
Zawgyi




Unicode

သရုပ်ဆောင် ညီနန္ဒ က ဖေဖော်ဝါရီ (၂၂) ရက်နေ့မှာ ကျရောက်တဲ့ အသက် (၄၃)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အလှူ အဖြစ် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် မှာ ခန္ဓာကိုယ် လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါတယ်။

တကယ့်ကိုမွန်မြတ်လွန်းတဲ့အလှူပါ ကိုယ်သေဆုံးခဲ့ရင် ဘာတစ်ခုမှအသုံးမဝင်တော့ပဲ ပုတ်သိုးဆွေးမြေ့ယိုယွင်းပျက်စီးသွားမယ့် အပုတ်ကောင်ကြီးကို ခုလိုအသုံးဝင်မယ့် အသုံးပြုနိုင်မယ့်နေရာမှာ လှူဒါန်းလိုက်တာက အများကြီးကုသိုလ်ရပါတယ်။သာဓုလည်းခေါ်သလို လေးလည်းလေးစားမိပါတယ်။

သေရင်ဘာမှကိုယ့်နောက်မပါနိုင် မယူဆောင်နိုင်ပေမယ့် ခုလိုအလှူဒါနတွေကတော့ သေရင်ကိုနောက်ကိုလိုက်ပါလာမှာ မလွဲဧကန်ပါပဲ….Writer >> TH (Read More)