
Zawgyi


ဖေဖော်ဝါရီ – ၂၁၊ ၂၀၂၀






Unicode

အကယ်ဒမီရရ မရရ ဆက်ကြိုးစားပါမယ် လို့ပြောလာတဲ့ နေတိုး

အကယ်ဒမီပေးနီးလာရင် စိတ်ခံစားချက် ပြောင်းလဲနိုင်တဲ့ နေတိုး

ဖေဖော်ဝါရီ – ၂၁၊ ၂၀၂၀

မကြာခင် ကျင်းပတော့မယ့် အကယ်ဒမီ ပေးပွဲ နဲ့ပတ်သက်ပြီး လတ်တလောမှာ စိတ်လှုပ်ရှားမှုမရှိသေးဘဲ အကယ်ဒမီပေးပွဲနီးလာရင်တော့ စိတ်ခံစားချက်တွေပြောင်းလဲလာနိုင်တယ်လို့ နေတိုးက ဖွင့်ဟလာပါတယ်။

ဒီနှစ်မှာ ပရိသတ်တွေတစ်ပေးတဲ့ ရုပ်ရှင်ကားကောင်းတွေအများကြီးပါဝင်ပြီး ရိုက်ကူးခဲ့တဲ့ကာရိုက်တာတိုင်းကိုတော့ အားရကျေနပ်မှုတွေရှိခဲ့တယ်လို့ နေတိုးကပြောပါတယ်။

အကယ်ဒမီတစ်ဆုရတိုင်း ကိုယ့်ရဲ့ကြိုးစားမှုတွေကို အရောင်တင်ပေးတယ်လို့ မြင်မိပြီး အကယ်ဒမီရရ မရရ ကိုယ့်ရဲ့အနုပညာခံယူချက်တွေကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ နေတိုးကဆိုပါတယ်။

ဒီနှစ်အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး ပရိသတ်တွေက တစ်ပေးနေကြတဲ့အပေါ်မှာ ကျေးဇူးတင်တယ်လို့ နေတိုးက ဖွင့်ဟလာပါတယ်။

သတင်းထောက် – အေးမြတ် 7Day