သူ႔ကိုေပ်ာ္ေစခ်င္တာလဲ အခ်စ္ပါပဲဆိုတဲ့ ဝတ္မႈံေ႐ႊရည္

Zawgyi

ႏိုင္ငံေက်ာ္ျပည္သူခ်စ္ အႏုပညာရွင္ျဖစ္တဲ့အျပင္ ႐ုပ္ရွင္ထူးခြၽန္ဆု ၂ ဆုကို ပိုင္ဆိုင္ထားတဲ့ ထိပ္တန္းဝါရင့္မင္းသမီးတစ္ဦး ျဖစ္ၿပီးက်ရာဇာတ္႐ုပ္ကို အပီျပင္ဆုံး သ႐ုပ္ေဆာင္ႏိုင္တဲ့ သူတစ္ေယာက္ပါပဲေနာ္။

ယခု ၂၀၂၀ ခုႏွစ္အတြက္ ပရိသတ္ေတြ ခန႔္မွန္းၾကတဲ့ အကယ္ဒမီ ဆန္ကာတင္စာရင္းထဲမွာ ဝတ္မႈံေ႐ႊရည္ကေတာ့ ထိပ္ဆုံးက ပါဝင္ေနတာပါ။ ေ႐ႊကစ္ေလးရဲ႕ လတ္တေလာ ပရိသတ္ေတြပါးစပ္ဖ်ားမွာ ေရပန္း

စားေစခဲ့တဲ့ အရာေလးကေတာ့ အဆိုေတာ္ Ar-T ရဲ႕ “နင္ငါ့ကိုမခ်စ္ဘူး” ဆိုတဲ့ သီခ်င္း mtv ေလးမွာ အမိုက္စားသ႐ုပ္ေဆာင္ခ်က္ေတြနဲ႔ ပါဝင္ခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ မၾကာေသးမီက ႐ုံတင္ခဲ့တဲ့

“ျမက္ႏု” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ေနတိုးနဲ႔ တြဲဖက္သ႐ုပ္ေဆာင္ခဲ့တဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ အပ်ိဳေပါက္ေလးအသြင္ကေတာ့ ၾကည့္ရႉၿပီးသူတိုင္း မခ်ီးက်ဴးဘဲ မေနႏိုင္ေအာင္ပါပဲေနာ္။ လက္ရွိမွာလည္း

“ကိုယ္ဘယ္ေလာက္သူ႔ကို ေပ်ာ္ေစခ်င္လဲ ဆိုတာလည္းအခ်စ္ပါပဲ။ ဟုတ္လား ပရိတ္သတ္ႀကီး? နည္းနည္းေမႊမယ္ေနာ္” ဆိုတဲ့စာသားေလးနဲ႔အတူ သူမရဲ႕ခရီးသြား အမွတ္တရပုံရိပ္ေတြကို ေဝမွ်လာတာပဲ

ျဖစ္ပါတယ္။ အခုခ်ိန္ထိ Singleအျဖစ္နဲ႔ အႏုပညာအလုပ္ေတြကိုလုပ္ကိုင္လ်က္ရွိတဲ့ ေ႐ႊကစ္တစ္ေယာက္ ခ်စ္တဲ့သူရွိေနၿပီလားဆိုၿပီး ပရိသတ္ေတြကေမးခြန္းထုတ္ေနတာပဲ ျဖစ္ပါတယ္။

Unicode

နိုင်ငံကျော်ပြည်သူချစ် အနုပညာရှင်ဖြစ်တဲ့အပြင် ရုပ်ရှင်ထူးချွန်ဆု ၂ ဆုကို ပိုင်ဆိုင်ထားတဲ့ ထိပ်တန်းဝါရင့်မင်းသမီးတစ်ဦး ဖြစ်ပြီးကျရာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့ သူတစ်ယောက်ပါပဲနော်။

ယခု ၂၀၂၀ ခုနှစ်အတွက် ပရိသတ်တွေ ခန့်မှန်းကြတဲ့ အကယ်ဒမီ ဆန်ကာတင်စာရင်းထဲမှာ ဝတ်မှုံရွှေရည်ကတော့ ထိပ်ဆုံးက ပါဝင်နေတာပါ။ ရွှေကစ်လေးရဲ့ လတ်တလော ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်း

စားစေခဲ့တဲ့ အရာလေးကတော့ အဆိုတော် Ar-T ရဲ့ “နင်ငါ့ကိုမချစ်ဘူး” ဆိုတဲ့ သီချင်း mtv လေးမှာ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ ပါဝင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးမီက ရုံတင်ခဲ့တဲ့

“မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ဆယ်ကျော်သက်အရွယ် အပျိုပေါက်လေးအသွင်ကတော့ ကြည့်ရှူပြီးသူတိုင်း မချီးကျူးဘဲ မနေနိုင်အောင်ပါပဲနော်။ လက်ရှိမှာလည်း

“ကိုယ်ဘယ်လောက်သူ့ကို ပျော်စေချင်လဲ ဆိုတာလည်းအချစ်ပါပဲ။ ဟုတ်လား ပရိတ်သတ်ကြီး? နည်းနည်းမွှေမယ်နော်” ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ခရီးသွား အမှတ်တရပုံရိပ်တွေကို ဝေမျှလာတာပဲ

ဖြစ်ပါတယ်။ အခုချိန်ထိ Singleအဖြစ်နဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်လျက်ရှိတဲ့ ရွှေကစ်တစ်ယောက် ချစ်တဲ့သူရှိနေပြီလားဆိုပြီး ပရိသတ်တွေကမေးခွန်းထုတ်နေတာပဲ ဖြစ်ပါတယ်။