ေဒၚေအာင္းဆန္စုျကည္မ်က္ႏွာ ေလဆာျဖင့္အထုိးခံရမႈ စုံစမ္းရန္ သမၼတကုိယ္တုိင္ ညႊန္ျကားထား

Zawgyi

ျပိးခဲ့သည့္ရက္က နုိဗို္တယ္ ဟိုတယ္မွာ က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲမတိုင္ခင္ ေအာင္ဆန္းရုပ္ရွင္ျပသနိုင္ေရး အခမ္းအနားကို တာဝန္ရွိသူလူႀကီးမ်ားနွင့္တကြနိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္လည္းတက္ေရာက္ခဲ့ပါတယ္။

ဒီအခမ္းအနားမွာေတာ့ ဗိုလ္ခ်ဳပ္ရုပ္ရွင္ကိုသရုပ္ေဆာင္မယ့္ လူေတြစာရင္းကိုထုတ္ပန္ေၾကျငာခဲ့ျပီးေတာ့ တာဝန္ယူေဆာင္ရြက္မယ့္ ဒါရိုက္တာလူမင္းက ဗို္လ္ခ်ဳပ္ကားကို ၅ လနဲ႔ အျပီးရိုက္သြားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ဒီအခမ္းအနားအျပီးမွာ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ကို ဝိုင္းဝန္းနႈတ္ဆက္ၾကျပီးေတာ့ အမွတ္တရဓာတ္ပံုမ်ားလည္း ရိုက္ကူးခဲ့ၾကပါတယ္ဒီလိုရိုက္ကူးတဲ့အခါမွာ ဓာတ္ပံုတစ္ပံုထဲမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ မ်က္နွာကို အနီေရာင္ေလဆာတစ္ခုက ထိုးထားတာကိုေတြ႕လိုက္ရပါတယ္။

ဒါကိုျမင္ျမင္ခ်င္းပဲ သမၼတႀကီးဝင္းျမင့္က နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္လံုျခံဳေရး အတြက္ အထူးအေလးထားေဆာင္ရြက္ျပီး ေလဆာမီးထိုးတဲ့သူကို စံုစမ္းစစ္ေဆးျပီး ျပင္းျပင္ထန္ထန္အေရးယူသြားဖို႔ ညႊန္ၾကားထားတယ္လို႔သိရပါတယ္။

ဒီအေၾကာင္းအရာနဲ႔ ပတ္သတ္ျပီးေတာ့ ဒီခ်ဳပ္ပါတီရဲ႕ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔က ဒါဟာနုိင္ငံေတာ္အဆင့္လံုျခံဳေရးက်ိဳးေပါက္မႈျဖစ္တယ္လို႔ ထပ္ေလာင္းအတည္ျပဳေျပာဆိုပါတယ္။

ဒါေၾကာင့္လက္ရွိအခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္မ်က္နွာကို ေလဆာမီးျဖင့္ ထုိးသူအားေဖာ္ထုတ္သြားျပီးေတာ့ အျပင္းထန္ဆံုးပုဒ္မနဲ႔တရားဥပဒျဖင့္ ခ်က္ခ်င္းအေရးယူသြားမယ္လို႕သိ႔ရပါတယ္။ ခရက္ဒစ္

Unicode

ပြိးခဲ့သည့်ရက်က နိုဗိုတယ် ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမတိုင်ခင် အောင်ဆန်းရုပ်ရှင်ပြသနိုင်ရေး အခမ်းအနားကို တာဝန်ရှိသူလူကြီးများနှင့်တကွနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်းတက်ရောက်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာတော့ ဗိုလ်ချုပ်ရုပ်ရှင်ကိုသရုပ်ဆောင်မယ့် လူတွေစာရင်းကိုထုတ်ပန်ကြေငြာခဲ့ပြီးတော့ တာဝန်ယူဆောင်ရွက်မယ့် ဒါရိုက်တာလူမင်းက ဗိုလ်ချုပ်ကားကို ၅ လနဲ့ အပြီးရိုက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒီအခမ်းအနားအပြီးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကို ဝိုင်းဝန်းနှုတ်ဆက်ကြပြီးတော့ အမှတ်တရဓာတ်ပုံများလည်း ရိုက်ကူးခဲ့ကြပါတယ်ဒီလိုရိုက်ကူးတဲ့အခါမှာ ဓာတ်ပုံတစ်ပုံထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကို အနီရောင်လေဆာတစ်ခုက ထိုးထားတာကိုတွေ့လိုက်ရပါတယ်။

ဒါကိုမြင်မြင်ချင်းပဲ သမ္မတကြီးဝင်းမြင့်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လုံခြုံရေး အတွက် အထူးအလေးထားဆောင်ရွက်ပြီး လေဆာမီးထိုးတဲ့သူကို စုံစမ်းစစ်ဆေးပြီး ပြင်းပြင်ထန်ထန်အရေးယူသွားဖို့ ညွှန်ကြားထားတယ်လို့သိရပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီးတော့ ဒီချုပ်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒါဟာနိုင်ငံတော်အဆင့်လုံခြုံရေးကျိုးပေါက်မှုဖြစ်တယ်လို့ ထပ်လောင်းအတည်ပြုပြောဆိုပါတယ်။

ဒါကြောင့်လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်မျက်နှာကို လေဆာမီးဖြင့် ထိုးသူအားဖော်ထုတ်သွားပြီးတော့ အပြင်းထန်ဆုံးပုဒ်မနဲ့တရားဥပဒဖြင့် ချက်ချင်းအရေးယူသွားမယ်လို့သိ့ရပါတယ်။ ခရက်ဒစ်