အသက် (၇၂) အရွယ်ရှိအဘွားအိုတဦးအား ဝါးရင်းတုတ်ဖြင့် မသေမချင်း ရိုက်သတ်ခံရ
Zawgyi
Unicode
ဒဂုံအရှေ့မြို့နယ် ကျန်စစ်သားလမ်း (၁၀၈)ရပ်ကွက် ဦးဘိုးလှိုင်(၁)လမ်း အမှတ်(၃၂၈)တွင် ဖေဖော်ဝါရီ ၂၀ ညနေ ၅ နာရီခန့်တွင် ပြုပြင်ဆောက်လုပ်ဆဲ အဆောက်အဦးအတွင်း၌ တဦးတည်းနေထိုင်သော အမျိုးသမီးတစ်ဦး သွေးအိုင်ထဲတွင်လဲကျသေဆုံးနေကြောင်းသတင်းရရှိသည်။
“သေဆုံးသူအမျိုးသမီးမှာ အသက် ၇၂ နှစ်ရှိ ဒေါ်မြင့်မြငိ့သန်း ဆေးဆိုပန်းရိုက်လုပ်ငန်းကြီးကြပ်တာဝန်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းခေတ္တရပ်ဆိုင်းထားသဖြင့် တစ်ဦးတည်း အစောင့်အဖြစ်နေထိုင်ကြောင်းသိရသည်”
သေဆုံးသူမှာ ဦးခေါင်းနောက်စေ့ တစ်လက်မခန့် သွေးထွက်ပေါက်ပြဲဒါဏ်ရာ ရှေ့ပုခုံးဖူးရောင်ညိုမဲဒါဏ်ရာများတွေ့ရှိရပြီး သေဆုံးသူအနီးတွငိ နစ်ပေခွဲခန့်ရှိ သွေးစွန်းနေသော ဝါးရင်းတုတ်တစ်ချောင်းတွေ့ရှိရသည်ဟု ကနဦး သတင်းသိရှိရပါသည်” နောက်ဆက်တွဲသတင်းများဆက်လက်တင်ပြပါမည်။ မြောက်ဒဂုံ SH