Zawgyi
Unicode
ဆူးလေ-လေဆိပ် ပြေးဆွဲနေသော YBS ပေါ်တွင်ဝူဟန်ရောဂါ သံသယရှိလူနာတဦး တွေ့ရှိ
တရုတ်နိုင်ငံဝူဟန်မြို့ကနေစတင်ဖြစ်ပွားလာတဲ့ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ဟာကမ္ဘာတစ်ဝန်းကိုပျံ့နှံ့နေပြီဖြစ်ပါတယ်။ယနေ့ဖေဖော်ဝါရီ၂၃ရက်နေ့ထုတ်ပြန်ချက်အရသေဆုံးသူ၂၄၅၉ ဦးရှိလာပြီးကူးစက်ခံရသူ၇၈၀၀၀ကျော်လာခဲ့ပြီဖြစ်ပါတယ်။
နိုင်ငံအများအပြားသို့နေ့စဉ်ကူးစက်နေတဲ့ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ဟာ မြန်မာနိုင်ငံတွင်းမှာတော့ ကူးစက်ခံရသူတစ်ဦးမျှမရှိသေးပေမယ့်စောင့်ကြည့်လူနာတွေတော့မြို့နယ်အများအပြားမှာရှိနေခဲ့ပါတယ်။
ယနေ့ဆူးလေနဲ့ လေဆိပ်ကို ပြေးဆွဲနေတဲ့ YBSပေါ်မှာလည်းသံသယရှိလူနာတစ်ဦးတွေ့ရှိရတယ်ဆိုတဲ့သတင်းကလူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတာပါ။
“ဆူးလေလေဆိပ် ပြေးဆွဲနေသောYBSပေါ်တွင်ဝူဟန်ရောဂါသံသယရှိလူနာတဦးတွေ့ရှိအားလုံးဂရုစိုက်ကြပါနော်။Symptomsကိုဖော်ပြနိုင်တဲ့အခြေအနေမြန်မာနိုင်ငံမှာမရှိသေးတဲ့အတွက်ကိုယ့်ကျန်းမာရေးသာကိုယ်ဂရုစိုက်ကြပါ။MKT”