ကိုရိုနာဗို္င္းရပ္စ္ကူးစက္ခံထားရတဲ႔ လူနာေတြအတြက္ ၀မ္ သန္း ၁၀၀ လွဴဒါန္းခဲ႔တဲ႔ မင္းသား Park Seo Joon

Zawgyi

နာမည္ႀကီးကိုရီးယားမင္းသားတစ္လက္ျဖစ္တဲ့ Pak Seo Joon ဟာဆိုရင္ လတ္တေလာ ေတာင္ကိုရီးယားနိုင္ငံမွာ ကူးစက္ႏႈန္းျမင့္မားေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ အဆုတ္ေရာင္ေရာဂါကို ရင္ဆိုင္ခံစားေနၾကတဲ့ လူနာေတြအတြက္ ကန္ေဒၚလာ 82,845 USD (ဝမ္ သန္း ၁၀၀) ကို လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။

Daegu Social Welfare Fundraising Co., Ltd က တာဝန္ရွိသူတစ္ေယာက္ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ Park Seo Joon ဟာ ၿပီးခဲ့တဲ့ အဂါေနၤ့တုန္းက သတင္းေတြရဲ႕ေဖာ္ျပခ်က္ကေနတဆင့္ ေရာဂါပိုးကူးစက္ခံထားရတဲ့ လူနာေတြကိုကုသဖို႔အတြက္

အထူးၾကပ္မတ္ကုသေဆာင္မွာ ေဆး႐ုံသုံးပစၥည္းကိရိယာေတြ မလုံေလာက္ဘူးဆိုတာကို သိလိုက္ရတာေၾကာင့္ လိုအပ္တဲ့ပစၥည္းကိရိယာေတြ ဝယ္ယူဖို႔အတြက္ အခုလိုမ်ိဳး ဝမ္ သန္း ၁၀၀ ကို ခ်က္ခ်င္းဆိုသလို လႉဒါန္းသြားခဲ့တာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

နာမည္ႀကီးတဲ့ မင္းသားတစ္လက္ျဖစ္ေသာ္ျငားလည္း အလႉအတန္းနဲ႕ပတ္သတ္လာရင္ ရက္ရက္ေရာေရာလႉဒါန္းတတ္တဲ့ Park Seo Joon ဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဧၿပီလတုန္းကလည္း ဂြမ္ဝမ္ဒိုေဒသမွာျဖစ္ပြားခဲ့တဲ့ ေတာမီးေလာင္ကြၽမ္းမႈမွာ ထိခိုက္ခဲ့ၾကရတဲ့သူေတြအတြက္ ဝမ္ သန္း ၁၀၀ လႉဒါန္းခဲ့ဖူးပါေသးတယ္။

ေတာင္ကိုရီးယားနိုင္ငံမွာျဖစ္ပြားေနတဲ့ ကိုရိုနာဗိုင္းရပ္စ္နဲ႕ပတ္သတ္ၿပီး ေနာက္ဆုံးရရွိလာတဲ့သတင္းေတြအရေတာ့ လက္ရွိမွာ အျမင့္ဆုံးအနီေရာင္အဆင့္အျဖစ္ ေၾကညာထားၿပီး ကူးစက္ခံရသူအေရအတြက္ ၇၆၃ ေယာက္ရွိကာ ေသဆုံးသူကေတာ့ ၇ ေယာက္ရွိကာ ေရာဂါေပ်ာက္ကင္းသူကေတာ့ ၁၈ ေယာက္ရွိတယ္လို႔ သိရပါတယ္။

ေရာဂါစတင္ျဖစ္ပြားတဲ့ေဒသကေတာ့ တ႐ုတ္နိုင္ငံ၊ ဝူဟန္ၿမိဳ႕ကျဖစ္ၿပီး အခုဆိုရင္ေတာ့ အဆိုပါေရာဂါပိုးဟာ အာရွနိုင္ငံအေတာ္မ်ားမ်ားကို ပ်ံ့ႏွံ႕ေရာက္ရွိလို႔ေနၿပီ ျဖစ္ပါတယ္။

