ရန္ကုန္သုိ႔ ပုံမွန္ေျပးဆြဲသည့္ ကိုရီးယားေလေၾကာင္းလိုင္း ေလယာဥ္ဝန္ထမ္းတြင္ကို႐ိုနာေတြ႔

Zawgyi

ကိုရီးယားေလေၾကာင္းလိုင္းKorean Air မွေလယာဥ္ဝန္ထမ္းတစ္ဦးတြင္ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိေၾကာင္းအဆိုပါေလေၾကာင္းလိုင္းကယေန႔ (ေဖေဖာ္ဝါရီ၂၅)သတင္းထုတ္ျပန္ေၾကာင္း႐ိုက္တာ သတင္းဌာနကေဖာ္ျပသည္။

အဆုိပါေလေၾကာင္းလိုင္းသည္ေတာင္ကိုရီယားႏိုင္ငံအင္ခြ်န္းေလဆိပ္မွ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သုိ႔တစ္ပတ္လွ်င္ေလးႀကိမ္ခန္႔ပ်ံသန္းေနေသာေလေၾကာင္းလိုင္းျဖစ္သည္။

ကိုရီးယားႏိုင္ငံေရာဂါထိ္န္းခ်ဳပ္ေရးႏွင့္ကာကြယ္ေရးဗဟိုဌာနကအဆိုပါေလယာဥ္ဝန္ထမ္းတြင္ေရာဂါကူးစက္ခံထားရသည္ဟု အတည္ျပဳေၾကာင္း အဆိုပါသတင္းတြင္ေဖာ္ျပထားသည္။

အဆိုပါေလေၾကာင္းလိုင္းသည္ ယခုအခါအင္ခၽြန္းႏိုင္ငံတကာေလဆိပ္အနီးရွိ ၎တို႔႐ုံးကို ခ်က္ျခင္းပိတ္ထားလိုက္ၿပီျဖစ္သည္။ ယင္းကူးစက္ခံထားရသည့္ဝန္ထမ္းသည္ မည္သည့္ေလယာဥ္လမ္းေၾကာင္းမ်ားသို႔ လိုက္ပါခဲ့သည္ကိုမူ

ခ်က္ျခင္းမသိရေသးေၾကာင္းေလေၾကာင္းလိုင္းက သတင္းထုတ္ျပန္သည္။ေတာင္ကိုရီးယားႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈ လ်င္ျမန္စြာျမင့္တက္လာသည့္အတြက္ မလိုအပ္ပဲကိုရီးယားႏိုင္ငံသို႔မသြားၾကရန္

အေမရိကန္ျပည္ေထာင္စုက နုိင္ငံသားမ်ားကုိအၾကံျပဳသတိေပးထားသည္။ ကိုရီးယားႏိုင္ငံသည္ ေဖေဖာ္ဝါရီ၁၄ရက္ေန႔က ကို႐ိုနာျဖစ္ပြားမႈ၂၈ခုသာရွိရာမွ ယခုအခါကူးစက္မႈ ကိုးရာေက်ာ္ အထိျဖစ္လာခဲ့ၿပီး ေရာဂါစတင္ျဖစ္ပြားသည့္

တ႐ုတ္ၿပီးေနာက္ ကမၻာတြင္ ဒုတိယအမ်ားဆုံး ျဖစ္ပြားေနသည့္ ႏိုင္ငံျဖစ္လာသည္။ ၿပီးခဲ့သည့္၂၄နာရီအတြင္းပင္ ေရာဂါကူးစက္မႈ ၁၃၀ တိုးလာခဲ့သည္ဟုလည္း အေမရိကန္အေျခစိုက္Fox News သတင္းဌာနကေဖာ္ျပသည္။ ခရက္ဒစ္

Unicode

ကိုရီးယားလေကြောင်းလိုင်းKorean Air မှလေယာဉ်ဝန်ထမ်းတစ်ဦးတွင်ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိကြောင်းအဆိုပါလေကြောင်းလိုင်းကယနေ့ (ဖေဖော်ဝါရီ၂၅)သတင်းထုတ်ပြန်ကြောင်းရိုက်တာ သတင်းဌာနကဖော်ပြသည်။

အဆိုပါလေကြောင်းလိုင်းသည်တောင်ကိုရီယားနိုင်ငံအင်ချွန်းလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့တစ်ပတ်လျှင်လေးကြိမ်ခန့်ပျံသန်းနေသောလေကြောင်းလိုင်းဖြစ်သည်။

ကိုရီးယားနိုင်ငံရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဗဟိုဌာနကအဆိုပါလေယာဉ်ဝန်ထမ်းတွင်ရောဂါကူးစက်ခံထားရသည်ဟု အတည်ပြုကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။

အဆိုပါလေကြောင်းလိုင်းသည် ယခုအခါအင်ချွန်းနိုင်ငံတကာလေဆိပ်အနီးရှိ ၎င်းတို့ရုံးကို ချက်ခြင်းပိတ်ထားလိုက်ပြီဖြစ်သည်။ ယင်းကူးစက်ခံထားရသည့်ဝန်ထမ်းသည် မည်သည့်လေယာဉ်လမ်းကြောင်းများသို့ လိုက်ပါခဲ့သည်ကိုမူ

ချက်ခြင်းမသိရသေးကြောင်းလေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။တောင်ကိုရီးယားနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု လျင်မြန်စွာမြင့်တက်လာသည့်အတွက် မလိုအပ်ပဲကိုရီးယားနိုင်ငံသို့မသွားကြရန်

အမေရိကန်ပြည်ထောင်စုက နိုင်ငံသားများကိုအကြံပြုသတိပေးထားသည်။ ကိုရီးယားနိုင်ငံသည် ဖေဖော်ဝါရီ၁၄ရက်နေ့က ကိုရိုနာဖြစ်ပွားမှု၂၈ခုသာရှိရာမှ ယခုအခါကူးစက်မှု ကိုးရာကျော် အထိဖြစ်လာခဲ့ပြီး ရောဂါစတင်ဖြစ်ပွားသည့်

တရုတ်ပြီးနောက် ကမ္ဘာတွင် ဒုတိယအများဆုံး ဖြစ်ပွားနေသည့် နိုင်ငံဖြစ်လာသည်။ ပြီးခဲ့သည့်၂၄နာရီအတွင်းပင် ရောဂါကူးစက်မှု ၁၃၀ တိုးလာခဲ့သည်ဟုလည်း အမေရိကန်အခြေစိုက်Fox News သတင်းဌာနကဖော်ပြသည်။ ခရက်ဒစ်