GYM ကို ကတုံးပုံစံနဲ့သွားဆော့လို့ အထင်လွဲခံရတဲ့အကြောင်းလေးကို ရင်နာနာနဲ့ပြောပြလာတဲ့ မေပန်းချီ

Zawgyi







Unicode

မေပန်းချီကတော့ ဗီဒီယိုခေတ်တည်းက ဇာတ်ပို့ဇာတ်ရံအဖြစ် သရုပ်ဆောင်လာတဲ့ မြန်မာဆန်ဆန်လှတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ မေပန်းချီဟာ လက်ရှိမှာတော့ အမိုက်စားခန္ဓာကောက်ကြောင်းနဲ့ ပုရိသတွေ ဝန်းရံအားပေးနေတဲ့ ဆယ်လီတစ်ယောက်ပါပဲနော်။

မေပန်းချီကတော့ အနုပညာနဲ့ပတ်သတ်ရင် အထိမခံနိုင်သလို သူမကိုယ်တိုင်လည်း အနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင်တဲ့သူပဲ ဖြစ်ပါတယ်။ အမိုက်စားခန္ဓာကိုယ် ပုံစံရဖို့အတွက်ကိုလည်း ပုံမှန် Gym ဆော့ကာ ထိန်းသိမ်းတဲ့သူပါ။ မေပန်းချီက ဖေဖော်ဝါရီလ ၁ ရက်

နေ့မှာ မယ်သီလရှင်ဝတ်ပြီး ၇ ရက် သာသနာဘောင် ဝင်ခဲ့တာပါ။ မယ်သီလရှင် ဝတ်ဖြစ်ရတဲ့အကြောင်းက “ပထမတစ်ခါ ဝတ်တဲ့အချိန်က တရားမှတ်ပြီး ကိုယ့်မှာ ဘာမှ မက်စရာမရှိဘူးလို့ သိလိုက်တဲ့အချိန်မှာ ခဏခဏ ဝတ်ချင်လာလို့ ဝတ်ဖြစ်သွားတာပါ” လို့ မီဒီယာတစ်ခု

ရဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။ သီလရှင် လူထွက်ပြီးနောက်မှာလည်း ကတုံးပုံစံနဲ့ အနုပညာအလုပ်တွေကို လုပ်ဖြစ်နေပြီး မိမိုက်နေတဲ့သူမရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာတော့ ကတုံးပုံစံနဲ့

မိမိုက်နေတဲ့ ပုံရိပ်လေးတွေကို “ဒီကတုံးနဲ့ GYM လာဆော့တာ နပန်းသမားလို့ ထင်တာ မင်းမမှားဘူး မောင်လေး။ ကတုံးအမှားပါ” ဆိုပြီး Gym မှာ အထင်လွဲခံရတဲ့ အကြောင်းလေးကို သူမရဲ့လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ မည်းနက်နေတဲ့ ဆံပင်အရှည်

အကောက်နဲ့လည်း ကြည့်ကောင်းခဲ့သလို ကတုံးပုံစံနဲ့လည်း အထာကျကျ မိမိုက်နေတယ်လို့ပြောရင် မှားမယ်မထင်ပါဘူးနော်။ ပရိသတ်ကြီးအတွက် အထာကျကျ မိမိုက်နေတဲ့ မေပန်းချီရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်။