ၿမိဳ႕ႀကီးသုံးၿမိဳ႕အား ဗုံးခြဲမည္ ဟူသည့္ကိစၥ ေကအင္န္ယူႏွင့္ မသက္ဆိုင္ေၾကာင္း ထုတ္ျပန္

Zawgyi

ေနျပည္ေတာ္၊ မႏၲေလးႏွင့္ ရန္ကုန္ၿမိဳ႕မ်ားတြင္ ဗုံးခြဲတိုက္ခိုက္မႈမ်ားျပဳလုပ္ရန္ ေကအင္န္ယူအပါအဝင္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းအခ်ိဳ႕ အစည္းအေဝးျပဳလုပ္ခဲ့ေၾကာင္း

သမၼတ႐ုံး၏ၫႊန္ၾကား ခ်က္ေပါက္ၾကားလာၿပီးေနာက္ ေကအင္န္ယူက ယင္းကဲ့သို႔ဖ်က္လို ဖ်က္ဆီးလုပ္ရပ္မ်ိဳးျပဳလုပ္မည္မဟုတ္ေၾကာင္းႏွင့္ မည္သို႔မွ်မသက္ဆိုင္ ေၾကာင္း စက္တင္ဘာ ၂၇ ရက္ ညပိုင္းက သတင္းထုတ္ျပန္ခဲ့သည္။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ထိခိုက္ပ်က္စီးေစမည့္ လုပ္ေဆာင္ခ်က္မ်ိဳးျပဳလုပ္ရန္ ေကအင္န္ယူတြင္ မူဝါဒမရွိေၾကာင္း၊ ေကအင္န္ယူအေနျဖင့္ မည္သည့္အဖြဲ႕အစည္း၏ လက္ေအာက္ခံအဖြဲ႕အစည္းမဟုတ္သကဲ့သို႔

ဗုံးေထာင္ေဖာက္ခြဲရန္လည္း မည္သည့္ၫႊန္ ၾကားခ်က္မွမရွိခဲ့ေၾကာင္း၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေအာင္ျမင္ေရးကို တစိုက္မတ္မတ္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္၌ေဖာ္ျပထားသည္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမအပါအဝင္ ၿမိဳ႕ႀကီးအခ်ိဳ႕တြင္ ဗုံးေဖာက္ခြဲမႈမ်ားျပဳလုပ္ မည္ဆိုသည့္ ကနဦးသတင္းရရွိမႈကို နိုင္ငံေတာ္သမၼတ႐ုံးက ဝန္ႀကီးဌာနမ်ားထံျဖန့္ေဝ လိုက္သည့္စာသည္

လူမႈကြန္ရက္ေပၚသို႔ေပါက္ၾကားလာသည့္ သမၼတ႐ုံးၫႊန္ၾကားစာ အရ ထိုင္းနိုင္ငံ မယ္ေဟာင္ေဆာင္ခရိုင္ ထေဆာင္ယန္းျပည္နယ္ မယ္လ(ခ)ဘဲကေလာ့ ဒုကၡသည္စခန္းအနီး ေျမာက္ပိုင္းစစ္ေရးမဟာမိတ္ျပဳထားသည့္ ေအေအ၊

ေကအိုင္ေအ အဖြဲ႕ဝင္မ်ားပါဝင္သည့္လူတစ္စုသည္ ၾသဂုတ္ ၃၀ ရက္က အစည္းအေဝးတစ္ခုျပဳလုပ္ ခဲ့ၿပီး ယင္းအစည္းအေဝး၌ ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ ဗုံးေဖာက္ခြဲမႈမ်ားျပဳလုပ္ရန္ ရက္သတ္မွတ္ခဲ့ေၾကာင္း သိရသည္။

ထိုင္းနိုင္ငံက အစည္းအေဝးတြင္ ပါဝင္ခဲ့သည့္ အဖြဲ႕မ်ားအနက္ အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ တစ္နိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္လက္မွတ္ထိုးထားသည့္ ကရင္အမ်ိဳးသားအစည္းအ႐ုံး၊ ခ်င္းအမ်ိဳးသား တပ္ဦးတို႔လည္း ပါဝင္သည္။

ယင္းအဖြဲ႕အစည္းမ်ားသည္ ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ စက္တင္ဘာ ၂၆ ရက္၊ ေအာက္တိုဘာ ၁၆ ရက္၊ ေအာက္တိုဘာ ၂၆ ရက္တို႔အနက္ တစ္ရက္ရက္၌ေဖာက္ခြဲ ေရးလုပ္ငန္းမ်ားလုပ္ရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

Unicode

နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်မြို့များတွင် ဗုံးခွဲတိုက်ခိုက်မှုများပြုလုပ်ရန် ကေအင်န်ယူအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း

သမ္မတရုံး၏ညွှန်ကြား ချက်ပေါက်ကြားလာပြီးနောက် ကေအင်န်ယူက ယင်းကဲ့သို့ဖျက်လို ဖျက်ဆီးလုပ်ရပ်မျိုးပြုလုပ်မည်မဟုတ်ကြောင်းနှင့် မည်သို့မျှမသက်ဆိုင် ကြောင်း စက်တင်ဘာ ၂၇ ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်ပျက်စီးစေမည့် လုပ်ဆောင်ချက်မျိုးပြုလုပ်ရန် ကေအင်န်ယူတွင် မူဝါဒမရှိကြောင်း၊ ကေအင်န်ယူအနေဖြင့် မည်သည့်အဖွဲ့အစည်း၏ လက်အောက်ခံအဖွဲ့အစည်းမဟုတ်သကဲ့သို့

ဗုံးထောင်ဖောက်ခွဲရန်လည်း မည်သည့်ညွှန် ကြားချက်မှမရှိခဲ့ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မြို့ကြီးအချို့တွင် ဗုံးဖောက်ခွဲမှုများပြုလုပ် မည်ဆိုသည့် ကနဦးသတင်းရရှိမှုကို နိုင်ငံတော်သမ္မတရုံးက ဝန်ကြီးဌာနများထံဖြန့်ဝေ လိုက်သည့်စာသည်

လူမှုကွန်ရက်ပေါ်သို့ပေါက်ကြားလာသည့် သမ္မတရုံးညွှန်ကြားစာ အရ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ထဆောင်ယန်းပြည်နယ် မယ်လ(ခ)ဘဲကလော့ ဒုက္ခသည်စခန်းအနီး မြောက်ပိုင်းစစ်ရေးမဟာမိတ်ပြုထားသည့် အေအေ၊

ကေအိုင်အေ အဖွဲ့ဝင်များပါဝင်သည့်လူတစ်စုသည် သြဂုတ် ၃၀ ရက်က အစည်းအဝေးတစ်ခုပြုလုပ် ခဲ့ပြီး ယင်းအစည်းအဝေး၌ နေပြည်တော်ကောင်စီနယ်မြေတွင် ဗုံးဖောက်ခွဲမှုများပြုလုပ်ရန် ရက်သတ်မှတ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံက အစည်းအဝေးတွင် ပါဝင်ခဲ့သည့် အဖွဲ့များအနက် အစိုးရ၊ တပ်မတော်တို့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသား တပ်ဦးတို့လည်း ပါဝင်သည်။

ယင်းအဖွဲ့အစည်းများသည် နေပြည်တော်ကောင်စီနယ်မြေတွင် စက်တင်ဘာ ၂၆ ရက်၊ အောက်တိုဘာ ၁၆ ရက်၊ အောက်တိုဘာ ၂၆ ရက်တို့အနက် တစ်ရက်ရက်၌ဖောက်ခွဲ ရေးလုပ်ငန်းများလုပ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။