စိတ္မေကာင္းစရာ ျဖစ္ရပ္ဆိုးနဲ႔ ပ်ံလြန္ေတာ္မူခဲ့ရတဲ့ သာသနာ့ဝန္ထမ္း ရဟန္းတစ္ပါး

Zawgyi

ႀကိဳတင္ ကာကြယ္ထားတာ အေကာင္းဆုံးပါ။ ဒီေန႔မနက္ သူငယ္ခ်င္းရဟန္းတစ္ပါးပ်ံလြန္(ေသဆုံး)သြားတဲ့အေၾကာင္း သတင္းဆိုးတစ္ခု ၾကားလိုက္ရတယ္။ ဒီသတင္းကို ၾကားၾကားျခင္း အတူက်င္လည္ခဲ့ဖူးတဲ့ သူငယ္ခ်င္းျဖစ္တာေရာ သာသနာ့ဝန္ထမ္း

ရဟန္းတစ္ပါးျဖစ္ေနတာေရာ ဘဝတူ စာသင္သား ျဖစ္ေနတာေတြေရာေၾကာင့္ ေတာ္ေတာ္ေလးကို တုန္လႈပ္ၿပီး စိတ္မေကာင္းျဖစ္ခဲ့မိတယ္။ ေနာက္ထပ္ ဆက္ၿပီးၾကားလိုက္ရတဲ့ သတင္းဆိုးေၾကာင့္ သခၤန္းစာ ယူစရာမ်ားေတြလည္း ပါလာခဲ့တယ္ အေၾကာင္း

ကေတာ့ ေခြး႐ူးျပန္ၿပီး ပ်ံလြန္(ေသဆုံး)သြားတာမို႔လို႔ပဲ။ မေပါ့ဆသင့္ဘူးေနာ္ လူေတာ္ေတာ္မ်ားမ်ား ေခြးအကိုက္ခံၾကရဖူးတယ္ကိုယ္ေတြလည္း အကိုက္ခံရဖူးတာပဲ ဘုန္းႀကီးေက်ာင္းသားဘဝက လာခဲ့တဲ့သူပီပီ ငယ္ငယ္တုန္းကဆို ပိုၿပီးအကိုက္ခံခဲ့ရတယ္။

မႏၲေလးေရာက္မွကို ႏွစ္ခါအကိုက္ခံရဖူးတယ္ ဒါေပမဲ့ ေၾကာက္ရေကာင္းမွန္း မသိခဲ့ဘူး အခုေတာ့ မရေတာ့ဘူး ကာကြယ္ေဆး သြားထိုးေတာ့မယ္။ ေခြးကိုက္ခံရဖူးတဲ့သူေတြ ႀကိဳတင္ကာကြယ္ထားၾကဗ်ိဳ႕ ေရာဂါက ႀကိဳတင္ၿပီး လကၡဏာျပတာ မရွိဘူးတဲ့

ေရာဂါလကၡဏာ ျပလာၿပီဆိုရင္လည္း ကုလို႔မရေတာ့ဘူးတဲ့။ အခုပ်ံလြန္(ေသဆုံး)သြားတဲ့ အရွင္ဆိုရင္လည္း ေရာဂါစျဖစ္ၿပီး လကၡဏာျပလာေတာ့ ေဆး႐ုံတန္းသြားတာပဲ ဒါေပမဲ့ မရလိုက္ဘူး (၃)ရက္ပဲ ၾကာလိုက္တယ္။ တေလာကလည္း တိုင္းရင္းသား

ကိုရင္ေလးတစ္ပါး အခုလိုပဲ ေခြး႐ူးျပန္ၿပီး ပ်ံလြန္(ေသဆုံး)သြားတာ လိုင္းေပၚမွာ ေတြ႕လိုက္မိေသးတယ္။ ဒါေၾကာင့္ ဘာပဲျဖစ္ျဖစ္ ေခြးကိုက္ခံထားရဖူးသူဆိုရင္ နီးစပ္ရာဆရာဝန္နဲ႔ တိုင္ပင္ၿပီး ကာကြယ္ေဆးထိုးသင့္ ထိုးထားၾကပါ ေခြး႐ူးတဲ့ရာသီျဖစ္တဲ့

ေႏြရာသီလည္း ေရာက္ေတာ့မယ္ေနာ္။ အသြားအလာလည္း သတိထားၾက ေခြးဆိုသတိသာထားၾက။ ေနာက္ၿပီး ေခြးခ်စ္လို႔ ေမြးတတ္တဲ့သူေတြလည္း သတိထားသင့္ပါတယ္ေနာ္ အခုေခတ္က ေခြးအလွေမြးတာေတြလည္း ေခတ္စားလာေတာ့ ဘယ္လို

အေၾကာင္းေၾကာင့္မွ ကိုယ့္ကို ေခြးကကိုက္မိတာမ်ိဳး မျဖစ္ေစဖို႔ သတိထားေနတာ အေကာင္းဆုံးပါ။ ကိုယ့္မွာမျဖစ္ေသးရင္ ေၾကာက္စရာလို႔ မထင္ရေပမဲ့ တကယ္ျဖစ္လာတဲ့အခါက် ကိုယ့္အသက္ပါေပးလိုက္ရတဲ့အထိ ေၾကာက္ဖို႔

ေကာင္းတာေၾကာင့္ ဘယ္လိုပဲျဖစ္ျဖစ္ ႀကိဳတင္ကာကြယ္ထားတာ အေကာင္းဆုံးပါပဲ။ ေမာင္ပ႑ိေရ ေကာင္းရာသုဂတိ ေရာက္ပါေစကြာ။ အရွင္စႏၵာဝရ(ေရစႀကိဳ).