ဒါေၾကာင့္ အမ်ားျပည္သူပရိသတ္ေတြအေနနဲ႕ ဒီေရာဂါပိုးကေန ကာကြယ္နိုင္ဖို႔အတြက္ က်န္းမာေရးဝန္ႀကီးဌာနကေန ထုတ္ျပန္ထားတဲ့ လမ္းၫႊန္ခ်က္ေတြကို စနစ္တက်လိဳက္နာဖို႔အတြက္ အႀကံျပဳလိုက္ရပါတယ္။

Ref : Koreaboo

Unicode

နာမည်ကြီးကိုရီးယားမင်းသားတစ်လက်ဖြစ်တဲ့ Pak Seo Joon ဟာဆိုရင် လတ်တလော တောင်ကိုရီးယားနိုင်ငံမှာ ကူးစက်နှုန်းမြင့်မားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကို ရင်ဆိုင်ခံစားနေကြတဲ့ လူနာတွေအတွက် ကန်ဒေါ်လာ 82,845 USD (ဝမ် သန်း ၁၀၀) ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Daegu Social Welfare Fundraising Co., Ltd က တာဝန်ရှိသူတစ်ယောက်ရဲ့ ထုတ်ပြန်ချက်မှာတော့ Park Seo Joon ဟာ ပြီးခဲ့တဲ့ အဂါၤနေ့တုန်းက သတင်းတွေရဲ့ဖော်ပြချက်ကနေတဆင့် ရောဂါပိုးကူးစက်ခံထားရတဲ့ လူနာတွေကိုကုသဖို့အတွက်

အထူးကြပ်မတ်ကုသဆောင်မှာ ဆေးရုံသုံးပစ္စည်းကိရိယာတွေ မလုံလောက်ဘူးဆိုတာကို သိလိုက်ရတာကြောင့် လိုအပ်တဲ့ပစ္စည်းကိရိယာတွေ ဝယ်ယူဖို့အတွက် အခုလိုမျိုး ဝမ် သန်း ၁၀၀ ကို ချက်ချင်းဆိုသလို လှူဒါန်းသွားခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နာမည်ကြီးတဲ့ မင်းသားတစ်လက်ဖြစ်သော်ငြားလည်း အလှူအတန်းနဲ့ပတ်သတ်လာရင် ရက်ရက်ရောရောလှူဒါန်းတတ်တဲ့ Park Seo Joon ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလတုန်းကလည်း ဂွမ်ဝမ်ဒိုဒေသမှာဖြစ်ပွားခဲ့တဲ့ တောမီးလောင်ကျွမ်းမှုမှာ ထိခိုက်ခဲ့ကြရတဲ့သူတွေအတွက် ဝမ် သန်း ၁၀၀ လှူဒါန်းခဲ့ဖူးပါသေးတယ်။

တောင်ကိုရီးယားနိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီး နောက်ဆုံးရရှိလာတဲ့သတင်းတွေအရတော့ လက်ရှိမှာ အမြင့်ဆုံးအနီရောင်အဆင့်အဖြစ် ကြေညာထားပြီး ကူးစက်ခံရသူအရေအတွက် ၇၆၃ ယောက်ရှိကာ သေဆုံးသူကတော့ ၇ ယောက်ရှိကာ ရောဂါပျောက်ကင်းသူကတော့ ၁၈ ယောက်ရှိတယ်လို့ သိရပါတယ်။

ရောဂါစတင်ဖြစ်ပွားတဲ့ဒေသကတော့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကဖြစ်ပြီး အခုဆိုရင်တော့ အဆိုပါရောဂါပိုးဟာ အာရှနိုင်ငံအတော်များများကို ပျံ့နှံ့ရောက်ရှိလို့နေပြီ ဖြစ်ပါတယ်။

ဒါကြောင့် အများပြည်သူပရိသတ်တွေအနေနဲ့ ဒီရောဂါပိုးကနေ ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို စနစ်တကျလိုက်နာဖို့အတွက် အကြံပြုလိုက်ရပါတယ်။

Ref : Koreaboo