀)ကျော်မှ မျက်မှန် လွတ်လေတော့ ထူးဆန်းနေ သလို အများကထင်ကြတော့သည် ။ ဆေးနည်းအချိုးအစားအတိုင်း လွယ်ကူစွာဖေါ်စပ်ရန်ဖြစ်လေသည်။

ဆေးနည်း

(၁) ဆီးဖြူးသီးကို ထုထောင်းပြီးအစေ့ ဖယ်နေလှန်းအမှုန့်ပြုလုပ်ရန်။

(၂) ကြိတ်မှန်ရွက်ကိုခူးအရိပ်မှာအလိုအလျောက်သဘာဝအတိုင်းအခြောက်ခံအမှုန့်ပြုရန်။

(၃) ကွမ်းရွက်ကို အခြောက်လှန်းအမှုန့်ပြုရန်။

(၄) ပျားရည်စစ်စစ်

ထို(၄)မျိုးသာလိုပါသည်။ယခုခေတ်ကာလ မျက်မှန်ကောင်းတစ်လက်လုပ်ပါမူ ကာလတန်ဖိုးလေးသောင်းငါးသောင်း မက ကုန်သည်သာ။နေရာတကာ မျက်မှန်မပါတော့ စိတ်ပျက်ဖွယ် အကန်းကြီးလိုဖြစ်ပြန်သည်။

မျက်မှန်မေ့ကျန်ပါလျှင် ဘာမှမမြင်ရချင်တော့၊ စာဖတ်ဖို့၊ ဖုံးပွတ်ဖို့ အကုန်ခက်ချေသည်။မျက်မှန်ပါဝါကအကျမရှိအတက်သာ ။ထိုမျှမက ပါဝါမကိုက်ပါလျှင် ဇက် ကြောကတက်စိတ်ကပျက်ဖြစ်ရပြန်သည်။

သုံးဆောင်ရန်

ညအိပ်ပြီဆိုပါလျှင် ဆီးဖြူသီးမှုန့်လက်ဖက် စားဇွန်း(၁)ဇွန်း ၊ ကြိတ်မှန်ရွက်မှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း ၊ကွမ်းရွက်ခြောက်မှုန့်လက်ဖက်စားဇွန်း(၁)ဇွန်း၊ထိုဆေးသုံးပါးအား ပျားရည်လက်ဖက်စားဇွန်း(၃)ဇွန်းနှင့်ရောမွေ၍စား ပေးရန်သာဖြစ်သည်။

သုံးလသာ ပုံမှန်မပျက်ယုံကြည်ချက်ဖြင့်စားပေးပါမျက်စိကြည်လင်လာပြီး မျက်မှန်လွတ်မှာ သေချာနေပါလိမ့်မည်။ထိုမျှမကအကျိုးရလဒ်ကအညောင်းအညာပါပြေလာပါလိမ့်မည်။ ပေးသူကပေးလေပြီ။မြန်မာတိုင်းရင်းဆေး အစွမ်းအားလက်တွေ့လုပ်ဆောင်ခြင်းဖြင့် ဂုဏ်ကိုမြင့်တင်ကြပါစို့။

#Credit#