Unicode

ကြိုတင် ကာကွယ်ထားတာ အကောင်းဆုံးပါ။ ဒီနေ့မနက် သူငယ်ချင်းရဟန်းတစ်ပါးပျံလွန်(သေဆုံး)သွားတဲ့အကြောင်း သတင်းဆိုးတစ်ခု ကြားလိုက်ရတယ်။ ဒီသတင်းကို ကြားကြားခြင်း အတူကျင်လည်ခဲ့ဖူးတဲ့ သူငယ်ချင်းဖြစ်တာရော သာသနာ့ဝန်ထမ်း

ရဟန်းတစ်ပါးဖြစ်နေတာရော ဘဝတူ စာသင်သား ဖြစ်နေတာတွေရောကြောင့် တော်တော်လေးကို တုန်လှုပ်ပြီး စိတ်မကောင်းဖြစ်ခဲ့မိတယ်။ နောက်ထပ် ဆက်ပြီးကြားလိုက်ရတဲ့ သတင်းဆိုးကြောင့် သင်္ခန်းစာ ယူစရာများတွေလည်း ပါလာခဲ့တယ် အကြောင်း

ကတော့ ခွေးရူးပြန်ပြီး ပျံလွန်(သေဆုံး)သွားတာမို့လို့ပဲ။ မပေါ့ဆသင့်ဘူးနော် လူတော်တော်များများ ခွေးအကိုက်ခံကြရဖူးတယ်ကိုယ်တွေလည်း အကိုက်ခံရဖူးတာပဲ ဘုန်းကြီးကျောင်းသားဘဝက လာခဲ့တဲ့သူပီပီ ငယ်ငယ်တုန်းကဆို ပိုပြီးအကိုက်ခံခဲ့ရတယ်။

မန္တလေးရောက်မှကို နှစ်ခါအကိုက်ခံရဖူးတယ် ဒါပေမဲ့ ကြောက်ရကောင်းမှန်း မသိခဲ့ဘူး အခုတော့ မရတော့ဘူး ကာကွယ်ဆေး သွားထိုးတော့မယ်။ ခွေးကိုက်ခံရဖူးတဲ့သူတွေ ကြိုတင်ကာကွယ်ထားကြဗျို့ ရောဂါက ကြိုတင်ပြီး လက္ခဏာပြတာ မရှိဘူးတဲ့

ရောဂါလက္ခဏာ ပြလာပြီဆိုရင်လည်း ကုလို့မရတော့ဘူးတဲ့။ အခုပျံလွန်(သေဆုံး)သွားတဲ့ အရှင်ဆိုရင်လည်း ရောဂါစဖြစ်ပြီး လက္ခဏာပြလာတော့ ဆေးရုံတန်းသွားတာပဲ ဒါပေမဲ့ မရလိုက်ဘူး (၃)ရက်ပဲ ကြာလိုက်တယ်။ တလောကလည်း တိုင်းရင်းသား

ကိုရင်လေးတစ်ပါး အခုလိုပဲ ခွေးရူးပြန်ပြီး ပျံလွန်(သေဆုံး)သွားတာ လိုင်းပေါ်မှာ တွေ့လိုက်မိသေးတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ခွေးကိုက်ခံထားရဖူးသူဆိုရင် နီးစပ်ရာဆရာဝန်နဲ့ တိုင်ပင်ပြီး ကာကွယ်ဆေးထိုးသင့် ထိုးထားကြပါ ခွေးရူးတဲ့ရာသီဖြစ်တဲ့

နွေရာသီလည်း ရောက်တော့မယ်နော်။ အသွားအလာလည်း သတိထားကြ ခွေးဆိုသတိသာထားကြ။ နောက်ပြီး ခွေးချစ်လို့ မွေးတတ်တဲ့သူတွေလည်း သတိထားသင့်ပါတယ်နော် အခုခေတ်က ခွေးအလှမွေးတာတွေလည်း ခေတ်စားလာတော့ ဘယ်လို

အကြောင်းကြောင့်မှ ကိုယ့်ကို ခွေးကကိုက်မိတာမျိုး မဖြစ်စေဖို့ သတိထားနေတာ အကောင်းဆုံးပါ။ ကိုယ့်မှာမဖြစ်သေးရင် ကြောက်စရာလို့ မထင်ရပေမဲ့ တကယ်ဖြစ်လာတဲ့အခါကျ ကိုယ့်အသက်ပါပေးလိုက်ရတဲ့အထိ ကြောက်ဖို့

ကောင်းတာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ မောင်ပဏ္ဍိရေ ကောင်းရာသုဂတိ ရောက်ပါစေကွာ။ အရှင်စန္ဒာဝရ(ရေစကြို).