ဒိုင်တွေရဲ့ Golden Ticket အပြင် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကိုပါရရှိခဲ့တဲ့ Myanmar Idol ပြိုင်ပွဲဝင် အေးမြဖြူ

Zawgyi








Unicode

မြန်မာနိုင်ငံရဲ့ ရုပ်သံအစီအစဉ်တွေထဲက လူတွေ စိတ်ဝင်စားတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Myanmar Idol ဟာဆိုရင် အခုအချိန်မှာ ကျင်းပခဲ့တာ ၄ ကြိမ်တိုင်ခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၃ ကြိမ်မှာလည်း ထိုက်တန်တဲ့ အဆိုတော်တွေကို ရွေးချယ်ပေးခဲ့နိုင်တာကြောင့် ပရိသတ်တို့လည်း ကျေနပ်အားရကြမယ်ထင်ပါတယ်။

လက်ရှိမှာတော့ ၄ ကြိမ်မြောက် Myanmar Idol အတွက် ပြိုင်ပွဲဝင်တွေကို စတင်ရွေးချယ်နေတာဖြစ်ပြီးတော့ အနယ်နယ်အရပ်ရပ်က ပြိုင်ပွဲဝင်တွေကလည်းဘအကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ကြသလို ၊

ရွေးချယ်တဲ့ ဒိုင်လူကြီးတွေရဲ့ အာရုံကို ဘယ်လောက်အထိ ဖမ်းစားနိုင်မလဲ ၊ ဘယ်လို ကြိုးစားမှုမျိုး ဆိုတာကို ပရိသတ်ကစောင့်မျှော် အကဲခတ်နေတဲ့အချိန်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နေ့က ရန်ကုန်တိုင်းဒေသကြီးက ပြိုင်ပွဲဝင်တွေရဲ့ယှဉ်ပြိုင်မှုကို ထုတ်လွှင့်ပြသခဲ့တာကို တွေ့မြင်ကြမှာပါ။အဲ့ထိထဲက အသက် ၁၆ နှစ်အရွယ် ပြိုင်ပွဲဝင် မအေးမြဖြူဟာဆိုရင် ဒိုင်တွေနဲ့ ပရိသတ်ရဲ့ အာရုံကို စွဲဆောင်ဖမ်းစားနိုင်တာကိုတွေ့ရပါတယ်။

သူမဟာ ဘယ်လိုတောင် ဆဲဆောင်အားကောင်းနေတာပါလိမ့် ၊ ဘယ်လိုများ အသံကောင်းလို့လဲဆိုတော့ ပရိသတ်တို့အနေနဲ့ သူ့ရဲ့ယှဉ်ပြိုင်မှုလေးကို ကြည့်ရှုအားပေးလိုက်ပါနော်။

သူမဟာဆိုရင် ငယ်စဉ်ကတည်းက ဂီတကို ရူးသွပ်သူဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ဒါကြောင့် ပရိတ်သတ်ကြီးတို့အနေနဲ့ ကြည့်ပြီးရင်တော့ အများက ဝန်းရံနေတဲ့ အေးမြဖြူလေးအတွက် မေတ္တာစကားလေး ရေးပေးသွားပါဦးနော်။